အခန်း (၇၅) လျှို့ယွဲ့က လက်ခံတယ်

422 19 0
                                    

ရဲ့ချန်က ချစ်ခြင်းအငွေ့အသက်တို့ ထုံမွှမ်းနေသောအကြည့်ဖြင့် သူ့အား ငေးကြည့်နေသော လျှို့ယွဲ့​၏မျက်ဝန်းများကို ပြန်လည် စိုက်ကြည့်လိုက်သည်။ သူမက သူ့ကို အတော်လေး မြတ်နိုးနေပုံရသည်။

သံသယဖြစ်စရာမလိုအောင်ပင် လျှို့ယွဲ့​၏အလှက ကျော့မော့နေအောင် လှပသည်။ လျှို့ယွဲ့တွင်လည်း လိုက်လံပိုးပန်းသူ အမြောက်အမြား ရှိပေသည်။

အထူးသဖြင့် လျှို့ယွဲ့က ကိုယ်တီးလုံးဖြစ်လုမတက် အဝတ်အစားများကို ချွတ်ထားသောအခါ သာမန်ယောက်ျားတို့အဖို့ ထိုမြင်ကွင်းကိုကြည့်ပြီး ရပ်တည်ခြင်းငှာ မစွမ်းနိုင်ပေ။ ရဲ့ချန်တစ်ယောက် သူ​၏ခန္ဓာကိုယ်က တဖြည်းဖြည်း ပူနွေးလာသည်ဟု ခံစားလိုက်ရ​၏ ။ သူ​၏ညီလေးကလည်း တိုက်ခိုက်ရန်တာဆူနေသော လက်နက်တစ်လက်ကဲ့သို့ အပေါ်သို့ ထောင်မတ်လာသည်။

လျှို့ယွဲ့ကလည်း သူမ​၏ခန္ဓာကိုယ်အောက်ပိုင်းဆီမှ တစ်စုံတစ်ခုက ခိုးလုခိုးလုဖြစ်နေသည်ဟု ခံစားလိုက်မိသည်။ ထိုတစ်စုံတစ်ခုက အလွန်ပင်ကြီးမားပြီး ပူနွေးနေသည်။ လျှို့ယွဲ့က သူမခံစားနေရသော တစ်စုံတစ်ခုကို လက်ဖြင့် ဆွဲဖမ်းလိုက်တော့သည်။

" အမလေးဗျ... " လျှို့ယွဲ့က သူ​၏ညီလေးကို တင်းကြပ်စွာ ဖြစ်ညှစ်လိုက်သည့်အတွက် ရဲ့ချန် အော်ဟစ်လိုက်တော့သည်။

သူမကိုင်ထားသော တစ်စုံတစ်ခုက ဘာဖြစ်သနည်းဟု လျှို့ယွဲ့က ချက်ချင်း နားလည်သွားလေသည်။ " ဟာ... ဆောရီး " လျှို့ယွဲ့က သူမလက်ထဲက ရဲ့ချန်​၏ညီလေးကို ချက်ချင်း လွှတ်ပေးပြီး တောင်းပန်လိုက်တော့သည်။

သူမ​၏မျက်နှာက ခရမ်းချဉ်သီးတစ်လုံးကဲ့သို့ ရဲရဲနီသွားလေသည်။ ယင်းက လျှို့ယွဲ့အတွက် ဆန့်ကျင်ဘက်လိင်​၏ အင်္ဂါကို ပထမဆုံးအကြိမ် ထိကိုင်ဖူးခြင်း ဖြစ်ပုံရသည်။

" ရ... ရ... ရပါတယ် " ပတ်ဝန်းကျင်လေထုက ကမောက်ကမ ဖြစ်လာသည်။ မည်သူမျှ စတင်၍ စကားမပြောဝံ့တော့ပေ။

နောက်ဆုံးမှာတော့ ထိုကမောက်ကမဖြစ်နေသော အခြေအနေကို အကဲခက်ရင်း ရဲ့ချန်က စတင် စကားပြောလိုက်ရတော့သည်။ " လျှို့ယွဲ့... ငါလေ..... " ရဲ့ချန်က စကားပြော၍ မပြီးသေးခင် လျှို့ယွဲ့က သူမ​၏လက်ချောင်းများဖြင့် ရဲ့ချန်​၏နုတ်ခမ်းကို ဖိထားလိုက်တော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now