အခန်း (၁၄၇) ကျွန်မ သင်ပေးမယ်

366 15 0
                                    

လောလောဆယ် စုမန်ချီက တစ်ဖက်ကို မျက်နှာမူထားပြီး အိပ်စက်နေသော အနေအထားရှိသည်။ ထို့ကြောင့် ချောင်ယမ်ယမ်က သူမ​၏နောက်ကျောကိုသာ မြင်နိုင်သည်။

စင်စစ် စုမန်ချီက ယခုချိန်ထိ အိပ်မပျော်သေးချေ။ သူမ အိပ်ပျော်အံ့ဆဲဆဲ အချိန်တွင် ချောင်ယမ်ယမ်​၏ ညည်းညူသံကို ကြားပြီး ပြန်နိုးလာခြင်း ဖြစ်​၏။

စုမန်ချီသည် သူမ​၏နောက်တွင် ရဲ့ချန် နှင့် ချောင်ယမ်ယမ်တို့ မည်သည့်အရာများ ပြုလုပ်နေမှန်း သိချင်းစိတ် ဖြစ်နေ​၏။

သို့သော် ရှက်ရွံသည့်စိတ်ကြောင့် သူမ နောက်သို့ လှည့်မကြည့်ဝံ့ချေ။ ထို့ကြောင့် ချောင်ယမ်ယမ်​၏ညည်းညူသံကို နားထောင်နေရုံသာ တတ်နိုင်တော့သည်။ တဖြည်းဖြည်း သူမ​၏ခန္ဓာကိုယ်က စတင် ပူလောင်လာတော့သည်။

စုမန်ချီသည် တစ်ဖက်လူနှစ်ယောက်က အင်မတန် အတင့်ရဲလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ ဤအသက်အရွယ်ဖြင့် ဤသို့သော အရာများကို ပြုလုပ်နေရအောင် အသက် မည်မျှ ရှိသနည်း။

စုမန်ချီသည် သူမက ချောင်ယမ်ယမ်နှင့် အကွာအဝေးတစ်ခုတွင် ရှိနေသည်ဟု ခံစားလိုက်ရ​၏။ သူမက အသက်သုံးဆယ်တင်းတင်း ပြည့်ပြီးသည့်တိုင် ယောက်ျားလေးတစ်ယောက်နှင့် သမီးရည်းစားပင် မဖြစ်ဖူးဘူး မဟုတ်လား။

စုမန်ချီနှင့် မနီးစပ်ဆုံး ယောက်ျားဟူသည်မှာ ရဲ့ချန်တစ်ယောက်တည်းက ရှိခဲ့သည်။

ထို့အပြင် သည်ယောက်ျားသားက သူမ​၏နောက်တွင် ယောက်ျားနှင့်မိန်းမကြားက အရာတစ်ခုကိုပင် လုပ်ဆောင်နေပြီ ဖြစ်​၏။

" အ အ ... ယောက်ျား မကိုက်နဲ့ဟ " ချောင်ယမ်ယမ်သည် ရဲ့ချန်က သူမ​၏ချယ်ရီသီးလေးကို ခပ်ပြင်းပြင်း ကိုက်လိုက်သောကြောင့် ဆူလိုက်သည်။

" ယမ်ယမ် နင့်ရဲ့ ချယ်ရီသီးလေးတွေက အရမ်းချိုတာပဲ၊ ငါ သူတို့ကို တကယ် ကိုက်ချင်စိတ် ဖြစ်လာပြီ " ရဲ့ချန်က ချောင်ယမ်ယမ်​၏ချယ်ရီသီးလေးကို ထပ်မံ ကိုက်လိုက်ပြန်​၏။

ရဲ့ချန်က ထိုဟာကို နှစ်သက်မှန်းသိပြီး ချောင်ယမ်ယမ်တစ်ယောက် ပျော်ရွှင်သွား​၏။ ထို့နောက် သူမက သူမ​၏အသံကို စုမန်ချီ မကြားနိုင်ရန် အတတ်နိုင်ဆုံး အောင့်ထားလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now