အခန်း (၁၉) ကျောင်းသို့ အပြန်

404 46 0
                                    

ရဲ့ချန်ဆီက ချီလောင်လက်ကောက်ကို ဝယ်လာသော မိန်းကလေး လျှို့ယွဲ့က လောလောဆယ် သူမအဘွားကိုကုသနေသော ဆေးရုံသို့ ကားမောင်းလာနေသည်။

လျှို့ယွဲ့ အံ့ဩဖွယ်ရာ အဖြစ်အပျက်အချို့ကို မျှော်လင့်နေသည်။ နောက်ဆုံးမှာတော့ ဆေးရုံ​၏ကားပါကင်သို့ ရောက်လာသည်။ ဟွာဆေးရုံက အားထားရသော ဆေးပစ္စည်းကိရိယာတွေနှင့် ဝန်ထမ်းအင်အား အမြောက်အများရှိပြီး ဒီမြို့ရဲ့နံပါတ်တစ်ဆေးရုံတစ်ခုပင် ဖြစ်သည်။ လျှို့ယွဲ့ဟာ သူမအဘွားကိုကုသနေသော လူနာဆောင်သို့ ချက်ချင်း အပြေးအလွှား သွားလိုက်သည်။

လူနာဆောင်သို့ ရောက်ရှိလာသောအခါ အဘွားအိုတစ်ဦးက အိပ်ရာပေါ်တွင် လဲလျောင်းနေသည်။ ထိုအဘွားအိုဟာ အောက်စီဂျင်ပိုက်များတပ်ဆင်ထားပြီး မေ့မျောနေသည်။

သူမအဘွား​၏အခြေအနေကိုကြည့်ပြီး လျှို့ယွဲ့ခမျာ ငိုချင်လာသည်။ ထို့နောက် သူမအဘွားနားသို့ ခပ်ဖြေးဖြေး တိုးကပ်သွားလိုက်ပြီး " နေမကောင်းတာတွေ မြန်မြန်ပျောက်ပါတော့...ပြီးရင် ဒီမြေးမလေးနဲ့အတူ အချိန်တွေ ကုန်ဆုံးရအောင်လေ..." လျှို့ယွဲ့ သူမအဘွား​၏လက်တစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး သူမပါးလေးကို ပွတ်သပ်နေမိသည်။

လျှို့ယွဲ့ ချီလောက်လက်ကောက်ကို ယူလိုက်ပြီး သူမအဘွား​၏လက်ကောက်ဝတ်မှာ ဝတ်ဆင်ပေးလိုက်သည်။ လျှို့ယွဲ့ ချီလောင်လက်ကောက်က အံ့ဩဖွယ်ရာတွေ ဖြစ်လာမလို့ မျှော်လင့်နေသော်လည်း အချိန်အတော်ကြာအောင် သူမအဘွားကို ဂရုမစိုက်တဲ့ပုံပေါ်နေသော ထိုလက်ကောက်ကိုကြည့်ပြီး စိတ်ပျက်လာသည်။

တကယ်တော့ ချီလောင်လက်ကောက်​၏အကျိုးသက်ရောက်မှုက စတင်အလုပ်လုပ်နေပါပြီ။ လျှို့ယွဲ့​၏အဘွားကို ပြန်လည်ကောင်းမွန်လာစေရန် အချိန်ယူနေခြင်းဖြစ်သည်။ ထို့နောက် လျှို့ယွဲ့ခမျာ သူမအဘွား​၏အိပ်ရာနားမှာပဲ အိပ်ပျော်သွားပါတော့သည်။

အချိန်တွေကုန်ဆုံးတာက အတော်ပဲမြန်ဆန်ပါသည်။ လျှို့ယွဲ့တစ်ယောက် သူ့မ​၏ဆံပင်တွေကို လက်တစ်ဖက်က ပွတ်သပ်ပေးနေသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ကြောင့် သူမမျက်လုံးကိုဖွင့်လိုက်သည်။ သူမမျက်လုံးကို ဖွင့်လိုက်သောအခါ မေ့မျောနေသည်ဟုထင်ခဲ့သော သူမအဘွားက နိုးနေသည်ကို မြင်လိုက်ရသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now