အခန်း (၁၄၄) စားပွဲခုံ အောက်က မြှူဆွယ်မှု

293 21 0
                                    

ထိုမိန်းမချောလေးက သူမ​၏ရင့်ကျက်သော အမူအရာကို ပိုမို ပေါ်လွင်စေရန် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား​၏။ သူမ​၏မျက်နှာထက်တွင် အမြဲတမ်း အပြုံးလေးတစ်ခုကို ဆင်မြန်းထားပြီး မျက်ဝန်များက လူတိုင်းကို လွှမ်းမိုးနိုင်စွမ်းရှိသည့်နှယ် တလက်လက် တောက်ပနေ​၏။

ထိုမိန်းကလေးက စုမန်ချီ ဖြစ်သည်။ ရဲ့ချန် ကမ္ဘာမြေသို့ ပြန်ရောက်စဉ်အခါက တစ်ကြိမ် အကူညီပေးခဲ့ဖူးသည့် မိန်းကလေး ဖြစ်သည်။

စုမန်ချီ​၏ရှေ့က အဘိုးအိုသည် သူမ​၏အဘိုး ဖြစ်​၏။ သူ​၏နာမည်က စုဝမ်ဆန် ဖြစ်သည်။ သူက အသက် ၇၀ ကျော်နေသော်ငြား လောလောဆယ် စစ်တပ်တွင် အဆင့်မြင့် ဗိုလ်ချုပ်တစ်ယောက်အဖြစ် တာဝန်နေဆဲ ဖြစ်​၏။ သို့သော် စုဝမ်ဆန်က ယခုချိန်ထိ ကျန်းမာသန်စွမ်း နေဆဲသာ မဟုတ်ပါလား။

စုဝမ်ဆန်က ဤနိုင်ငံတွင် အဆင့်အမြင့်ဆုံး ဗိုလ်ချုပ်တစ်ယော​က် ဖြစ်သည်။ သူက စစ်တပ်တွင် ယခုချိန်ထိ တက်တက်ကြွကြွ ဦးဆောင်လမ်းပြပေးနေဆဲသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နောက်လူများက သူ​၏နေရာကို မည်သူမျှ အစားထိုး တာဝန်မယူနိုင်သောကြောင့်  အသက်အရွယ် အိုမင်းနေသည့်တိုင် ပင်စင်မယူနိုင်သေးခြင်း ဖြစ်သည်။

ထို့နောက် သူတို့နှစ်ယောက်က ချောင်ဂျင်ချမ် နှင့် ထန်နူတို့ဆီ ချက်ချင်း လျှောက်လာကြသည်။

" အကိုကြီး ဂျင်ချမ်း၊ မတွေ့ရတာတောင် ကြာပြီနော့ " စုဝမ်ဆန်က ချောင်ဂျင်ချမ်းကို နှုတ်ဆက်စကား ဆိုလိုက်သည်။

" ဟဟဟ ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ နှစ်တွေတောင် ကြာသွားပါပေါ့လား၊ လာလာ ဒီကိုလာ " ချောင်ဂျင်ချမ်းက သူ​၏မိတ်ဆွေကြီးကို ပွေ့ဖက် နှုတ်ဆက်လိုက်သည်။

သူတို့နှစ်ယောက်သည် ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာရန် မရေမတွက်နိုင်သော တိုက်ပွဲများကို အတူလက်တွဲပြီး ရင်ဆိုင်ခဲ့ရသည့် သွေးသောက် ရဲဘော်များ ဖြစ်ကြသည်။ ကံမကောင်းသည့်အချက်သည် ချောင်ဂျင်ချမ်းက စောစောစီးစီး ပင်စင်ယူရန် ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now