အခန်း (၁၄၂) ပြဿနာကို အလွယ်တကူ ဖြေရှင်းခြင်း

226 19 0
                                    

ကျိဟောင်ကို ဖမ်းလာသောလူများသည် သူ့ကို ဆေးရုံရှေ့က ကားအနက်ကြီးဆီသို့ ခေါ်လာခဲ့ကြသည်။

ကားထဲတွင် ပါးစပ်ကို တိတ်ဖြင့်ကပ်ထားသော ဟူထင်လည်း ရှိနေသည်။ တစ်ဖက်က ဟူထင်သည် ကျိဟောင်အတွက် မစိမ်းသော လူတစ်ဦးပင်ဖြစ်​၏။

" အကိုကြီး ဝံပုလွေ ဒီနှစ်ကောင်ကို ဘာလုပ်ချင်လို့လဲ " သူတို့ကို တွေ့ချင်သောသူက အိုင့်လန်ဖြစ်ကြောင်း သိသည်နှင့် ကျိဟောင်တစ်ယောက် ပျာယာခတ်သွားလေသည်။

အိုင့်လန်​၏ရှေ့တွင် ကျိဟောင်တို့က သေးငယ်သော ပုရွက်ဆိတ်လေးများပင် ဖြစ်နေသည် မဟုတ်ပါလား။

" မင်းတို့ကို လူတစ်ယောက်က တွေ့ချင်တယ်ဆိုလို့ ခေါ်လိုက်တာ " အိုင့်လန်က ခပ်အေးအေး ပြောပြလိုက်သည်။

အိုင့်လန်က အမှန်တကယ် အရည်အချင်းရှိသော လူတစ်ယောက် ဖြစ်သည်။ အချိန်တိုအတွင်း ကျိဟောင် နှင့် ဟူထင်တို့ရှိသော နေရာကို ရှာဖွေပြီး ဖမ်းဆီးလာနိုင်သည် မဟုတ်ပါလား။

အိုင့်လန်သည် ထိုလူနှစ်ယောက်ကို ရဲ့ချန်နှင့်တွေ့ပေးရန်အတွက် ချိန်းဆိုထားသော နေရာသို့ ခေါ်ဆောင်လာခဲ့​၏။

အိုင့်လန်​၏ကားက ရဲ့ချန်နှင့်ချိန်းထားသော နေရာသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

ထိုနေရာသို့ ရောက်သည်နှင့် အိုင်လန်သည် ကားပေါ်က ချက်ချင်း ဆင်းလာပြီး ရဲ့ချန်ကို သွားရောက် နှုတ်ဆက်လိုက်သည်။ " အဘိုးလေး "

ရဲ့ချန်က အိုင့်လန်ကို လမ်းကျဉ်းလေးတစ်ခုတွင် စောင့်စားနေခြင်း ဖြစ်သည်။ အိုင့်လန်က ဤနေရာသို့ လျင်လျင်မြန်မြန် ရောက်လာသည်ကို မြင်ပြီး ရဲ့ချန် အတော်လေး ကျေနပ်သွားသည်။

" သူတို့ကို တွေ့ခဲ့လား " ရဲ့ချန်က မေးလိုက်​၏။

" အဘိုးလေး ကျုပ် သူတို့ကို တွေ့ခဲ့ပါတယ်၊ ဟေ့​ကောင်တွေ ဟိုနှစ်ကောင်ကို ကားထဲက မြန်မြန် ခေါ်ထုတ်ခဲ့စမ်း " အိုင့်အန်က သူ​၏လူတချို့ကို ကျိဟောင် နှင့် ဟူထင်တို့အား ကားထဲက ခေါ်ခဲ့ရန် အမိန့်ပေးလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now