အခန်း (၂၉) နဂါးနိုင် ဓားဂိုဏ်း

382 37 0
                                    

ရဲ့ချန် ကျသင့်ငွေကို နောက်တစ်ပတ် တနင်္ဂနွေနေ့အထိ ပေးချေထားတဲ့အတွက် မနေ့ကတည်းခဲ့သော ဟိုတယ်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်သည်။ ထို့ကြောင့် အခုတလော ရဲ့ချန် ထိုဟိုတယ်မှာပဲ နေဖြစ်ပါလိမ့်မည်။

ရဲ့ချန် ကောင်းကင်ပေါ်မှနေ၍ မြေပြင်သို့ ငုံ့ကြည့်လိုက်သောအခါ ကျင့်ကြံသူတစ်စု​၏ တိုက်ပွဲကို မြင်လိုက်ရသည်။ တိုက်ခိုက်နေသူ သုံးယောက်ထဲမှာ တစ်ဦးက ဒဏ်ရာအပြင်းအထန်ရနေပြီး အခြားနှစ်ယောက်ကတော့ ထိုလူ​၏ခန္ဓာကိုယ်ကို ဒဏ်ရာရရုံသာ တိုက်ခိုက်နေကြသည်။

ကမ္ဘာမြေပေါ်က ကျင့်ကြံသူတွေဟာ ဘယ်လိုလဲဆိုတာ စောင့်ကြည့်ဖို့ ရဲ့ချန် အနားသို့ တိုးကပ်သွားလိုက်သည်။

ထိုလူသုံးဦး​၏ဖြာထွက်လာသော အော်ရာကိုကြည့်ခြင်းအားဖြင့် သူတို့အားလုံးဟာ စိတ်ဝိညာဉ်တည်ထောင်ခြင်းနယ်ပယ်​၏ အစောပိုင်းအဆင့်သို့ ရောက်ရှိနေကြပြီ။ ထိုလူသုံးဦးဟာ အသက်ငါးဆယ်ကျော်နေပြီဖြစ်သော်လည်း အခုမှ စိတ်ဝိညာဉ်တည်တောင်ခြင်းနယ်ပယ်​၏ အစောပိုင်းအဆင့်မျှသာ ရှိနေသည်။

" ဘန်း ဘန်း ဘန်း " တစ်ယောက်ထဲသောလူက သံလက်သီးအိတ်ကို ဝတ်ဆင်ထားပြီး တခြားနှစ်ယောက်က တောခုတ်ဓားမကြီးများကိုင်ဆောင်ထားကာ ထိုလူတို့​၏လက်နက်များ ထိပ်တိုက်ရင်ဆိုင်မိသွားသည်။

" ဟေး လီစွန်းဟီ။ မင်းရဲ့သေခြင်းတရားက မကြာခင်ရောက်လာတော့မှာကွ ဟဟဟဟ " တောခုတ်ဓားမကြီးကိုင်ထားသော လူတစ်ဦးက ပြောလိုက်သည်။

" အကိုကြီး သူနဲ့အချိန်တွေဖြုန်းမနေနဲ့တော့။ မြန်မြန်သတ်လိုက်။ ဒါမှ သူ့ကိုယ်ပေါ်က ပစ္စည်းတွေကို မြန်မြန်ယူလို့ရမယ် " ဒုတိယလူက ပြောလိုက်သည်။

ဤနေရာက လူအတော်ရှင်းပေသည်။ တိုက်ခိုက်နေသောသူနှစ်ဦးရယ် ဒဏ်ရာပြင်းပြင်းထန်ထန်ရနေသော လီစွန်းဟီရယ်ကလွဲရင် မည်သူမျှ မရှိချေ။

" မင်းတို့နှစ်ယောက်က အတော်ကို အရှက်ကင်းမဲ့လှချည်လား။ မင်းတို့ အတူပူးပေါင်းပြီး အလုပ်မလုပ်ခင်အချိန်တုန်းကတော့ အဲ့လိုမပြောခဲ့ဘူး။ အခု ငါ့ကို ဂုဏ်သိက္ခာရှိရှိသတ်နိူင်ဖို့ မင်းတို့ကြိုးစားကြည့်လေ " လီစွန်းဟီက ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ ပြောလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now