အခန်း (၁၂၄) နတ်ဘုရား တုံကင်

222 9 0
                                    

" ခေါင်းဆောင် ခင်ဗျား ကတိပေးထားတဲ့အတိုင်း ကျုပ်အတွက် ပိုက်ဆံရော " ပါမောက္ခ တျောင်က ပေါင်မန့်ဆီက အခကြေးငွေ တောင်းလိုက်သည်။

" ရော့ ဒါက ခင်ဗျားရဲ့ အခကြေးငွေ " ပေါင်မန်က ပါမောက္ခ တျောင်​၏ လည်ပင်းကို ညှစ်ထားလိုက်သည်။

" ခေါင်းဆောင် ခင်ဗျား ဘာလုပ်တာလဲဗျ " ပါမောက္ခ တျောင်က ပေါင်မန်​၏လက်ထဲက လွတ်ရန် အသည်းအသန် ရုန်းကန်နေတော့သည်။

" ဟဟဟ အခုထိ မင်းက ငါ့ကို ဘာလုပ်နေတုန်းလို့ မေးနေသေးတယ်၊ မင်းကို သတ်နေတာ ဟုတ်ပြီလား၊ မင်းက ငါ့အတွက် အသုံးမဝင်တဲ့ အမှိုက်ဖြစ်သွားပြီလေ ... ခရက် " ပေါင်မန်က ပါမောက္ခ တျောင်​၏လည်ပင်းရိုးကို အလွယ်တကူ ချိုးပစ်လိုက်တော့သည်။

ပေါင်မန်က ပါမောက္ခ တျောင်​၏ခန္ဓာကိုယ်ကို တစ်ဖက်သို့ လွင့်ပစ်ပြီး လော့ဘင်ဆီသို့ ပြန်လည် အာရုံစိုက်လိုက်သည်။

" ဟဟဟ နောက်ဆုံးတော့ ကမ္ဘာကြီးကို ငါ အုပ်စိုးလို့ ရပြီ၊ ဒီနတ်ဘုရား တုံကင်နဲ့ဆို ငါက ဒီကမ္ဘာကြီးရဲ့ ဘုရင် ဖြစ်ပြီကွ " ပေါင်မန်သည် နတ်ဘုရားတုံကင်ကို အပေါ်သို့ မြှောက်ထားလိုက်သည်။

ဤတုံကင်က နတ်ဘုရား​၏တုံကင်တစ်ခု ဖြစ်သည်။ ပေါင်မန်က ထိုတုံကင်ကို ငယ်စဉ်ကတည်းက မြို့ပျက်ကြီး တစ်ခုအတွင်းမှ ရရှိခဲ့သည်။

နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်ပြီး နောက်ဆုံးတော့ ပေါင်မန်က ထိုနတ်ဘုရားတုံကင်​၏ အသုံးဝင်ပုံများကို သိရှိလာသည်။

လူတစ်ယောက်က ထိုတုံကင်ကို ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်ထားပါက သူသည် နတ်ဘုရားတစ်ယောက်နှင့် တူညီသော အစွမ်းကို ရရှိမည် ဖြစ်​၏။

ကံမကောင်းစွာ ထိုတုံကင်က ပျက်ဆီးပြီး အသုံးပြု၍ မရတော့ပေ။ ထို့ကြောင့် ပေါင်မန်က နတ်ဘုရားတုံကင်ကို ပြန်လည် ပြုပြင်ရန် ကမ္ဘာ့အတော်ဆုံး သိပ္ပံပညာရှင်များကို ငှားယမ်းခဲ့သည်။

နောက်ဆုံးတော့ သူ အနှစ်နှစ် အလလက မျှောလင့်ထားခဲ့သော ရည်မှန်းချက်များက ပြည့်သွားပြီ ဖြစ်သည်။ ယခုတော့ သူ့ဘဝတွင် မရနိုင်တော့ဟု ယူဆထားသော အင်အားများကို ပိုင်ဆိုင်လာပြီ ဖြစ်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Donde viven las historias. Descúbrelo ahora