အခန်း (၁၀၆) အသက်ကယ်နည်းဖြင့် ကုသခြင်း

255 12 0
                                    

ရဲ့ချန်သည် လျှို့ယွဲ့တစ်ယောက် အစားအစာ ဝယ်ပြီး စောင့်စားနေသော နေရာဆီသို့ ပြန်လာသည်။ လျှို့ယွဲ့ ရှိနေသော နေရာသို့ ရောက်သောအခါ သူမက ဝယ်လာသော စားစရာများကို ထိုင်စားရင်း အနီးဝန်ကျင်ကို မကြာမကြာ လှည့်လှည့်ကြည့်ကာ သူ့ကို ရှာနေကြောင်း မြင်လိုက်ရ​၏။

" ငါ့ရဲ့ စားစရာရော ဘယ်မှာလဲ " ရဲ့ချန်က သတိပေးခြင်း မရှိဘဲ လျှို့ယွဲ့​၏ဘေးတွင် ဝင်ထိုင်လိုက်သည်။

" နင် ဘယ်တွေ လျှောက်သွားနေတာလဲ " လျှို့ယွဲ့သည် ရဲ့ချန်က မပြောမဆိုဘဲ ထွက်သွားသည့်အတွက် အကူညီ ကင်းမဲ့စွာ မေးလိုက်သည်။

" ဒီကို ရောက်လာတဲ့ လူရမ်းကားအုပ်စု တစ်စုကို သွားပြီး ပညာပေးနေလို့ပါ " ရဲ့ချန်က လုပ်ကြံသတ်သူ​၏အကြောင်းကို မပြောပြပေ။

" ဪ... ရော့ ဒီမှာ နင့်ရဲ့ စားစရာ " လျှို့ယွဲ့က အစားအစာဘူးတစ်ဘူးကို ရဲ့ချန်အား ပေးလိုက်သည်။

လျှို့ယွဲ့ ဝယ်လာသော စားစရာဘူးထဲတွင် အမဲသား များစွာဖြင့် ကြော်ထားသော ခေါက်ဆွဲကြော်များ ပါရှိသည်။ ခေါက်ဆွဲကြော်​များ အပေါ်တွင် အသီးအရွက်များနှင့် ခရမ်းချဉ်သီးဖက်များကို အုပ်ထားပေးသည်။

" ကြည့်ရတာ စားကောင်းမယ့် ပုံပဲ " ရဲ့ချန်က စားစရာများကို စားရန် တူတစ်စုံကို ထုတ်ယူလိုက်သည်။

ရဲ့ချန်က ထိုကဲ့သို့ စားစရာများကို မကြာခဏ စားဖူးသည်။ ဤစားစရာများ​၏ စျေးနှုန်းက အခြေခံလူတန်းစား အားလုံးအတွက် တက်နိုင်သော ပမာဏပင် ဖြစ်နေသည် မဟုတ်ပါလား။

ဤအစားအစာက ဝယ်ယူရန် အလွန်တရာ လွယ်ကူသည့်တိုင် သူတို့နှစ်ယောက်စလုံးအတွက် စားရသည်က အတော်လေးကို စိတ်ကျေနပ်မှု ရှိလှသည်။ ထို့နောက် ရဲ့ချန်နှင့် လျှို့ယွဲ့တို့သည် တစ်ဦးကိုတစ်ဦး အပြန်အလှန် ခွံ့ကျွေးရင်း စားစရာများကို လက်စသက်လိုက်ကြတော့သည်။

စားစရာမျာကို စားသောက်ပြီးနောက် သူတို့နှစ်ယောက်က ကားပါကင်ရှိရာသို့ ထွက်လာတော့သည်။ သို့သော် ထိုနေရာသို့ သွားရာလမ်းတွင် လူအုပ်ကြီးက ပိတ်ဆို့ထားကြောင်း မြင်လိုက်ရသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now