" ယောက်ျား... နင့်ကို အကြာကြီးစောင့်ခိုင်းထားရတာ အားနာလိုက်တာ " နောက်ဆုံးမှာတော့ လျှို့ယွဲ့နှင့် ချောင်ယမ်ယမ်တို့က ရေချိုး၍ ပြီးစီးသွားပြီဖြစ်သည်။
သူမတို့နှစ်ယောက်စလုံးက ပို၍သန့်ရှင်းပြီး လှပသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ သို့သော် လျှို့ယွဲ့တွင် အဝတ်ပိုပါမလာသောကြောင့် ချောင်ယမ်ယမ်ဆီက ငှားဝတ်ထားရသည်။
ကံမကောင်းစွာပင် ချောင်ယမ်ယမ်၏အဝတ်အစားများက လျှို့ယွဲ့ ဝတ်ဆင်ရန်အတွက် အတော်လေး သေးငယ်နေသည်။ ထို့ကြောင့် လျှို့ယွဲ့၏ခန္ဓာကိုယ်က တင်းကြပ်နေပြီး လှုပ်လှုပ်ရှားရှားလုပ်ရန် ခက်ခဲနေရှာသည်။ အထူးသဖြင့် သူမ၏ ရင်ဘက်နေရာက ပွင့်ထွက်လာမတက်ပင် ဖြစ်နေသည်။
" နောက်ဆုံးတော့ ပေါ်တော်မူကြီးတွေ ပေါ်လာကြပြီကိုး၊ ရေချိုးတာလေးကို ဘာဖြစ်လို့ ဒီလောက်ထိ ကြာနေကြတာလဲ " ရဲ့ချန်က တစ်နာရီကျော်ကျော်ခန့်အထိ စောင့်စားလိုက်ရသောကြောင့် မေးလိုက်သည်။
ချောင်ယမ်ယမ်နှင့် လျှို့ယွဲ့တို့က ရေချိုးနေစဉ်က အဖြစ်အပျက်များကို အမှတ်ရသွားသောကြောင့် ချက်ချင်း မျက်နှာများ ရဲပလောင်းခက်သွားလေသည်။
" နင်တို့မျက်နှာက ဘာဖြစ်လို့ ရှက်နေတဲ့ပုံ ပေါက်နေတာလဲ " ရဲ့ချန်တစ်ယောက် စိတ်ရှုပ်သွားလေသည်။
" ဆရာ... ဒီနေ့ ကျောင်းမသွားတော့ဘူးလား " ချူးယွဲ့ချန်က တစ်နေရာမှ ထွက်ပေါ်လာပြီး ကျောင်းသွားရန် သတိပေးလိုက်တော့သည်။
ရဲ့ချန် " ယမ်ယမ်... လာ ကျောင်းသွားရအောင်၊ နောက်ကျနေပြီနဲ့ တူတယ် " ရဲ့ချန်က ချောင်ယမ်ယမ်ကို ကျောင်းသွားရန် ခေါ်လိုက်တော့သည်။
သူတို့ ဤနေရာသို့ မလာခင်ကတည်းက နံနက် ၇ နာရီ ထိုးနေပြီ ဖြစ်သည်။ ကျောင်းတက်ချိန်က နံနက် ၈ နာရီပင် ဖြစ်သည်။
ရဲ့ချန်နှင့် ချောင်ယမ်ယမ်တို့က နတ်သမီးတံခါးဝကနေ ထွက်ခွာသွားကြသည်။ လျှို့ယွဲ့ကတော့ ဤနေရာတွင် ချူးယွဲ့ချန်နှင့် ကျင့်ကြံခြင်းအခြေခံများ သင်ကြားရန် ကျန်ရစ်ခဲ့လေသည်။
YOU ARE READING
နတ်ဘုရားတို့ လျှောက်သောလမ်း Part-1
Fantasyသူက ရွာငယ်လေး တစ်ရွာမှာ အဘိုးဖြစ်သူနဲ့အတူ နေထိုင်တယ်။ သူ့ဘဝက သာမန် လူငယ်လေး တစ်ယောက်နဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့အဘိုး ကွယ်လွန်သွားတော့ သူ့ဘဝက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ့ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့တာကြောင့် ဘဝကို အမှီအခိုကင်းကင်းနဲ့ နေထိုင...