အခန်း (၈၂) ပျော်ရွှင်သော ဘဝ

306 17 0
                                    

နောက်ဆုံးမှာတော့ လျှို့ယွဲ့နှင့် ချောင်ယမ်ယမ်က ရဲ့ချန်ရှိနေသော အခန်းဆီသို့ ရောက်လာကြသည်။ ရဲ့ချန်ကတော့ လောလောဆယ် တီဗီကိုသာ အာရုံမပျက် ကြည့်ရှုနေလေသည်။

အနောက်က တံခါးဖွင့်ကို ကြားကြားချင်း ရဲ့ချန်က ချက်ချင်း လှမ်းမေးလိုက်သည်။ " မိန်းမယွဲ့... ညကြီးမှာ တံခါးဘဲလ်လာတီးတဲ့လူက ဘယ်သူလဲ " ရဲ့ချန်​က နောက်လှည့်မကြည့်ဘဲ မေးလိုက်ခြင်းပင် ဖြစ်သည်။

လျှို့ယွဲ့တစ်ယောက် ရဲ့ချန်က ချောင်ယမ်ယမ်​၏ရှေ့တွင် သူမကို မိန်းမဟုခေါ်လိုက်သောကြောင့် မွှန်ထူသွားလေသည်။ " နောက်မှာ... နောက်မှာ " ချောင်ယမ်ယမ်က အရာအားလုံးကို နားလည်သွားလေသည်။

ချောင်ယမ်ယမ်က မည်သည့်စကားမှ မဆိုဘဲ ရဲ့ချန်အနားသို့ ချဉ်းကပ်သွားသည်။ ထို့နောက် သူမက ရဲ့ချန်​၏ လည်ပင်းအား ပိုက်ဖက်လိုက်ပြီး " ယောက်ျား " ချောင်ယမ်ယမ်က ရဲ့ချန်​၏နားရွက်အနားသို့ ကပ်ပြီး အလွန်တရာ နုညံ့သောအသံတိုးတိုးလေးဖြင့် ခေါ်လိုက်တော့သည်။

ရဲ့ချန်က ထိုအသံကို ချက်ချင်း မှတ်မိလိုက်သည်။ ထို့ကြောင့် မွှန်ထူသွားပြီး ကမန်းကတန်း ထရပ်လိုက်တော့သည်။ " ယမ်ယမ်... မင်း ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ " ရဲ့ချန်တစ်ယောက် ချောင်ယမ်ယမ်က သူ​၏စံအိမ်သို့ ရုတ်တရက် ရောက်ချလာသည့် အတော်လေး အံ့အားသင့်သွားလေသည်။

" ဘာဖြစ်လို့လဲ... ငါက ဒီကို လာလို့မရဘူးလား " ချောင်ယမ်ယမ်က အနည်းငယ် စိတ်ဆိုးမာန်ဆိုး ဖြစ်သွားတော့သည်။

" အဲ့... အဲ့လို ပြောတာမဟုတ်ဘူးလေ၊ ငါဆိုလိုတာက နင် ဒီအိမ်လိပ်စာကို ဘယ်လိုရတာလဲလို့၊ နင့်ကို ဒီအိမ်လိပ်စာ မပေးရသေးဘူးလေ " ရဲ့ချန်က ချောင်ယမ်ယမ့်ကို ဤအိမ်ကြီးအား ဝယ်ထားသည့်အကြောင်းကိုသာ ပြောထားခဲ့သော်လည်း အိမ်လိပ်စာကိုတော့ သူမကို မပေးရသေးပေ။

" ယောက်ျား... ငါနဲ့လိုက်ခဲ့၊ ဒီနေရာက တစ်ခုခုပဲ၊ ငါနင်နဲ့ နှစ်ယောက်တည်း ဆွေးနွေးစရာရှိတယ် " ချောင်ယမ်ယမ်က ရဲ့ချန်ကို သူမနှင့်အတူလိုက်ခဲ့ရန် ပြောလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now