အခန်း (၉၇) ဟူးလန် မြင့်မြတ်သော နယ်မြေ

261 14 0
                                    

" ဒီနေရာဆိုတာ သေချာလို့လား " ရဲ့ချန်က သူတို့​၏အောက်တွင် ချောက်ကမ်းပါးကြီးတစ်ခုကို မြင်လိုက်ရသည်။

" သေချာတယ်၊ ဒီနေရာက စွမ်းအင်တွေထက် အဲ့ဒီ့နေရာက စွမ်းအင် တည်ဆောက်ပုံတွေက အတော်လေး ပိုသန်မာတယ် " ချူးယွဲ့ချန်က ယင်းက ပို့ဆောင်ဆက်သွယ်ရေး အစီအရင်တစ်ခုဖြစ်ကြောင်း အပ်ကျမတ်ကျ ပြောဆိုနေသည်။

" ကောင်းပြီလေ " ထို့နောက် ရဲ့ချန်က အသူတရာနက်သော ချောက်ကြီးထဲသို့ ဒိုင်ဗင်ထိုး ဆင်းသွားတော့သည်။ အောက်ဘက်တွင် အမှောင်ထုကြီးကသာ သိပ်သည်းနေပြီး အလင်းရောင်ဟူ၍ တစွန်းတစပင် ရှိမနေပေ။

မီတာတစ်ထောင်ခန့် ဆင်းလာပြီးနောက် ရဲ့ချန်က သူ​၏ဦးတည်ရာ လမ်းကြောင်းရှေ့ အတော်အတန် ကွာဝေးသည့်နေရာတွင် အနီးရောင် အစက်အပြောက်လေးတစ်ခုကို မြင်လိုက်ရ​၏။

ရဲ့ချန်က အစက်အပြောက်နားသို့ နီးကပ်လာသောအခါ ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ​၏။ ယင်းက မုခ်ဝတစ်ခုပင် ဖြစ်သည်။

ရဲ့ချန်သည် သူ​၏ဝိညာဉ်အသိကို အသုံးပြု၍ ဤနေရာ​၏အနီးဝန်းကျင် အခြေအနေကို အကဲခက်လိုက်သည်။ ဤအနီးတဝိုက်တွင် သက်ရှိတို့​၏အရိပ်အယောင် တစွန်းတစပင် ရှိမနေပေ။

" ဒါက အတော်လေး ထူးဆန်းတာပဲ၊ ဘာဖြစ်လို့ မုခ်ဝကို စောင့်နေတဲ့လူ မရှိတာလဲ၊ ဒါက ဟူးလန်ဂိုဏ်းရဲ့ ဝင်ပေါက်ဖြစ်တယ်ဆိုရင် ဒီမုခ်ဝကို စောင့်နေတဲ့ အစောင့်တစ်ယောက်တော့ ရှိနေသင့်တယ် မဟုတ်လား " ရဲ့ချန်က ဤမုခ်ဝက ဟူးလန်းဂိုဏ်းသို့ သွားနိုင်သော ဝင်ပေါက် မဖြစ်နိုင်ဟု စတင် သံသယဝင်လာတော့သည်။

" နင်က ဘာကို စောင့်နေတာလဲ၊ အထဲကို မြန်မြန်ဝင်တော့လေ၊ နင့်ရဲ့ အင်အားကြီးနဲ့ဆို ဒီနေရာမှာ ဘာမှ စိုးရိမ်နေစရာ မရှိဘူး " ချူးယွဲ့ချန်က ရဲ့ချန်ကို မုခ်ဝထဲသို့ ဝင်ရန် ပြောလိုက်သည်။

ချူးယွဲ့ချန်​၏စကားက အမှန်ပင် ဖြစ်သည်။ အဘယ်ကြောင့် သူက သံသယ ဝင်နေရမည်နည်း။ ယင်းက သူ့အတွက် အတွေ့အကြုံကောင်းတစ်ခုပင် ရနိုင်သည် မဟုတ်ပါလား။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now