အခန်း (၁၉၇) ဧရာမ ကျောက်ဘီလူး

206 12 0
                                    

“ အောင်မြင်ပြီဟေ့ … “ စည်းတံဆိပ် ကျိုးပျက်သွားပြီးနောက် လူတိုင်းက ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။
ဂိုဏ်းလေးဂိုဏ်းက လူများက ဆေးလုံးများကို ချက်ချင်း ထုတ်ယူပြီး အင်အားများကို လျင်မြန်စွာ ပြန်လည် ဖြည့်တင်းလိုက်ကြသည်။
“ အထဲ၀င်ရအောင် “ ကျန့်ယန်က ဂိုဏ်းက အကြီးအကဲများကို အထဲ၀င်ရန် ခေါ်လိုက်သည်။
ထို့နောက် ဓားခုနှစ်ချောင်းက အထဲသို့ ဦးဆုံး ၀င်သွားကြလေသည်။
“ လာကြ အထဲ၀င်ရအောင် “ သူတို့နောက်မှ ချယ်ရီပန်းပွင့်ဂိုဏ်း၊ မီးတောင်ကြားဂိုဏ်း နှင့် အေးစိမ့်နေခဲဂိုဏ်းတို့က အသီးသီး လိုက်၀င်သွားကြသည်။
လောလောဆယ် ကောင်းကင်နယ်ပယ် အထွတ်ထိပ်အဆင့် ကျင့်ကြံသူများက အထဲသို့ ၀င်ရောက်သွားပြီ ဖြစ်သည်။
ထိုနေရာတွင် ကောင်းကင်နယ်ပယ် အစောပိုင်းအဆင့် နှင့် ထို့ထက်နိမ့်သည့် ကျင့်ကြံသူတို့က အထဲက အခြေအနေများက လုံခြုံမှု ရှိသည်အထိ စောင့်စားနေကြသည်။
ရဲ့ချန်ကလည်း အထဲသို့ ၀င်ရောက်လာခဲ့သည်။ ဂိုဏ်းလေးဂိုဏ်းက လူများချည်းသာ ရတနာများကို မောင်ပိုင်စီးမည့် အဖြစ်ကို မည်သူက လိုချင်မည်နည်း။
ဤနေရာတွင် လမ်းကွဲများစွာ ရှိနေသောကြောင့် ဂိုဏ်းအားလုံးက လူစုခွဲပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားကြသည်။
သူ၏အမြန်နှုန်းဖြင့်ဆိုလျှင် ရဲ့ချန်က ဂိုဏ်းကြီးလေးဂိုဏ်း အဖွဲ့ကို အလွယ်တကူ ဖြတ်ကျော်နိုင်ပေသည်။
အထဲတွင် အတော်လေး လျှို့လျှို့ဝှက်ဝှက် ထောင်ထားသည့် ထောင်ချောက် အတော်များများ ရှိပေသည်။ ထိုထောင်ချောက် အားလုံးက ကောင်းကင်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူများကို ခြိမ်းခြောက်ရန် ကောင်းစွာ လုံလောက်ပေသည်။
ဂိုဏ်းကြီးလေးဂိုဏ်းက ကျင့်ကြံသူများသည် ထိုသေမင်း ထောင်ခြောက်များကို သူတို့ကို ထိခိုက်မှု မရှိစေရန် ဂရုတစိုက် ရှောင်ရှားနေရလေသည်။
ရဲ့ချန်က ထိုထောင်ခြောက်များနှင့် ပတ်သက်ပြီး ဂရုစိုက်ခြင်း အလျှင်း မရှိပေ။ သူက ထိုထောင်ချောက်များကို ရှောင်ကွင်းပြီး ရှေ့သို့သာ ဆက်လျှောက်လာခဲ့သည်။
ရဲ့ချန်သည် ရတနာ သို့မဟုတ် အဖိုးတန်းပစ္စည်း တစ်ခုခု တွေ့လိုတွေ့ငြား ခြေဦးတည့်ရာ လျှောက်ပတ် ရှာဖွေနေခဲ့သည်။
သို့သော် မိနစ်အနည်းငယ်ခန့် လျှောက်ပတ် ရှာဖွေပြီးသည့်တိုင် ရဲ့ချန်တစ်ယောက် မည်သည့်အရာမျှ ရှာမတွေ့ပေ။
“ ဒါက ဘာလဲဟ၊ ဘာဖြစ်လို့ ဒီမှာ ရှိတဲ့အခန်းတွေက ဗလာတွေ ဖြစ်နေရတာလဲ၊ ဘာမှလည်း မရှိဘူး “ ရဲ့ချန်သည် ဤနေရာက အခန်းတော်တော်များများကို စစ်ဆေးပြီးပြီ ဖြစ်သည်။ သူစစ်ဆေးခဲ့သည့် အခန်းများက အားလုံး ဗလာချည်းသာ ဖြစ်နေသည်။ ထိုအခန်းများထဲတွင် ဖုန်များနှင့် အမှိုက်သရိုက်များသာ ရှိနေသည် မဟုတ်ပါလား။
ရဲ့ချန် ရှေ့သို့ ဆက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ဆိုစေ အဖိုးတန်ပစ္စည်းတစ်ခုခုတော့ သူ ရကိုရရပေမည်။ အချိန်အတော်ကြာ လျှောက်သွားပြီးနောက် အခန်းလွတ်များချည်းသာ ရဲ့ချန် တွေ့ခဲ့ရ၏။
ရဲ့ချန် ရုတ်တရက် ရပ်တန့်လိုက်သည်။ တစ်စုံတစ်ခုက ကျောက်ခင်းအောက်မှ ရုန်းထွက်ရန် ကြိုးစားနေသည် မဟုတ်ပါလား။ ထိုကျောက်တုံးက အပေါ်သို့ စတင်မြင့်တက်လာပြီး မျက်နှာပြင်က ဧရာမဘီလူးကြီးပုံစံ ဖြစ်သွားလေသည်။
ယင်းက ကျောက်ဘီလူး မှော်သားရဲတစ်ကောင် ဖြစ်သည်။ ထိုဘီလူးကြီးက အမြင့် သုံးမီတာရှိပြီး အနံက တစ်မီတာခွဲ ရှိပေသည်။ ကျောက်ဘီလူးများက ခုခံမှုအပိုင်းတွင် အားကောင်းသလို တိုက်ခိုက်မှုအပိုင်းတွင်လည်း အားကောင်းလှပေသည်။ သူတို့၏အားနည်းချက်က လှုပ်ရှားမှု အင်မတန် နှေးကွေးခြင်းသာ ရှိပေသည်။
ထိုနေရာတွင် ရဲ့ချန်၏လမ်းကို ပိတ်ဆို့ထားသည့် ကျောက်ဘီလူး အကောင်နှစ်ဆယ်ကျော်ခန့် ရှိသည်။
ထိုကျောက်ဘီလူး တစ်ကောင်ချင်းစီက ကောင်ကင်နယ်ပယ် အဆင့်ခုနှစ် အင်အားနှင့် ညီမျှပေသည်။ ထိုအလွန်တရာ ကြီးမားလှသော အရွယ်အစားကြီးကြောင့် ရဲ့ချန်၏အနီးက မြေပြင်များပင် တဝုန်းဝုန်း မြည်နေပေသည်။
ကျောက်ဘီလူးကြီးများက ရဲ့ချန်ဆီသို့ နှေးကွေးစွာ ဦးတည်လာကြသည်။
“ ငါ့ရှေ့က ထွက်သွားစမ်း “ ယခု ရဲ့ချန်၏ရင်ထဲတွင် ပန်းများ ပွင့်နေခြင်း မဟုတ်ပေ။ သူက ခုချိန်ထိ အဖိုးတန်းပစ္စည်း သို့မဟုတ် ရတနာ တစ်ခုခုပင် ရှာမတွေ့သေးဘူး မဟုတ်လား။
ထို့အပြင် ဤရုပ်ဆိုးဆိုး ဘီလူးများက သူ၏လမ်းကို ပိတ်ဆို့ထားသေးသည်။
“ ဘမ်း … ဘမ်း … ဘမ်း … ဘမ်း … ဘမ်း “ ရဲ့ချန်က ထိုကျောက်ဘီလူးများကို အစိတ်ပိုင်များ ဖြစ်သွားအောင် ကန်လွှတ်လိုက်သည်။
ကျောက်ဘီလူး ဆယ့်ငါးကောင်က အထိခိုက် မခံဘဲ နောက်သို့ ပြန်ဆုတ်သွားသည်။ သူတို့သည် ရဲ့ချန်က သူတို့ထက် အားသာကြောင်း သတိထားမိသွားသည်။ ထို့ကြောင့် ကျောက်ဘီလူး ဆယ့်ငါးကောင်က တစ်စုတစ်စီးတည်း ပူးပေါင်းသွားကြပြီး နဂိုထက်ကြီးသည့် ကျောက်ဘီလူးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
ယခုတော့ ကျောက်ဘီလူးကြီး၏အမြင့်က မီတာနှစ်ဆယ်ထိ ရှိသွားပြီး အကျယ်က ဆယ်မီတာထိ ရှိသွားပြီ ဖြစ်သည်။ ကျောက်ဘီလူးကြီး၏ စွမ်းအားကလည်း ပူးပေါင်းပြီးနောက် ထပ်ခါထပ်ခါ တိုးတက်လာခဲ့သည်။ ယခု ထိုကျောက်ဘီလူးကြီး၏အင်အားက အင်ပါယာနယ်ပယ် အဆင့်တစ်ဆယ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ထိုကျောက်ဘီလူးကြီးက ဆေးလိပ်သောက်နေသည့် လူတစ်ယောက်ကဲ့သို့ နှာခေါင်းမှ အခိုးအငွေ့များ ထုတ်လွှတ်နေသည်။ သူ၏မျက်လုံးကလည်း သွေးကဲ့သို့ နီရဲနေသည်။ ယခု ကျောက်ဘီလူးကြီး၏ပုံစံက အတော်လေး ခြောက်ခြားစရာ ကောင်းနေပြီ ဖြစ်၏။
“ ဒီတော့ မင်းတို့က အင်အားကို ပူးပေါင်းလို့ ရတယ်ပေါ့၊ ကောင်းပြီလေ၊ မင်းတို့ကောင်တွေ ဘယ်လောက်မိုက်မိုက် ကိစ္စမရှိဘူး၊ မင်းတို့ကို ငါ အပိုင်းပိုင်းဖြစ်အောင် ဖျက်ဆီးပြမယ် “ ရဲ့ချန်က လက်သီးဖြင့် ထိုးချလိုက်တော့သည်။
“ ဂါး … “ ကျောက်ဘီလူးကြီးက မာန်ဖီလိုက်သည်။ ထိုအကောင်ကြီးက ရဲ့ချန်ပြောခဲ့သည့် လူသားဘာသာစကားကို နားလည်ပုံ ပေါ်လေသည်။
ကျောက်ဘီလူးကြီးက လက်တစ်ဖက်ကို မြှောက်လိုက်သည်။ ထို့နောက် အောက်တွင် ရှိနေသည့် ရဲ့ချန်ကို ထိုးချရန် ပြင်လိုက်သည်။
“ ဒုန်း … “ ကျောက်ဘီလူးကြီး၏ လက်သီးချက်က ရဲ့ချန်နှင့် အနီး၀န်းကျင်က ကျောက်ကြမ်းပြင်များကို ကြမ်းတမ်းစွာ ထုချေမိသွားသည်။ ထူးထူးဆန်းဆန်း ထိုကျောက်ဘီလူးကြီး၏ တိုက်ခိုက်မှုကြောင့် ကျောက်ကြမ်းပြင်များက အနည်းငယ်မျှပင် ထိခိုက်မှု မရှိခဲ့ပေ။
ထိုစွမ်းအား၏သက်ရောက်မှုဖြင့် ရဲ့ချန်အောက်က ကြမ်းပြင်များက အစိတ်စိတ် အမွာမွာ ဖြစ်ပြီး နေရာတိုင်းကို ပြန့်ကြဲသွားသင့်သည် မဟုတ်ပါလား။
ကျောက်ဘီလူးကြီးက သူ၏လက်ကို အပေါ်သို့ ပြန်ဆွဲရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။ ယင်းသည် တစ်ခုခုက သူ၏လက်ကို ဆွဲထားသောကြောင့် ထိုသို့ လုပ်နေရပုံ ပေါ်နေ၏။
ကျောက်ဘီလူးကြီး လက်အောက်တွင် ရဲ့ချန်က ကျောက်လက်ကြီးတစ်ဖက်ကို တင်းကျပ်စွာ ဖက်တွယ်ထားသည်။
“ ဟီဟီဟီ … မင်း အဆင်သင့် ဖြစ်ပြီလား “ ရဲ့ချန်က ထိုကျောက်ဘီလူးကြီးကို လက်ကဆွဲပြီး ကိုင်ပေါက်ချလိုက်သည်။
ယင်းက အလွန်တရာ ရှားပါးသည့် မြင်ကွင်း ဖြစ်သည်။ သေးငယ်သည့် လူသားလေးတစ်ယောက်က မီတာနှစ်ဆယ်ခန့် ရှိသော ဧရာမ ကျောက်ဘီလူးကြီးကို ကိုင်ပေါက်ပစ်လိုက်သည် မဟုတ်ပါလား။
“ ဘုန်း … “ ဧရာမ ကျောက်ဘီလူးကြီးက ရဲ့ချန်၏ကိုင်ပေါက်ချက်ကို ပြင်းပြင်းထန်ထန် ခံလိုက်ရသည်။
သူ၏ခန္ဓာကိုယ်က ကြီးလွန်းသည့်အတွက် ကျောက်ဘီလူးကြီးက ပြန်ထရန် ခက်ခဲနေပေသည်။
ရဲ့ချန်က ကျောက်ဘီလူးကြီး၏ ဦးခေါင်းပေါ်သို့ ခုန်တက်လိုက်သည်။ “ ကျောက်ဘီလူးကြီး၊ မင်းက ပြိုင်ဘက်တစ်ယောက်ကို လိုက်ရှာနေတာနဲ့တူတယ် “ ရဲ့ချန်က ကျောက်ဘီလူးကြီး၏ခေါင်းကို အကြိမ်များစွာ နင်းချလိုက်သည်။
ကျောက်ဘီလူးကြီးက ဒေါသ အမျက်ချောင်းချောင်း ထွက်နေပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က ကျောက်တုံးပျော့ပုံစံတစ်ခုသို့ ပြောင်းလဲလာခဲ့သည်။ ဤအကူအညီဖြင့် သူက ရဲ့ချန်၏ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်ရန် ကြံရွယ်နေခြင်း ဖြစ်ပုံရသည်။ လောလောဆယ် ရဲ့ချန်က ကျောက်ဘီလူးကြီး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေခြင်း ဖြစ်သည်။ ကျောက်ဘီလူးကြီး၏ခန္ဓာကိုယ်သည် အနီး၀န်းကျင်က စကျင်ကျောက်တစ်ခဲလို ဖြစ်လာတော့သည်။
ထို့နောက် ကျောက်ဘီလူးကြီး၏ခန္ဓာကိုယ်သည် စကျင်ကျောက်တစ်ခဲ၏ အရွယ်အစားသို့ နည်းနည်းချင်း နည်းနည်းချင်း ကျုံ့၀င် သေးငယ်လာတော့သည်။
ယင်းသည် ကျောက်ဘီလူးကြီးက ရဲ့ချန်ကို အစိတ်အပိုင်းများအဖြစ် ဖောက်ကွဲရန် ကြံရွယ်နေခြင်း ဖြစ်သည်။
“ ဥက္ကာခဲအကျိုး ပစ်လွှတ်ခြင်း … ဘမ်း “ ရဲ့ချန်က ကျောက်ဘီလူးကြီးကို အတွင်းထဲကနေ ဖျက်ဆီးပစ်လိုက်သည်။
ဧရာမ ကျောက်ဘီလူးကြီး၏ခန္ဓာကိုယ်က အစိတ်ပိုင်း တစ်ရာကျော်လောက် ပျက်ထွက်ကုန်ပြီး နေရာအနှံ့ ပျံ့ပျံ့ကြဲသွားလေသည်။
“ ဘမ်း … ဘမ်း … ဘမ်း … ဘမ်း “ ကျောက်ဘီလူးကြီး၏ခန္ဓာကိုယ် အစိတ်အပိုင်းများက ပြိုကျနေသည့် လိုဏ်ဂူတစ်လုံးကဲ့သို့သော အသံများ ထွက်လာခဲ့သည်။
ရဲ့ချန်က ကျောက်ဘီလူးကြီးခန္ဓာကိုယ်က ကျန်ရစ်ခဲ့သည့် ကျောက်အစအနများ ကြားတွင် မတ်တတ်ရပ်နေသည်။
ရဲ့ချန်တစ်ယောက် ၀န်းကျင်ကို လှည့်ကြည့်လိုက်သောအခါ အစိတ်အပိုင်းများကြားတွင် စိတ်၀င်စားစရာ ကောင်းသည့်အရာတစ်ခုကို တွေ့လိုက်ရသည်။ ယင်းက မှော်သားရဲ အူတိုင်တစ်ခု ဖြစ်ပေသည်။ ရဲ့ချန်က ထိုအူတိုင် တည်ရှိရာသို့ လျှောက်လာခဲ့သည်။
Nt ; အူတိုင်ဆိုတာက မှော်သားရဲတွေရဲ့ အူတိုင်ပါ။ အူတိုင်တွေက မှော်ပစ္စည်း အသုံးအဆောင်တွေ၊ ဆေးဖော်စပ်တဲ့ နေရာတွေ အဲလိုနေရာတွေမှာ အသုံးပြုရတယ်။ ကျင့်ကြံသူတွေရဲ့ လောကမှာ အူတိုင်တွေက အတော်အတန် စျေးကြီးတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ အူတိုင်ရဲ့အဆင့်က ပိုမြင့်လေ စျေးနှုန်းက ပိုပြီး မြင့်လေ ဖြစ်ပါတယ်။
ရဲ့ချန်က ကျောက်တုံး အစိတ်အပိုင်းများကို ရှင်းလင်းလိုက်သည်။ အချိန်တစ်ခဏခန့် ရှာဖွေပြီးနောက် ရဲ့ချန်က ဧရာမ ကျောက်ဘီလူးကြီး၏ အူတိုင်ကို ရှာတွေ့သွားပြီ ဖြစ်သည်။
ယင်းက ရဲ့ချန် ရှာဖွေတွေ့ရှိခဲ့သည့် တစ်ခုတည်းသော အူတိုင်ဖြစ်သည်။ အစက ကျောက်ဘီလူး အကောင်နှစ်ဆယ်ကျော်မှ အူတိုင်က တစ်ခုတည်း ရှိပုံပေါ်သည်။ သို့သော် ကျောက်ဘီလူးများက အရေအတွက် များများတိုက်ခိုက်ရန် ခွဲထွက်နိုင်စွမ်းတော့ ရှိပေသည်။
ရဲ့ချန်က ထိုအူတိုင်ကို ကောက်ယူပြီး နတ်သမီးတံခါး၀ထဲက သိုလှောင်ခန်းမထဲသို့ ထည့်ထားလိုက်သည်။ “ ဆိုးတော့ မဆိုးပါဘူး၊ အနည်းဆုံးတော့ တစ်ခုခု ရခဲ့ပြီပေါ့လေ “ ယင်းက ဘာမျှ မရရှိသည်နှင့် စာလျှင် အများကြီး ပိုကောင်းသည် မဟုတ်ပါလား။
ရဲ့ချန်က ခရီးကို ဆက်လက် ထွက်လာခဲ့သည်။ သူသည် ရှေ့တွင် တစ်ခုခုတော့ ထပ်မံ ရှာတွေ့လိုသေးသည် မဟုတ်ပါလား။
ရဲ့ချန်တစ်ယောက် အချိန်အတော်ကြာအောင် လမ်းလျှောက်လာခဲ့သည်။ ရှေးဟောင်းရတနာသိုက်ထဲက အမြင်မှားစေသည့် ၀င်္ကပါတစ်ခုနှင့် အမှန်တကယ် တူလှပေသည်။ ရဲ့ချန်က နေရာတစ်ခုတည်းကို အကြိမ်များစွာ လှည့်ပတ်နေရသည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now