အခန်း (၂၄) မိန်းကလေး ကြယ်ပွင့် ဖန်းရွယ်

422 42 0
                                    

အတန်းထဲရှိကျောင်းသားအားလုံးက ဆရာမလင်းသင်ပြနေသော သင်ခန်းစာတွေကို တည်ကြည်လေးနက်စွာ နားထောင်နေကြသည်။ သို့သော် အမှန်တရားကတော့ ကျောင်းသားအားလုံးထဲတွင် နားလည်သည့်သူ တစ်ဦးတစ်ယောက်မှ မပါပေ။ ဆရာမလင်းဆီက မျက်နှာသာရဖို့၊ အဆူမခံရစေဖို့သာ နားထောင်နေရခြင်းဖြစ်သည်။

ရဲ့ချန်ကတော့ စာအုပ်ထဲက စာတွေကိုအကုန်မှတ်ထားပြီးပြီ ဖြစ်တဲ့အတွက် သင်ခန်းစာတွေအကြား အတော်ကို ပျင်းရိနေပြီ ဖြစ်သည်။ ထို့ကြောင့် ငြီးငွေ့ဖွယ်ကောင်းတဲ့အခြေအနေအား သက်သာရာ ရလို့ရငြား ဆရာမလင်း​၏သင်ခန်းစာတွေအပေါ်မှာ အာရုံစိုက်နေသော ချောင်ယမ်ယမ်ကို ကြည့်လိုက်သည်။

ရဲ့ချန်က သူမကို စိုက်ကြည့်လိုက်သောအခါ ချောင်ယမ်ယမ်တစ်ယောက် အရှက်သည်းစွာ ခံစားမိလိုက်ပြီး ဆရာမလင်း သင်ပြနေသော သင်ခန်းစာတွေအပေါ် အာရုံမစိုက်နိူင်တော့ပေ။ " ရဲ့ချန် မကြည့်စမ်းနဲ့ဟာ..ငါရှက်တယ်..." ချောင်ယမ်ယမ် ရှက်ရွံ့စွာ ပြောလိုက်သည်။

" ငါ့ရည်းစားကို ငါ့ကြည့်တာ..ဘယ်သူ့ ဂရုစိုက်ရမှာလဲ..." ရဲ့ချန် ချောင်ယမ်ယမ်ကို စလိုက်သည်။

" ဒါတော့ ဒါပေါ့ဟာ..ဒါပေမယ့် ဒီအချိန် ဒီအခြေအနေကြီးမှာတော့ မကောင်းဘူးလေ..." ချောင်ယမ်ယမ်က ပြောလိုက်သည်။

" ကောင်းပြီ..." ရဲ့ချန် အတန်းရဲ့ရှေ့က ဘလက်ဘုတ်ပေါ်မှာ စာရေးနေသော ဆရာမလင်းကို စိုက်ကြည့်လိုက်သည်။ ပြီးတော့ ဆရာမလင်းရဲ့တစ်ကိုယ်လုံးကို ခြုံပြီးကြည့်လိုက်သည်။ ဆရာမလင်း​၏ပေါင်တံတွေပေါ်မှာ စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့လိုက်ရသည်။

အမျိုးသမီးတွေ​၏မသိစိတ်ရဲ့လှုံ့ဆော်မှုက အင်မတန် အားကောင်းသည်။ ဆရာမလင်းတစ်ယောက် သူမခန္ဓာကိုယ်ကို တစ်ယောက်ယောက်က မျက်လုံးမီးထွက်လုမတက် ကြည့်နေသည်ဟု ခံစားမိလိုက်သည်။ ထို့ကြောင့် နောက်သို့ ဆက်ခနဲ့လှည့်ကြည့်လိုက်ရာ ရဲ့ချန်​၏မျက်လုံးတွေက သူမပေါင်တံဆီမှာ ရောက်နေသည်ကို မြင်လိုက်ရသည်။ " ရဲ့ချန် ရှေ့ကိုလာခဲ့..ဒီပုစ္ဆာကို ဖြေစမ်း..." လင်းရို့ချီ အတော်လေးကို စိတ်ဆိုးပြီး ရဲ့ချန်ကို အပြစ်ပေးလိုစိတ် ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ခက်ခဲသောပုစ္ဆာတစ်ပုဒ်ကို ရဲ့ချန်အား ဖြေခိုင်းလိုက်ခြင်း ဖြစ်သည်။ အကယ်၍ ရဲ့ချန်သာ မဖြေနိူင်ခဲ့ဘူးဆိုရင် သူ့ကို ဆူပူဖို့ အခွင့်အရေးရရှိလာမှာပဲ ဖြစ်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now