အခန်း (၁၉၃) ကျေးဇူးပြုပြီး ငါ့ကို နှိပ်ပေးပါ

247 17 0
                                    

“ ဟီဟီဟီ … ချယ်ရီပန်းပွင့်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်က အတော်လေး ဥာဏ်ကောင်းတဲ့ မိန်းမတစ်ယောက်ပဲကိုး “ ရဲ့ချန်က အားနည်းသည့် ကျင့်ကြံသူလေးအဖြစ် ဟန်ဆောင်မနေတော့ပေ။ ထိုမိန်းကလေးက သူမ၏ပတ်၀န်းကျင်က အခြေအနေများကို ဆန်းစစ်ရန် အတော်လေး ဥာဏ်ကောင်းလှသည် မဟုတ်ပါလား။
“ ခစ်ခစ်ခစ် … နင်က ငါ့ကို မြှောက်ပြောလွန်းတာပဲ၊ ဒါနဲ့ နင်နာမည်ကရော ဘယ်လိုခေါ်လဲ “ ချင်းချမ်က ရဲ့ချန်၏နာမည်ကို မသိသေးချေ။
“ ကျုပ်နာမည်က ရဲ့ချန်ပါ “ ရဲ့ချန်က သူ၏အမည်ရင်းကိုသာ ပြောလိုက်၏။
“ ရဲ့ချန်တဲ့လား၊ အတော်ကောင်းတဲ့ နာမည်ပဲ “ ချင်းချမ်က ရဲ့ချန်၏နာမည်ကို ချီးကျူးလိုက်သည်။
“ ဒီတော့ ရဲ့ချန်၊ နင်က ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းက အဖွဲ့၀င်တစ်ယောက်လား ဒါမှမဟုတ် အစိုးရပိုင် အဖွဲ့အစည်း တစ်ခုခုကလား၊ ငါသိလို့ ရမလား “ ချင်းချမ်က မေးလိုက်သည်။
“ မဟုတ်ဘူး၊ ကျုပ်က လွတ်လပ်တဲ့ ကျင့်ကြံသူတစ်ယောက်ပါ၊ ဘယ်ဂိုဏ်းဂဏကမှ မဟုတ်သလို ဘယ်အဖွဲ့အစည်းကမှလည်း မဟုတ်ပါဘူး “ ရဲ့ချန်သည် မည်သည့် ဂိုဏ်း သို့မဟုတ် အဖွဲ့အစည်းမှ မ၀င်ထားကြောင်း ပြောပြလိုက်သည်။
“ ကောင်းတယ်၊ ဒါဆို ငါတို့ဂိုဏ်းထဲ၀င်ဖို့ရော နင်စိတ်၀င်စားလား “ ချင်းချမ်သည် ရဲ့ချန်ကို ချယ်ရီပန်းပွင့်ဂိုဏ်းထဲသို့ ၀င်ရန် ဖိတ်ခေါ်လိုက်သည်။
“ ဟင် … “ ရဲ့ချန်သည် ချင်းချမ်က သူ့ကို ချယ်ရီပန်းပွင့်ဂိုဏ်းထဲ ၀င်ဖို့ ဖိတ်ခေါ်မည်ဟု မျှော်လင့်မထားပေ။ မည်သည့် အကြောင်းပြချက်ကြောင့် သူမက သူ့ကို ချယ်ရီပန်းပွင့်ဂိုဏ်းထဲ ၀င်ရန် ဖိတ်ခေါ်ရသနည်း။
ရဲ့ချန်က ဇဝေဇ၀ါ ဖြစ်နေသည်ကို ကြည့်ရင်း ချင်းချမ်က ချက်ချင်း ပြောလိုက်သည်။ “ ရဲ့ချန်၊ နင်ဘာမှ စိုးရိမ်နေစရာ မလိုပါဘူး၊ ငါတို့ဂိုဏ်းက တခြားဂိုဏ်းတွေလို စည်းကမ်းတွေလည်း များများစားစား မရှိပါဘူး၊ ငါတို့က ငါတို့ရဲ့ဂိုဏ်းတပည့် ဒါမှမဟုတ် အဖွဲ့၀င်တွေ မလုပ်ချင်တဲ့ဟာတွေကို အတင်းတွန်းအားပေးပြီး မခိုင်းပါဘူး “ ချင်းချမ်သည် ချယ်ရီပန်းပွင့်ဂိုဏ်းအကြောင်းကို ရဲ့ချန်အား ရှင်းပြလိုက်သည်။
“ ကျုပ်ကို ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ခင်ဗျားရဲ့ကမ်းလှမ်းချက်ကို ကျုပ်စဉ်းစာထားလိုက်ပါ့မယ် “ ရဲ့ချန်က ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
“ ဟူး … “ ချင်းချမ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး “ ရဲ့ချန်၊ နင်သေချာရဲ့လား၊ ငါတို့ဂိုဏ်းထဲ ၀င်မယ်ဆိုရင် ဂိုဏ်းတပည့်မလေးတွေ ကြားမှာ နင်က ရေပန်းစားမှာ အသေအချာပဲ၊ အရာအားလုံး ပြီးဆုံးသွားတော့၊ ငါတွေ့ခဲ့ဖူးသမျှ ယောက်ျားတွေထဲမှာ နင်က အချောဆုံးပဲ “ ချင်းချမ်သည် ယောက်ျားအားလုံး မငြင်းဆန်နိုင်လောက်သည့် မက်လုံးမျိုးဖြင့် ကမ်းလှမ်းလိုက်သည်။
ချယ်ရီပန်းပွင့်ဂိုဏ်းသို့ ၀င်လိုသည့် ကျင့်ကြံသူအမျိုးသား များစွာ ရှိပေသည်။ သူတို့က ချယ်ရီပန်းပွင့်ဂိုဏ်းက အလှကလေးများအား နှစ်သက်ခံစားလိုသည် မဟုတ်ပါလား။ ကံမကောင်းစွာ ချယ်ရီပန်းပွင့်ဂိုဏ်း၏ လိုအပ်ချက်များသည် ယောက်ျားသားများအတွက် အလွန်တရာ မြင့်မားလှပေသည်။
ချယ်ရီပန်းပွင့်ဂိုဏ်းတွင် မိန်းကလေးများနှင့် ယှဉ်လျှင် ယောက်ျားလေးဦးလေးက တစ်ဆယ်ရာခိုင်နှုန်းသာ ရှိပေသည်။
“ တစ်နေ့နေ့ ကျုပ်စိတ်ပြောင်းလာတဲ့ အခါကျရင် အဲဒီကို လာချင် လာခဲ့မယ် “ ရဲ့ချန်က ချင်းချမ်၏ဖိတ်ခေါ်မှုကို ငြင်းဆန်နေဆဲသာ ရှိသေး၏။
“ ဆိုးလိုက်တာ “ ရဲ့ချန်က သူမ၏ဖိတ်ကြားချက်ကို ငြင်းဆန်လိုက်သောအခါ ချင်းချမ်တစ်ယောက် စိတ်မကောင်း ဖြစ်သွား၏။
ချင်းချမ်သည် ရဲ့ချန်ကို နည်းနည်းလောက် ဒုက္ခပေးရန် စိတ်ကူးရသွားသည်။ ထို့နောက် သူမက ယခင် ရဲ့ချန် အိပ်ခဲ့သည့် အိပ်ရာပေါ်သို့ မှောက်လျှက် လှဲချလိုက်သည်။
“ ရဲ့ချန်၊ ငါ့ကို ခဏလောက်ဖြစ်ဖြစ် နှိပ်ပေးပါလား၊ ငါခရီးရှည်ကြီး နှင်လာရတော့ တအား ပင်ပန်းနေလို့ပါ “ ချင်းချမ်က အတော်လေး ရဲတင်းစွာ သူမ၏ဖြူဖွေးနေသည့် ပေါင်တံလေးကို နှိပ်ပေးရန် ခိုင်းနေတော့သည်။
ယခု သူမ၏ပုံစံက မည်သည့်ယောက်ျားသားမျှ ဣနြေ္ဒဆည်နိုင်သည်အထိ ညှို့ဓာတ် ပြင်းလွန်းလှချေသည်။
“ ရဲ့ချန်၊ မင်းစိတ်လျော့စမ်း၊ စိတ်လျော့ … စိတ်လျော့ “ ရဲ့ချန်သည် ကိုယ့်ကိုယ်ကိုယ် စိတ်တင်းထားရန် ကြိုးစားနေရသည်။ ထိုမိန်းကလေးက ကျီစယ်ရာတွင် မွေးရာပါ အရည်အချင်းရှိသူ တစ်ယောက်ပင်လော။
“ လာစမ်းပါ၊ ငါ့ကို ခဏလောက် ကူညီပေးပါဆို “ ရဲ့ချန်က ဤကဲ့သို့ အခြေနေတွင်ပင် တောင့်ခံနိုင်သေးသည်ကို မြင်ပြီး ချင်းချမ်သည် အလွန်တရာ သိမ်မွေ့ပြီး ဆွဲဆောင်မှု ရှိသည့်အသံဖြင့် ပြောလိုက်တော့သည်။
ချင်းချမ်သည် သူမကို တွေ့တိုင်း မသိကျိုးကျွံပြုနေသည့် ရဲ့ချန်ကို အမှန်တကယ် အမြင်ကပ်နေပြီ ဖြစ်သည်။ ချင်းချမ်သည် အသက်ခုနှစ်ဆယ်ကျော် ရှိနေသည့်တိုင် သူမ၏ရုပ်ရည်နှင့် ညှို့ဓာတ်အလှက အသက်နှစ်ဆယ်အရွယ် မိန်းကလေးတစ်ယောက်အတိုင်းသာ ရှိနေသေးသည် မဟုတ်ပါလား။
ချင်းချမ်သည် ချယ်ရီပန်းပွင့်ဂိုဏ်းတွင် အလှဆုံး မိန်းကလေးသုံးယောက်အနက် တစ်ယောက်ဖြစ်သည်နှင့်အညီ သူမ၏အလှက မေးခွန်းထုတ်စရာ မလိုချေ။
ထိုမိန်းကလေးက သူ့ကို ဆက်လက် ကျီစယ်နေသည်ကို ကြည့်ရင်း ရဲ့ချန်၏ခေါင်းထဲတွင် ညစ်ကျယ်ကျယ်နိုင်သည့် အတွေးတစ်ခုက ပေါ်လာတော့သည်။ ရဲ့ချန်က အိပ်ရာပေါ်တွင် လှဲနေသည့် ချင်းချမ်ကို ပြီတီတီ အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။
“ ဟီဟီဟီ … ငါ့ကို ဖျားယောင်းတဲ့အတွက် ဒီမိန်းမကို နောင်ကျဉ်သွားအောင် လုပ်လိုက်ရသေးတာပေါ့ “ ရဲ့ချန် စိတ်ထဲက ပြောလိုက်သည်။
ရဲ့ချန်သည် အိပ်ရာဆီသို့ လျှောက်သွားပြီး သူ၏လက်များကို ဖြေလျော့ထားလိုက်သည်။ “ ချယ်ရီပန်းပွင့်ဂိုဏ်းက ခေါင်းဆောင်၊ ခင်ဗျား အဆင်သင့် ပြင်ဆင်ထားပါ “ ရဲ့ချန်သည် သူ၏နှိပ်နယ်မှုကို ခံယူဖို့ အသင့်ပြင်ထားရန် ပြောလိုက်သည်။
“ ငါ့ကို တခမ်းတနားတွေ ခေါ်နေစရာ မလိုပါဘူး၊ ချင်းချမ်လို့ ခေါ်ရင် ရပြီ “ ရဲ့ချန်က သူမတို့၏ဂိုဏ်းကို မ၀င်လိုသောကြောင့် သူမက ရဲ့ချန်နှင့် သူငယ်ချင်းကောင်းတစ်ယောက်တော့ ဖြစ်လိုသည် မဟုတ်ပါလား။
“ ချင်းချမ်၊ ကျုပ် စတော့မယ်နော် “ ရဲ့ချန်၏လက်ချောင်းများက ချင်းချမ်၏ကျောကို စတင် နှိပ်နယ်တော့သည်။
“ အ … “ ရဲ့ချန်၏လက်များက သူမ၏ကျောပေါ်သို့ ရောက်လာသောအခါ ချင်းချမ်တစ်ယောက် အသာအယာ ညည်းညူလိုက်မိသည်။
ရဲ့ချန်၏အထိအတွေ့က သူမအတွက် လျှပ်စစ် ဓာတ်လိုက်သလို မိုက်ခနဲ့ ဖြစ်သွားစေသည်။ ထိုခံစားချက်က အလွန်တရာ ကောင်းမွန်လှချေသည်။
“ ဒီလူရဲ့အနှိပ်အနယ်က ဘာဖြစ်လို့ ဒီလောက်အထိ ကောင်းနေရတာလဲ၊ သူထိလိုက်တဲ့ခဏလေးက ငါ့အတွက် ကောင်းကင်ပေါ်မှာ ပျံဝဲနေရသလိုပဲ “ ချင်းချမ်၏ခန္ဓာကိုယ်က ပိုးဖလံတစ်ကောင်ကဲ့သို့ တွန့်လိမ်ကောက်ကွေး လာတော့သည်။ ရဲ့ချန်၏အထိအတွေ့ကြောင့် သူမ အထွတ်အထိပ် ရောက်မတက်ပင် ဖြစ်သွားရသည်။
“ ရဲ့ချန်ရယ် … ခဏလောက် နေပါဦး၊ ငါ့ကို နားခွင့်ပေးပါဦးဟယ် “ ချင်းချမ်က ရဲ့ချန်ကို ရပ်တန့်ရန် ပြောလိုက်သည်။ သူမကိုယ်သူမ အထွတ်အထိပ် ရောက်ခါနီးသလို ခံစားလိုက်ရသည် မဟုတ်ပါလား။ ယင်ယန်ကျင့်စဉ်ကို လေ့ကျင့်နေသည့် ကျင့်ကြံသူတစ်ယောက်သည် အဘယ်ကြောင့် ဤမျှ လွယ်လွယ်ကူကူ ရှုံးနိမ့်သွားရသနည်း။
ရဲ့ချန်ကို ဖျားယောင်းရန် ကြိုးစားနေသည့် ချင်းချမ်က ရဲ့ချန်၏အနှိပ်အနယ်အောက်တွင် အရှုံးပေးသွားပြီ ဖြစ်သည်။
“ ကျုပ်နှိပ်တာက အခုမှ စမလို့ပဲ ရှိသေးတယ်၊ ခင်ဗျား ခံစားလိုက်ပါဦး “ ရဲ့ချန်က ညစ်ကျယ်ကျယ် တစ်ချက် ပြုံးပြလိုက်သည်။ သူ၏နှိပ်နယ်မှုကိုလည်း ချင်းချမ်၏ကျောပေါ်ကနေ မရုတ်သိမ်းပေ။
“ နေဦး … နေဦး … အား … ကျေးဇူးပြုပြီး ရပ်လိုက်ပါ “ ချင်းချမ်တစ်ယောက် ရူးသွပ်လုမတက် ဖြစ်သွားတော့သည်။ ရဲ့ချန်၏အနှိပ်အနယ် ကျွမ်းကျင်မှုက စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်ပေ။ ထိုကဲ့သို့သော အရာမျိုးကို ချင်းချမ်၏ဘ၀တစ်လျှောက် တစ်ခါမျှ မခံစားခဲ့ဖူးပေ။
“ မဟုတ်ဘူး … မဟုတ်ဘူး “ အတွေ့အကြုံ ရင့်ကျက်လှသည့် ချင်းချမ်တစ်ယောက် လျင်မြန်စွာ ပြီးသွားလေသည်။ ရဲ့ချန် ပေးစွမ်းသည့် သာယာမှုများကြောင့် သူမ၏ခန္ဓာကိုယ်ကလည်း တဆတ်ဆတ် တုန်ရီနေပြီ ဖြစ်သည်။
ရဲ့ချန်သည် ရေထဲကနေ ကုန်းပေါ်သို့ ရောက်လာသည့် ငါးတစ်ကောင်လို ဖြစ်နေသော ချင်းချမ်ကို ကြည့်ပြီး ပြုံးမိသွားသည်။ သို့သော် ယင်းက အစသာ ရှိပေသေးသည်။ ထို့ကြောင့် ရဲ့ချန်က ချင်းချမ်၏တစ်ကိုယ်လုံးကို ဆက်လက် နှိပ်နယ်လိုက်တော့သည်။
ချင်းချမ်၏ အသားအရေများက အလွန်တရာ နူးညံ့ပြီး စီးပိုင်နေပေသည်။ ထိုမိန်းကလေးက သူမ၏ခန္ဓာကိုယ်ကိုတော့ ကောင်းကောင်း ဂရုစိုက်ပုံ ပေါ်သည်။
“ ရဲ့ချန်၊ ရပ်ပါတော့ဟယ်၊ ငါ နောက်ပြီးမှ ထပ်ပြီး အနှိပ်ခံပါ့မယ် “ ချင်းချမ်က ရဲ့ချန်၏လက်ကို တားဆီးရန် ကြိုးစားလိုက်သည်။ သို့သော် ရဲ့ချန်၏လှုပ်ရှားမှုများကို တားဆီးရန် အင်အားမရှိတော့သလို ခံစားလိုက်ရ၏။ သူမ၏ခန္ဓာကိုယ်ကလည်း အတော်လေး နွမ်းလှနေသလို ခံစားနေရသည် မဟုတ်ပါလား။
ချင်းချမ်သည် အထိတ်တလန့် ဖြစ်လာတော့သည်။ ရဲ့ချန်၏အနှိပ်အနယ်ကလည်း လုံး၀ အံ့မခန်းပင် ဖြစ်သည်။ အစက ရဲ့ချန်ကို စလိုသည့်လူက သူမဖြစ်သည်။ ယခုတော့ သူမက အသတ်ခံရန် စောင့်စားနေသည့် သိုးငယ်လေးတစ်ကောင် ဖြစ်သွားပြီ မဟုတ်ပါလား။
“ အား … အား … အ … အ … အ … အ … ကယ်ကြပါဦး … ကယ်ကြပါဦးရှင့် … ကယ်ကြပါ “ ချင်းချမ်သည် တစ်ဖက်ခန်းက သူမ၏အဖွဲ့များကို အကူညီလှမ်းတောင်းရန် ကြိုးစားနေလေသည်။
ကံမကောင်းသည်ကား ရဲ့ချန်က အခန်းထဲတွင် အကာအကွယ်တစ်ခု ခင်းကျင်းထားပြီးပြီ ဖြစ်သည်။ ထို့ကြောင့် အပြင်ဘက်က လူများက အခန်းထဲရှိနေသည့် ချင်းချမ်း၏ညည်းညူသံကို ကြားနိုင်မည် မဟုတ်ပေ။
အစကနေ အဆုံးထိ ရဲ့ချန်က သူ့ကိုယ်သူ ချုပ်တည်းထားရန် ကြိုးစားနေရသည်။ ချင်းချမ်၏ မထိတထိ ညည်းသံလေးက ရဲ့ချန်၏စိတ်ကို ယိမ်းယိုင်လုမတက် ဖြစ်စေသည် မဟုတ်ပါလား။ ကံကောင်းထောက်မစွာ ရဲ့ချန်က သူ၏တက်မက်စိတ်ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
ဆယ်ငါးမိနစ်ခန့် နှိပ်နယ်ပေးပြီးသော် ချင်းချမ်က အ၀တ်စလေးပုံထားသလို ပျော့ဖက်စွာ လှဲကျနေပြီ ဖြစ်၏။ ဤတစ်ကြိမ်တွင် သူမ အတော်လေး ပင်ပန်းသွားသည်ဟု ချင်းချမ် ခံစားလိုက်ရသည်။
ချင်းချမ်တစ်ယောက်ကို အသက်ကို ဖုတ်လိုက်ဖုတ်လိုက် ရှူနေရသည်။ ခန္ဓာကိုယ်က အစိတ်ပိုင်း အားလုံးသည်လည်း လှုပ်ပင် မလှုပ်နိုင်တော့ပေ။ ရဲ့ချန်၏အနှိပ်အနယ် ကျွမ်းကျင်မှုက လုံး၀ အံ့မခန်းပင် ဖြစ်သည်။ ဤကဲ့သို့ ကောင်းကင်ထက်တွင် ပျံဝဲနေသလို ခံစားချက်မျိုးအား ချင်းချမ်ဘ၀တစ်လျှောက် တစ်ခါမျှ မခံစားဖူးခဲ့ပေ။
ဤအချိန်တွင် ရဲ့ချန်၏အိပ်ရာက ချင်းချမ်၏ညီမလေးဆီက ထွက်လာသည့် အရည်များဖြင့် စိုရွှဲနေပြီ ဖြစ်သည်။ ဤမိန်းကလေးသည် ရဲ့ချန် စတင် နှိပ်နယ်ကတည်းက အကြိမ်ရေ ဒါဇင်ခန့် ပြီးသွားခဲ့သည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now