အခန်း (၁၆၈) သုဂွန်နှင့် သုနာရူတို့ကို သတ်ဖြတ်ခြင်း

190 9 0
                                    

သုနာရူသည် သုဂွန်၏ဘေးသို့ ချက်ချင်း ရောက်လာပြီး အခြေအနေကို မေးမြန်းလိုက်သည်။ “ ဒုတိယညီလေး မင်းအဆင်ပြေရဲ့လား “ သုနာရူက သုဂွန်ကို မတ်တပ်ထရပ်ရန် ကူညီပေးလိုက်သည်။ ထိုနောက် သုဂွန်က ရှုံးနိမ့်သွားသည်ကလည်း ရှင်းလင်းနေသောကြောင့် သူက အစားထိုးတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
သုနာရူက ရဲ့ချန်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူငယ်လေးက ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ကြီးကျယ်လှသော အင်အားများက အဘယ်ကြောင့် ရှိနေရသနည်း။
“ ပထမ အက်ိုကြီး ဒီကောင့်ကို အတူတူ လက်တွဲပြီး အနိုင်ယူလိုက်ရအောင် “ သူတစ်ယောက်တည်းဖြင့် ရဲ့ချန်ကို အနိုင်မတိုက်နိုင်သောကြောင့် သုဂွန်က သုနာရူကို အတူတကွ တိုက်ခိုက်ရန် ခေါ်လိုက်သည်။
သုနာရူက ခေါင်းညိတ်လိုက်သည်။ သူသည်လည်း အတူတူ ပူပေါင်းပြီး မတိုက်ခိုက်လျှင် ရှုံးနိမ့်မည်ဖြစ်ကြောင့် သိပေသည်။ ထို့နောက် သူတို့နှစ်ယောက်စလုံးက သူတို့၏စွမ်းအင်များကို တစ်ပြိုင်တည်း ဖော်ထုတ်လိုက်ကြသည်။ သုဂွန် နှင့် သုနာရူတို့၏ခန္ဓာကိုယ်တွင် အစိမ်းရောင် အော်ရာများ ဖြာထွက်လာတော့သည်။
ထိုလူနှစ်ယောက်သည် အလွန်တရာ အားကောင်းသော ဖိအားများကို ဖော်ထုတ်လိုက်လေသည်။ ထိုဖိအားကြောင့် သူတို့၏အောက်က မြေပြင်များပင် စတင် ကွဲအက်လာတော့သည်။
သုဂွန် နှင့် သုနာရူတို့သည် ရဲ့ချန်ကို တစ်ပြိုင်တည်း တိုက်ခိုက်လိုက်တော့သည်။
သူတို့နှစ်ယောက်သည် ရဲ့ချန်ဆီသို့ အရပ်မျက်နှာ တစ်စုစီမှ ၀င်ရောက်လာပြီး အလွန်တရာ အန္တရာယ်များသော အဆိပ်တစ်ခုဖြင့် ရဲ့ချန်ကို အဆက်မပြတ် တိုက်ခိုက်တော့သည်။
“ ဘမ်း … ဘမ်း … ဘမ်း … “
ရဲ့ချန်ကလည်း သုဂွန် နှင့် သုနာရူတို့၏ တိုက်ချက်များကို ကြိုဆိုလိုက်သည်။ သူတို့နှစ်ယောက်၏ အဆိပ်များက ရဲ့ချန်အတွက် မည်သို့မျှ နာကျင်မှုကို မဖြစ်စေပေ။
သူတို့နှစ်ယောက်၏ တိုက်ချက်များကို ရဲ့ချန်က မျက်မှိတ်ပြီးပင် ရှောင်တိမ်း၍ ရပေသည်။
“ ဘမ်း … ဘမ်း … “ ရဲ့ချန်က သုဂွန်၏ဦးခေါင်းသို့လည်ကောင်း၊ သုနာရူ၏ရင်ဘက်သို့လည်ကောင်း ပိတ်ကန်ပစ်လိုက်သည်။
သုဂွန် နှင့် သုနာရူတို့ နှစ်ယောက်စလုံး နောက်သို့ လွင့်ထွက်သွားကြလေသည်။ သူတို့နှစ်ယောက်စလုံးသည် ရဲ့ချန် ကန်လွှတ်လိုက်သော နေရာကို ဆုပ်ကိုင်ရင်း ချောင်းတဟွတ်ဟွတ် ဆိုးသွားကြသည်။
“ မင်းမေငါ … ဒီကောင်က ကောင်းကင်နယ်ပယ် အဆင့်ကို ရောက်နေပြီလားဟ “ သုဂွန် နှင့် သုနာရူတို့ နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်သည့်တိုင် ရဲ့ချန်နှင့် တိုက်ခိုက်ရာတွင် အနိုင်မယူနိုင်သေးချေ။
“ ဒီထူဆန်းတဲ့ လူနှစ်ယောက်ကို သေချာ ဂရုစိုက်မှ ဖြစ်မယ်၊ သူတို့ရဲ့အင်အားတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး “ သုနာရူသည် ရဲ့ချန် နှင့် လျှို့ယွဲ့တို့၏ ကျင့်ကြံခြင်း အခြေခံများကို ထပ်တလဲလဲ စစ်ဆေးနေပေသည်။
ရဲ့ချန်က မြေကြီးနယ်ပယ် အဆင့်နှစ်မျှသာ ရှိပြီး လျှို့ယွဲ့က စိတ်ဝိညာဉ် တည်ထောင်ခြင်းနယ်ပယ် အဆင့် ၇ မျှသာ ရှိသည်။ သို့ သော် ဤကဲ့သို့ ကျင့်ကြံခြင်း အခြေခံမျှဖြင့် သူတို့နှစ်ယောက်က အလွန်တရာ သန်မာသော ရန်သူများကို အဘယ့်ကြောင့် တိုက်ခိုက်နိုင်သနည်း။
လောလောဆယ် ရဲ့ချန်က သူ၏ကျင့်ကြံခြင်း အခြေခံများကို ရီဒယမ် လည်ဆွဲ လော့ကတ်သီးအား အသုံးပြုပြီး ဖုံးကွယ်ထားခြင်း ဖြစ်သည်။ အာကာသ အသုံးဆောင် ပစ္စည်းတစ်ခုအဖြစ် ရီဒယမ် လည်ဆွဲ လော့ကတ်သီးသည် ရဲ့ချန်၏စွမ်းအင်များကို လုံခြုံစွာ ဖုံးကွယ်ပေးထားနိုင်သည်။ နတ်ဘုံက ကျင့်ကြံသူများပင် ရဲ့ချန်၏စစ်မှန်သော အင်အားကို ခံစားနိုင်မည် မဟုတ်ချေ။
“ ခင်ဗျားတို့ အဲနေရာမှာပဲ တိတ်တိတ်လေး ထိုင်နေတော့မှာလား၊ ကောင်းပြီးလေ ခင်ဗျားတို့ မတိုက်ဘူးဆိုရင် ကျုပ်ကို တိုက်ခွင့်ပြုပါ “ ရဲ့ချန်က အရိပ်ကိုးခု ခြေလှမ်းကို အသုံးပြုပြီး သုဂွန် နှင့် သုနာရူတို့ကို စတင် တိုက်ခိုက်တော့သည်။
“ ဘမ်း … ဘမ်း … ဘမ်း … ဘမ်း … “ ရဲ့ချန်က သုဂွန် နှင့် သုနာရူတို့၏ ခန္ဓာကိုယ်ကို လက်သီးဖြင့် ချက်မနား ထိုးချလိုက်တော့သည်။
သူတို့နှစ်ယောက်က ရဲ့ချန်၏လက်သီးချက်များကို သူတို့၏အကောင်းဆုံး သိုင်းကွက်များဖြင့် ခုခံကာကွယ်ရန် ကြိုးစားလိုက်သည်။ ကံမကောင်းစွာ သူတို့ဆီ ရောက်လာသော ရဲ့ချန်၏လက်သီးချက်များ၏ လားရာကို မခန့်မှန်း နိုင်ကြချေ။
သုဂွန် နှင့် သုနာရူတို့သည် မြေကြီးနယ်ပယ် အဆင့်မျှသာ ရှိသော ကျင့်ကြံခြင်း အခြေခံရှိသည့် ကောင်လေးတစ်ယောက်က ဤမျှအားကောင်းသော စွမ်းအားကို ထုတ်သုံးနိုင်သောကြောင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။
သူတို့နှစ်ယောက်သည် ရဲ့ချန်၏လက်သီးဖြင့် အထိုးခံလိုက်ရပြီး ပါးစပ်မှ သွေးများ ယိုစီးကျလာလေသည်။ သို့သော် ထိုသွေးများက အနီရောင် မဟုတ်ဘဲ အနက်ရောင်များ ဖြစ်နေသည် မဟုတ်ပါလား။
“ ခင်ဗျားတို့မှာ ဒါအကုန်ပဲလား “ ရဲ့ချန်သည် သူ့ကို ပြဿနာလာရှာခြင်းက အမှားအကြီးကြီးတစ်ခု ဖြစ်ကြောင်း သက်သေပြလိုနေသည်။
“ တောက် … ငါ ဒီ့ထက်ပိုပြီး သည်းမခံနိုင်တော့ဘူး၊ အဆိပ်ဂိုဏ်းရဲ့ အင်အားအစစ်အမှန်ကို ပြလိုက်ကြစို့ “ သုဂွန်သည် ဤကဲ့သို့ ရှုံးနိမ့်မှုမျိုးကို လုံး၀ လက်မနိုင် ဖြစ်နေသည်။
သုဂွန်သည် ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို ချက်ချင်း ပြုလုပ်လိုက်သည်။ ရဲ့ချန်က သုဂွန်၏လှုပ်ရှားမှုများကို အသာ ရပ်ကြည့်နေခဲ့သည်။
လှုပ်ရှားမှုများ အပြည့်အ၀ ပြီးဆုံးသွားသော် သုဂွန်၏ခန္ဓာကိုယ်မှ ပမာဏကြီးမားသော အနက်ရောင်အရည်များက ဖြာထွက်လာတော့သည်။ ထိုအနက်ရောက်အရည်များက တဖြည်းဖြည်း ဧရာမ မြွေမွန်းစတားကြီးပုံစံသို့ ပြောင်းလဲသွားလေသည်။ ထိုဧရာမ မြွေကြီးက အလျား ၁၅ မီတာ၊ လုံးပတ်က ၂ မီတာ နီးပါးခန့် ရှိပေသည်။ ထိုမြွေကြီးက ရဲ့ချန်ဘက်သို့ လှည့်ပြီး တရူးရူးဖြင့် နှာမှုတ်နေလေသည်။
ထို့နောက် သုဂွန်က ဧရာမ မြွေကြီး၏ဦးခေါင်းပိုင်းမှ ပေါ်ထွက်လာသည်။ “ ဒီအချိန်က မင်းကို ငါ့ခြေထောက် အောက်မှာ ဘယ်လိုနင်းခြေမလဲဆိုတာ စောင့်ကြည့်ရမယ့် အချိန်ပဲ “ သုဂွန်၏ဧရာမ မြွေကြီးက ရဲ့ချန်ဆီသို့ ဦးတည်လာသည်။ ထိုနောက် သူ၏ပါးစပ်ကြီးကို ဖွင့်ဟပြီး ရဲ့ချန်ကို ဝါးမြိုရန် ဟန်ပြင်လိုက်သည်။
ရဲ့ချန်က ထိုအရာအားကို မရှောင်တိမ်းပေ။ သူက ထိုမြွေမွန်းစတားကြီး သူ့ဆီရောက်လာမည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။
ထို့နောက် မြွေမွန်းစတားကြီးက ရဲ့ချန်ကို ချက်ချင်း ဝါးမြိုပစ်လိုက်သည်။
“ ယောက်ျား … “ လျှို့ယွဲ့တစ်ယောက် ရဲ့ချန်၏အခြေအနေကို မြင်ပြီး အလွန်အမင်း စိုးရိမ်သွားလေသည်။ ယခု သူမက အဆိပ်ဂိုဏ်းသား အားလုံးကို အသန်မစွမ်းဖြစ်အောင် တိုက်ခိုက်ပြီးပြီ ဖြစ်သည်။ စင်စစ် လျှို့ယွဲ့က ရဲ့ချန်ကို ကူညီပေးချင်ခဲ့သည်။ သို့သော် သူမသာ ကူညီပေးလျှင် ရဲ့ချန်အတွက် ကူညီရာ မရောက်ဘဲ အနှောက်အယှက်သာ ဖြစ်နေမည် မဟုတ်ပါလား။
“ ဟဟဟ … ဒါက အရမ်း လွယ်တာပဲ “ သုဂွန်က ကျေနပ်စွာ ရယ်မောနေတော့သည်။ ယခု သူက ရဲ့ချန်ကို ဧရာမ မြွေကြီးတွင် ရှိသော အဆိပ်များဖြင့် စိစိညက်ညက် ကျေသွားမည့်အချိန်ကို စောင့်နေရန်သာ ရှိတော့သည်။
ဧရာမမြွေကြီး၏ ၀မ်းဗိုက်ထဲတွင် အလွန်တရာ ပူလောင်သော မီးတောက်များ တောက်လောင်လာတော့သည်။ ထိုမီးတောက်များက ဧရာမ မြွေမွန်းစတားကြီး၏ ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ချက်ချင်း ပျံ့နှံ့ လောင်ကျွမ်းသွားတော့သည်။ စက္ကန့်ပိုင်းအတွင်း အဆိပ်များဖြင့် ဖန်းတီးထားသော ဧရာမ မြွေမွန်းစတားကြီးက ဘာမျှမရှိသော အရာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုမြွေမွန်းစတားကြီး ဆက်သွယ်နေသော သုဂွန်သည်လည်း ဘာမျှမရှိသော အရာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူက အော်ဟစ်ရန်ပင် အခွင့်အရေး မရှိခဲ့ပေ။
“ ဒုတိယ ညီငယ်လေး “ သုနာရူက သုဂွန်၏နာမည်ကို ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။ သုဂွန်က သူ၏မျက်စိရှေ့တွင်ပင် သေဆုံးသွားသည်ကို ဘာမျှ မကူညီဘူး မဟုတ်လား။
“ ငါမင်းကို သတ်မယ် “ သုနာရူက သုဂွန်ကဲ့သို့ ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်သည်။
ရဲ့ချန်က သုနာရူကို အသွင်ပြောင်းခြင်း ရိုးရာဓလေ့အား အပြီးသတ်ခွင့် မပေးနိုင်တော့ပေ။ “ ဥက္ကာခဲအကျိုး ပစ်လွှတ်ခြင်း … ဘမ်း “ သုနာရူ၏ခန္ဓာကိုယ်ကြီးက မိုင်ပေါင်များစွာ လွင့်ထွက်သွားတော့သည်။
အကွာအဝေး တစ်ခုမှ သုနာရူသည် ရဲ့ချန်ကို အထိတ်တလန့် ဖြစ်နေသော မျက်၀န်းတစ်စုံဖြင့် ကြည့်နေလေသည်။ ထို့နောက် တဖြည်းဖြည်း အသိစိတ်တို့က ေ၀၀ါးလာပြီး ခေါင်းငိုက်စိုက်ကျသွားလေသည်။
ထိုအရာကို ကြည့်ပြီး အဆိပ်ဂိုဏ်း၏ တပည့်များက ချက်ချင်း လက်နက်ချ အညံ့ခံလိုက်တော့သည်။ ယခု သူတို့ဂိုဏ်း၏ အသန်မာဆုံနှစ်ယောက်က သေဆုံးသွားပြီ ဖြစ်သောကြောင့် မည်သူမျှ ဂိုဏ်းကို ကာကွယ်နိုင်စွမ်း မရှိတော့ပေ။
“ ယောက်ျား “ လျှို့ယွဲ့က ရဲ့ချန်ဆီသို့ ချက်ချင်း ပြေးလာပြီး ရဲ့ချန်၏ခန္ဓာကိုယ်ကို အလွန်တရာ ၀မ်းသာစွာဖြင့် ပွေ့ဖက်လိုက်တော့သည်။
“ နင် အဆင်ပြေရဲ့လား “ ရဲ့ချန်သည် လျှို့ယွဲ့က အဆိပ်ဂိုဏ်းသားများနှင့် တိုက်ခိုက်ရာတွင် ဒဏ်ရာ ရမရ မေးမြန်းလိုက်သည်။
“ ငါ အဆင်ပြေပါတယ် “ လျှို့ယွဲ့က သူမ အဆင်ပြေကြောင်း ဖြေကြားလိုက်သည်။
အဆိပ်ဂိုဏ်းက လူများက အလွန်တရာ အားနည်းကြပေသည်။ သူတို့က အဆိပ်လက်နက် အပေါ်တွင်သာ လုံးလုံး မှီခိုနေကြသည်။ သို့သော် ထိုအဆိပ်လက်နက်များကို မမှုသည့် လျှို့ယွဲ့နှင့် နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရသောအခါ သူတို့အတွက် အနိုင်ရရှိရန် အခွင့်အရေး လုံး၀ မရှိတော့ပေ။
“ ယောက်ျား၊ နင် ဒီလူတွေကို ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ “ လျှို့ယွဲ့က မေးမြန်းလိုက်သည်။
“ ငါတို့ သူတို့ကို သတ်ပစ်လိုက်ရင် ကောင်းမလား၊ ဒါဆို သူတို့က တခြားလူကို ဒုက္ခမပေးနိုင်တော့ဘူးလေ “ ရဲ့ချန်က နည်းလမ်းတစ်ခုကို ပြောလိုက်သည်။
“ ယောက်ျား၊ ဒါကြီးက အရမ်း ရက်စက်လွန်းရာ ကျသွားပြီ၊ သူတို့တွေက အရှုံးပေးပြီးသား လူတွေလေ၊ အရှုံးပေးပြီးသားတွေကို သတ်ပစ်တာက မကောင်းဘူးလို့ ငါထင်တယ် “ လျှို့ယွဲ့က ရဲ့ချန်၏နည်းလမ်းကို သဘောမတူပေ။
“ အဲဒါဆို နင့်မှာ တခြားနည်းလမ်း ရှိလို့လား “ သူမက ဤနည်းလမ်းကို ငြင်းဆန်လိုက်သောကြောင့် သူမတွင် အဆိပ်ဂိုဏ်းသားများအတွက် မည်သည့်အစီအစဉ်များ ရှိကြောင်း ရဲ့ချန်လည်း သိလိုသည်။
“ သူတို့ရဲ့စွမ်းအင်တွေကို ဖျက်ဆီးပစ်လိုက်မယ် ဆိုရင်ရော၊ ဒါဆိုရင်လည်း သူတို့က တခြားလူတွေကို ဒုက္ခပေးနိုင်တော့မှာ မဟုတ်ဘူး “ လျှို့ယွဲ့က အဆိပ်ဂိုဏ်းသားများအတွက် ကောင်းမွန်သော အကြံတစ်တစ်ခုကို အဆိုပြုလိုက်သည်။
“ ဒါပေမဲ့ သူတို့က အဆိပ်ဂိုဏ်းတစ်ဂိုဏ်းကနော်၊ သူတို့ရဲ့စွမ်းအင်တွေကို ဆုံးရှုံးသွားမယ် ဆိုရင်တောင် သူတို့ရဲ့အဆိပ်တွေက လက်နက်တစ်ခုအဖြစ် အသုံးပြုလို့ ရသေးတယ် “ လျှို့ယွဲ့၏အကြံက အတော်လေး ကောင်းမွန်သော်လည်း ၎င်းက သာမန်ကျင့်ကြံသူများအတွက်သာ အသုံး၀င်ပေသည်။ သို့သော် သူတို့က အဆိပ်ကျင့်ကြံသူများပင် ဖြစ်၏။ ထို့ကြောင့် ဤနည်းလမ်းက အဆိပ်ဂိုဏ်းကို ပညာပေးရန်အတွက် သင့်တော်မှု မရှိပေ။
လျှို့ယွဲ့သည် သူမ၏နည်းလမ်းများက သက်ရောက်မှုမရှိကြောင်း စတင် သတိထားမိလာသည်။ သူတို့က အဆိပ်ဂိုဏ်းသားများ ဖြစ်နေသရွေ့ အရာရာတိုင်းက အသုံးမ၀င်ပေ။
“ ငါ့ဂိုဏ်းကို ရှုပ်ပွသွားအောင် လုပ်တာ ဘယ်ကောင်လဲကွ “ မိုးကုတ်စက်ဝိုင်းဆီမှ ဒေါသတကြီး အော်ဟစ်လိုက်သံ တစ်သံက ထွက်ပေါ်လာတော့သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now