အခန်း (၈၄) အပြာရောင် လနတ်ဘုရားသိုင်း

276 16 0
                                    

ရဲ့ချန်၊ ချောင်ယမ်ယမ်၊ လျှို့ယွဲ့နှင့် ချူးယွဲ့ချန်တို့သည် စေတီမျှော်စင်အနားသို့ ရောက်လာကြကုန်​၏။ " အထဲဝင်ရအောင်.. " ချူးယွဲ့ချန်က အားလုံးကို အခန်းထဲသို့ ခေါ်လာခဲ့သည်။

" ညီမလေးယွဲ့... အခုကစပြီး ညီမလေးနဲ့သင့်တော်မယ်ထင်တဲ့ ကျင့်စဉ်တစ်ခုခု ရွေးလို့ရပြီ " ချူးယွဲ့ချန်က လျှို့ယွဲ့ကို စိတ်ကြိုက်ရွေးချယ်ရန် ပြောလိုက်တော့သည်။

လျှို့ယွဲ့ကတော့ မည်သည့်ကျင့်စဉ်အား ရွေးချယ်ရမှန်းမသိဘဲ တွေဝေနေတော့သည်။ ထို့နောက် သူမက ကျင့်စဉ်များကို တစ်အုပ်ပြီးတစ်အုပ် စတင် ဖတ်ကြည့်တော့သည်။

ကျင့်စဉ်ဒါဇင်ကျော်ခန့် ဖတ်ပြီးသည့်တိုင် လျှို့ယွဲ့တစ်ယောက် သူမနှင့်သင့်တော်မည့် ကျင့်စဉ် တစ်အုပ်မှ ရှာမတွေ့သေးပေ။ ထို့နောက် သူမက စာအုပ်စင်​၏ထိပ်ဆုံးပိုင်းအထိ လိုက်လံရှာဖွေတော့သည်။

လျှို့ယွဲ့တစ်ယောက် စာအုပ်တစ်အုပ်က အပြာရောင်အလင်းတန်းများ ဖြာထွက်နေသည်ဟု ခံစားလိုက်ရသည်။ ယင်းက သူမကို အနည်းငယ် စိတ်ဝင်စားသွားစေသည်။ " မမယွဲ့ချန်... ဟိုစာအုပ်လေး ကျွန်မကို ယူပေးလို့ရမလား " လျှို့ယွဲ့က သူမလိုချင်သော စာအုပ်ကို လက်ညှိုးထိုးပြလိုက်သည်။

ချူးယွဲ့ချန်က အပေါ်သို့ ပျံတက်သွားပြီး လျှို့ယွဲ့ ညွှန်ပြသော စာအုပ်ကို ယူပေးလိုက်သည်။ " အပြာရောင်လနတ်ဘုရားသိုင်း " ချူးယွဲ့က ထိုသိုင်းစာအုပ်ကို လျှို့ယွဲ့အား ပေးလိုက်သည်။

လျှို့ယွဲ့က ချူးယွဲ့ချန် ကမ်းပေးသော သိုင်းစာအုပ်ကို ကျေကျေနပ်နပ် လက်ခံပြီး စာအုပ်ပါအကြောင်းအရာများကို စတင် ဖတ်ရှုတော့သည်။

အပြာရောင်လနတ်ဘုရားသိုင်းက အလွန်တရာ လှပသော ကောင်းကင်က လမင်းကြီးကဲ့သို့ပင် ဖြစ်သည်။ ထိုသိုင်းပညာက အံ့မခန်း လှပသော အပြာရောင်လ အလင်းတန်းများကို ကျင့်ကြံနိုင်လေသည်။

ပထမအဆင့်သည် တဒင်္ဂအပြာရောင်လအရိပ်ပင် ဖြစ်​၏။ ယင်းက ဦးတည်ရာနေရာသို့ မျက်တောင်တစ်ခက်အတွင်း ရွေ့လျားနိုင်ပြီး ယခင်ရပ်နေသောနေရာမှ ဦးတည်ရာနေရာသို့ ရောက်သည်အထိ အရိပ်များစွာ ကျန်ရစ်နေမည် ဖြစ်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1On viuen les histories. Descobreix ara