အခန်း (၉၂) ငါ့ဖိနပ်ကို လျက်ပေးစမ်း

265 17 0
                                    

" ဟုတ်ပြီ... ဟုတ်ပြီ... လောင်းကြတာပေါ့ " ယွင်ဟောက်က ရဲ့ချန်၏စိန်ခေါ်မှုကို လက်ခံလိုက်သည်။

ထို့နောက် သူက ကျောက်စီသေတ္တာလေးတစ်လုံးကို ထုတ်ယူပြီး အဖုံးကိုဖွင့်ကာ အခန်းထဲရှိ လူတိုင်း မြင်သာစေရန် ပြလိုက်သည်။

ကျောက်စီသေတ္တာထဲက ဘယက်လှလှလေးက အခန်းထဲတွင်ရှိသော အမျိုးသမီးတိုင်းကို ချက်ချင်း ဆွဲဆောင်လိုက်တော့သည်။

" ဒါက အဖြူရောင် နတ်မိမယ်ဘယက်တစ်ကုံးပဲ၊ ဒီဘယက်ကို ကမ္ဘာ့အကောင်းဆုံး စိန်တွေနဲ့ တန်ဆာဆင်ထားပြီး ကမ္ဘာ့အတော်ဆုံး ပန်းထိမ်အညာရှင်တစ်ယောက်က ပုံဖော်ထားတာပါ၊ တန်ဖိုးက ဒေါ်လာ ငါးသန်းဝန်းကျင် ရှိပါတယ် " ယွင်ဟောက်က အခန်းထဲရှိလူတိုင်းအား သူ၏ဘယက်နှင့် ပတ်သက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ရှင်းပြနေတော့သည်။

လူတချို့က ဘယက်၏စျေးနှုန်းကို ကြားလိုက်ရသောအခါ တအံ့တဩ ဖြစ်သွားလေသည်။

" ဒီတော့... မင်းရဲ့ လောင်းကြေးက ဘယ်မှာလဲ " ယွင်ဟောက်က ရဲ့ချန်ကို မေးလိုက်သည်။

" ဒါဆိုရင်ရော ဘယ်လိုလဲ " ရဲ့ချန်က ကဒ်တစ်ကဒ်ကို ထုတ်ပြလိုက်သည်။

" ဟား... ဟား... ဟား... " ရဲ့ချန်က ကဒ်တစ်ကဒ်ကို ဆွဲထုတ်ပြသောအခါ အခန်းတစ်ခန်းလုံး ရယ်သံများဖြင့် ပြည့်လျှံသွားလေသည်။ တန်ဘိုးကြီး ဘယက်တစ်ကုံးကို ဤကဒ်တစ်ကဒ်ဖြင့် မည်သို့ ယှဉ်နိုင်မည်နည်း။

ရဲ့ချန်က ဤလူများ၏အထင်သေးမှုများကို စိတ်မရှိပေ။ " ဒီကဒ်ထဲမှာ ဒေါ်လာ ၁၀ သန်းကျော် ရှိတယ် " ရယ်မောနေသော အခန်းထဲက လူအားလုံးက ရဲ့ချန်က ပြန်လည် လှောင်ပြောင်လိုက်သည်။

ရဲ့ချန်က ကဒ်ထဲတွင်ရှိသော ငွေပမာဏကို ထုတ်ပြောပြီးနောက် ယခင် ရဲ့ချန်ကို လှောင်ပြောင်နေသော လူများက ရုတ်တရက် တိတ်ဆိတ်သွားလေသည်။ ရဲ့ချန်၏လက်ထဲက ကဒ်ထဲတွင် ဒေါ်လာ ၁၀ သန်းကျော် ရှိမည်ဟု သူတို့ လုံးဝ မျှော်လင့်မထားကြချေ။

ရဲ့ချန် ထုတ်ပြသောကဒ်က သူ၏ကဒ်ဖြစ်ကြောင်း ယွမ်ဟောက်တစ်ယောက် ချက်ချင်း မှတ်မိလိုက်သည်။ " ဒီကောင်က တကယ်ပဲ လုထားတဲ့ပစ္စည်းနဲ့ အလောင်းအစား လုပ်ရဲတယ်၊ ဒါပေမယ့် ဒါကလည်း ကောင်းတာပဲ၊ ဒီသောက်ကောင်ဆီက ငါ့ပိုက်ဆံကို ပြန်ယူလို့ ရတာပေါ့ " ယွင်ဟောက်က ညစ်ပတ်သော အစီအစဉ်တစ်ခုကို ပြင်ဆင်လိုက်တော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now