ပြေးလာနေသော လူများ၏ခြေသံက တဖြောက်ဖြောက်နှင့် တိုးလာနေတဲ့အတွက် ရဲ့ချန် အသံထွက်ပေါ်လာရာဘက်သို့ ချက်ချင်း လှည့်လိုက်သည်။ ထိုလူတွေက ရဲ့ချန်ရိုက်လိုက်သော လူနှစ်ဦးနှင့် တူညီသောဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ ပြီးနောက် ထိုလူတွေက သူတို့၏လက်နက်များနှင့် ရဲ့ချန်ကို ချိန်ထားလိုက်သည်။
သူ့ကို အဓိကဦးတည်ပြီးချိန်ထားတဲ့ လက်နက်တွေနှင့်ကြေးစားများကိုကြည့်ပြီး ရဲ့ချန် စိုးရိမ်မှု ဒါမှမဟုတ် ကြောက်ရွံ့မှုတို့၏ လှုပ်ရှားမှုမျိုး တစ်ခုမှမပြတဲ့အပြင် သူတို့ကို ပြုံးတောင်ပြုံးပြနေပါသေးတယ်။
" ကျေးဇူးပြုပြီး မင်းတို့ရဲ့လက်နက်တွေကို ချထားလိုက်ပါ...ငါတို့ စကားကောင်းကောင်းပြောလို့ရတယ်လေ...ဟုတ်တယ်မလား..." အေးစက်နေသောလေထုကို ဖယ်ရှားဖို့ ရဲ့ချန် အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
အကြမ်းဖက်သမားတွေက တစ်ယောက်ကိုတစ်ယောက်သာ ကြည့်နေကြပါတယ်။ ပြီးတော့ ခေါင်းဆောင်ဖြစ်ဟန်တူသော သန်မာတဲ့လူတစ်ဦးက ရှေ့ထွက်လာပါတယ်။ ထိုခေါင်းတုံးပြောင်ပြောင်နဲ့လူ၏ ရင်ဘက်ပေါ်၌ ကင်းမြီးကောက် တက်တူးတစ်ခု ရှိပါတယ်။
ထို့နောက် သူက မြေပြင်ပေါ်မှာ ကြောက်ရွံ့နေသောလူနှစ်ဦးကို တစ်ချက်ကြည့်လိုက်ပါတယ်။ " မင်းက ငါ့ရဲ့လက်အောက်ငယ်သားနှစ်ယောက်ကို အနာတရဖြစ်အောင်လုပ်လိုက်တဲ့ တစ်ယောက်လား..." အသက်နှစ်ဆယ်အောက်ရှိတဲ့ လူငယ်လေးကို ကြည့်ပြီး ပြောလိုက်ပါတယ်။
ရဲ့ချန် ထိုဂတုံးပြောင်နဲ့လူကိုကြည့်ပြီး သူနဲ့ကစားချင်စိတ် ပေါ်လာပါတယ်။ " ဒါကို ငါလုပ်တာမဟုတ်ဘူး...လက်နက်မရှိဘဲ ဒါကို ဘယ်လိုလုပ် လုပ်နိူင်မှာလဲ...လက်နက်ရှိမှပဲ သေနတ်ပါတဲ့လူနှစ်ယောက်ကို အရှုံးပေးဖို့ လုပ်နိူင်လိမ့်မယ်..."
" ငါလိုလူတစ်ယောက်ကို မင်းက အရူးလုပ်နိူင်လိမ့်မယ်လို့ မင်းက ထင်နေတာလား... ငါ သေနတ်ပစ်သံကိုလည်း ကြားရတယ်...ပြီးတော့ ဒီနေရာမှာ မင်းတစ်ယောက်တည်းပဲ ရှိတယ်...မင်းမှမဟုတ်ဘူးဆိုရင်...သူတို့နှစ်ယောက်စလုံးကို ဘယ်သူက လာချသွားမှာလဲ..."
ВЫ ЧИТАЕТЕ
နတ်ဘုရားတို့ လျှောက်သောလမ်း Part-1
Фэнтезиသူက ရွာငယ်လေး တစ်ရွာမှာ အဘိုးဖြစ်သူနဲ့အတူ နေထိုင်တယ်။ သူ့ဘဝက သာမန် လူငယ်လေး တစ်ယောက်နဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့အဘိုး ကွယ်လွန်သွားတော့ သူ့ဘဝက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ့ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့တာကြောင့် ဘဝကို အမှီအခိုကင်းကင်းနဲ့ နေထိုင...