အခန်း (၆၉) ကမ္ဘာပေါ်က အင်အားစုကြီးများ

290 20 0
                                    

ရဲ့ချန်က လျှို့ကုမ္မဏီ​၏အဆောက်အဦးရှိရာသို့ ပျံသန်းလာခဲ့​၏ ။ သို့သော် သူ ရောက်ရှိလာသောအခါ သုယောင်​၏ပုံရိပ်ကို မည်သည့်နေရာတွင်မျှ ရှာမတွေ့တော့ပေ။

" ဒီတော့... သူက အသက်ရှင် လွတ်မြောက်သွားပြီပေါ့လေ " နောက်ကျ သုယောင်နှင့် ပြန်ပြီး တွေ့ကောင်း တွေ့နိုင်သည်။ ထိုအခါကျမှ လျှို့ယွဲ့အတွက် ၎င်းအား လက်စားချေရမည်။ ပြဿနာက ဤနေရာတွင်ပင် ပြီးဆုံးမည့်ပုံ မပေါ်ပေ။

သူနှင့်သုခွန်​၏တိုက်ပွဲက အချိန်အတော်ကြာသွားခဲ့သည့်အတွက် သုယောင်အတွက် ဤနေရာမှထွက်ပြေးရန် အခွင့်အရေး ပေးလိုက်သလိုဖြစ်သွားလေသည်။ ဤအချိန်ဆိုလျှင် သုယောင်က ဤမြို့မှပင် သေချာပေါက် ထွက်ခွာသွားလောက်ပြီ။

ရဲ့ချန်က သုယောင်အား လိုက်လံဖမ်းဆီးမနေတော့ဘဲ အစည်းအဝေးခန်းမထဲသို့ လှည့်ဝင်လာသည်။ ပထမဆုံးအနေနှင့် ရဲ့ချန်က လျှို့ယွဲ့နှင့်စစ်ထိုရွဲ့တို့​၏အခြေအနေကို အတည်ပြုလိုက်သည်။ သတိလစ်လဲကျနေသော လော့ဘင်ကိုလည်း ရဲ့ချန်က ဆေးလုံးတစ်လုံးတိုက်ကျွေးပြီးမှ သူလည်း ဟင်းချနိုင်တော့သည်။

လောလောဆယ်တွင် လော့ဘင်ဟာ ကြမ်းပြင်ပေါ်တွင် လှဲကျနေပြီး အသက်ရှူသံကလည်း ပုံမှန်မဟုတ်တော့ပေ။ ရဲ့ချန်က သူမဆီသို့ လျှောက်သွားပြီး အခြေအနေအား စစ်ဆေးလိုက်သည်။ ရဲ့ချန်က လော့ဘင်​၏အသားအား ထိမိလိုက်သည်နှင့် သူမ​၏ခန္ဓာကိုယ် အပူရှိန်က ပူလိုက်အေးလိုက်ဖြစ်နေသည်ကို ခံစားလိုက်မိသည်။

သုခွန်​၏လက်ဝါးမှအဆိပ်ဟာ လော့ဘင်​၏ခန္ဓာကိုယ်ထဲတွင် ပျံနှံ့နေပြီဖြစ်သည်။ ထိုအချိန်တွင် လော့ဘင်​၏ OL အင်္ကျီက ရုတ်တရက် ထပွင့်သွားလေသည်။ ရဲ့ချန်လည်း ထိုသို့ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မထားချေ။ လော့ဘင်၏အင်္ကျီက ပွင့်လာသောအခါ သူမ​၏ပြစ်မျိုးမှဲ့မထင်သော ချော့မွတ်သည့်အသားများက ပေါ်လာတော့သည်။ သူမက ခရမ်းရောင် ဗရာဇီယာလေးကို ဝတ်ဆင်ထားလေသည်။ တဒင်္ဂအတွင် သူမြင်လိုက်ရသော ထိုမြင်ကွင်းက အလွန်ပင်နှစ်သက်ဖွယ်ကောင်းကြောင်း ရဲ့ချန် ဝန်ခံရပေမည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Onde histórias criam vida. Descubra agora