အခန်း (၁၀) စုမန်ချီ

532 54 0
                                    

​ကျက်သရေရှိစွာ မှေးစက်နေသော မိန်းကလေးကို ငေးကြည့်နေရင်း ရဲ့ချန် သူမကို မနှိုးရက်တော့ပါချေ။ ထို့ကြောင့် သူထားခဲ့သော ကြေးစားတွေဆီ ထွက်သွားလိုက်သည်။ သူထိုနေရာသို့ ရောက်ရှိလာသောအခါ လူတိုင်းလူတိုင်းက လည်ပင်း၌ ဒဏ်ရာတစ်ခုစီနှင့် အသက်ခံထားရသည်။ ခေါင်းတုံးပြောင်တစ်ယောက် မရှိတာကလွဲရင် အရာအားလုံးက အရင်တိုင်းရှိနေဆဲပါ။

အသစ်ဖြစ်ပေါ်နေသော ခြေရာတွေကို ရဲ့ချန်မြင်လိုက်ရသည်။ ထိုခြေရာပိုင်ရှင်က ခေါင်းတုံးပြောင်​၏သူငယ်ချင်းဖြစ်မည်ဟု သူခန့်မှန်းမိသည်။ မီးနစ်နှစ်ဆယ်အတွင်း သူတို့ဟာ အတော်ဝေးဝေးသို့ ရောက်ရှိလောက်ပြီဟု ထပ်ပြီး သိလိုက်သည်။ ရဲ့ချန် ထိုလူတွေကို လိုက်လံဖမ်းဆီးချင်ပါတယ်။ သို့သော် သူ့မှာ အမျိုးသမီးကို စောင့်ရှောက်ရမယ့် တာဝန်က ရှိသေးသည်။ သူ ကြောက်ရွံ့နေမှာမဟုတ်ပါဘူး။ သူတို့သာ ဦးနှောက်ရှိမယ်ဆိုလျှင် သူ့ကို နောက်ထပ် ရန်စရဲတော့မှာ မဟုတ်ပါဘူး။

ထို့ကြောင့် ရဲ့ချန် အမျိုးသမီးအိပ်နေသော သစ်ပင်ဆီ ပြန်သွားဖို့ ဆုံးဖြတ်လိုက်သည်။

" ဟာ ဟုတ်သားပဲ...ငါ့ရဲ့ ကြက်ကင်ကို မေ့တော့မလို့..." ရဲ့ချန် ကြက်ကင်ကို မေ့လုနီးပါး ဖြစ်နေခဲ့ပါတယ်။ ထို့ကြောင့် သစ်ပင်ဆီ ပြန်မသွားခင် ကြက်ကင်ကို အရင်သွားယူဖို့ ထွက်လာလိုက်ပါတယ်။ ကံကောင်းထောက်မစွာပင် အနီးအနားက သားရဲကြီးတွေက သူ့ရဲ့ကြက်ကင်ကို စားမသွားပါဘူး။ ထို့ကြောင့် ရဲ့ချန်​၏ကြက်ကင်က စားလို့ရနေပါသေးသည်။

ရဲ့ချန် သစ်ပင်ထိပ်ဖျားဆီ ပြန်လည်ရောက်ရှိလာသောအခါ အမျိုးသမီးက ကျက်သရေရှိစွာ အိပ်စက်နေဆဲပဲ ရှိနေသေးသည်။ ရဲ့ချန် ကြက်ကင်ကို စားချင်စိတ်ဖြစ်လာတာကြောင့် ကြက်ပေါင်ကို ဆွဲဖြဲပြီး စားနေလိုက်သည်။

ထိုအချိန်၌ မိန်းမပျိုလေး​၏မျက်ခွံများက ခပ်ဖြေးဖြေးလေး လှုပ်ခက်သွားသည်။ ထို့နောက် သူမ​၏မျက်လုံးကို ဖွင့်ကာ ထထိုင်လိုက်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်သောအခါ သူမကို အကူညီပေးခဲ့သောလူငယ်က ကြက်ကင်ကို အားရပါးရ စားနေသည်ကို တွေ့လိုက်ရသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1जहाँ कहानियाँ रहती हैं। अभी खोजें