အခန်း (၄၆) စီးပွားရေး

320 31 0
                                    

ရဲ့ချန်နှင့် လျှို့ယွဲ့တို့ အထဲသို့ရောက်လာသောအခါ အလုပ်သမားတွေက လျှို့ယွဲ့အား တလေးတစား နုတ်ဆက်ကြသည်ကို ရဲ့ချန် မြင်လိုက်ရသည်။

အကြောင်းပြချက်တစ်ခုအနေဖြင့် လျှို့ယွဲ့ကို အလုပ်သမားတွေက ခေါင်းဆောင်ကောင်းပီသပြီး နှစ်စဉ်အပိုဆုကြေးပါ ပေးတတ်သောကြောင့် ချစ်ခင်လေးစားကြခြင်း ဖြစ်သည်။

ထို့ကြောင့် အလုပ်သမားများ၏စိတ်ထဲတွင် လျှို့ယွဲ့က အရှိန်အဝါကြီးမားသောသူဟု မြင်နေကြသည်။

ရဲ့ချန်လည်း အလုပ်သမားတချို့နှင့် လျှို့ယွဲ့​၏နောက်၌ အထုပ်အပိုးများသယ်ဆောင်ပြီး လမ်းလျှောက်နေသော ခပ်ချောချောလူတစ်ဦးအား သတိပြုမိလိုက်သည်။

လျှို့ကုမ္မဏီ​၏အပြင်ဘက်တွင် အလွန်မြင့်မားသော အဆောက်အဦးများအား တွေ့မြင်နိုင်သည်။ ထို့ကြောင့် ယင်းနေရာတွင် အားလပ်သောအချိန်တချို့အား ကုန်ဆုံးနိုင်သည်။

ရဲ့ချန်လည်း လျှို့ယွဲ့အခန်း​၏ တံခါးအား ဖွင့်လိုက်သောအခါ အတွင်းဘက် ဇိမ်ခံပစ္စည်းမျိုးစုံနှင့် စကွဲယားမီတာ ၅၀ ခန့် ဧရိယာရှိသော အခန်းကျယ်တစ်ခုအား တွေ့လိုက်ရသည်။

ထိုအခန်းဟာ ရုံးခန်းတစ်ခုဟုဆိုသည်ထက် အိမ်တစ်လုံးဟု ဆိုရလောက်အောင် ပရိဘောဂများက ပြည့်စုံလှသည်။

" မစ္စတာရဲ့ချန်... ထိုင်ခုံမှာ ထိုင်ပါအုံး။ ကျွန်မ သောက်စရာတစ်ခုခု သွားလုပ်လိုက်အုံးမယ် "

လျှို့ယွဲ့က ရဲ့ချန်ကို ထိုင်ခုံတစ်လုံးအား ပြင်ဆင်ပေးလိုက်ပြီး ကော်ဖီဖျော်ရန် ကော်ဖီဖျော်စက်ဆီသို့ လျှောက်သွားသည်။

ထိုနေရာမှ အလုပ်သမားများဟာ သူတို့လေးစားရသော ဥက္ကဌက အသက်နှစ်ဆယ်ထက်တောင်ငယ်သော ကောင်လေးတစ်ယောက်အတွက် ကော်ဖီဖျော်ပေးသည်ဟုသာ သိမည်ဆိုလျှင် သူတို့အားလုံး အောက်မေးရိုးများပြုတ်ကျသည်အထိ အံ့ဩသွားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ကုမ္မဏီရှိ အလုပ်သမားများဟာ လျှို့ယွဲ့အား ဤမြို့တွင် အသန်မာဆုံးတည်ရှိမှုအဖြစ် သတ်မှတ်ထားတဲ့အတွက်ကြောင့်ပင် ဖြစ်သည်။ တခြားကုမ္မဏီမှ အလွန် မာနကြီးသော သူဌေးတွေကတောင် လျှို့ယွဲ့နှင့် တွေ့ဆုံလျှင် အရိုက်ကြမ်းသော ဆရာတစ်ဦးနှင့် တွေ့ဆုံမိသော ကျောင်းသားငယ်လေးတစ်ဦးကဲ့သို့ ချက်ချင်း ပုံစံ ပြောင်းသွားပေလိမ့်မည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now