အခန်း (၅၉) တစ်ယောက်နဲ့ အယောက်တစ်ရာ

286 18 0
                                    

နတ်သမီးတံခါးဝ၏ သိုလှောင်ခန်းမထဲတွင် ကားထားရန်အတွက် နေရာလွတ်များစွာ ရှိပေသည်။
ရဲ့ချန်လည်း သူ၏သိုလှောင်လက်စွပ်ထက် ပို၍ ကြီးမားကျယ်ပြန့်သော နတ်သမီးတံခါးဝ၏သိုလှောင်ခန်းမအား တွေ့ရှိပြီးနောက် သူပိုင်ဆိုင်သောပစ္စည်းများကို ထိုခန်းမထဲတွင်သာ သိမ်းဆည်းထားတော့သည်။

ရဲ့ချန်လည်း ပျံသန်း၍ စံအိမ်ကြီးဆီသို့ ပြန်လာခဲ့သည်။ ပျံသန်းခြင်းက ပြိုင်ကားမောင်းလာခြင်းထက်တော့ အများကြီး ပိုမြန်ပါသည်။

ရဲ့ချန်လည်း အိမ်သို့ ပြန်ရောက်ရောက်ချင်း နတ်သမီးတံခါးဝထဲသို့ ချက်ချင်း ဝင်လာသည်။ သူ အထဲသို့ ဝင်ရောက်လာသော်လည်း ထိုနေရာတွင် ချောင်ယမ်ယမ့်အား မတွေ့ရပေ။ သူမက ဤနေရာသို့ တစ်ခါမျှ ဝင်မလာခဲ့ပုံပေါ်ပါသည်။ ယင်းက ရဲ့ချန်အား အနည်းငယ် စိတ်ပျက်သွားစေသည်။

" ရဲ့ချန်... နင် ဘယ်သူ့ကို ရှာနေတာလဲ " ချူးယွဲ့ချန်က ရဲ့ချန်၏ဘေးသို့ ရုတ်တရက် ရောက်လာသည်။

" ယွဲ့ချန်... ဒီကို ချောင်ယမ်ယမ် လာသေးလား " ရဲ့ချန်လည်း ချောင်ယမ်ယမ့်အား မမြင်မိသောကြောင့် မေးလိုက်သည်။

ချူးယွဲ့ချန် " ညီမလေးယမ်ယမ်က ကျောင်းဆင်းတော့ ဒီကို လာသေးတယ်။ ဒီမှာ လေ့ကျင့်ခန်းတွေတောင် အကြာကြီး လုပ်သွားသေးတယ်။ သူမက အခုချိန်မှာ ကြိုးကြိုးစားစား လေ့ကျင့်နေသလိုပဲ "

" တကယ်လား... မင်း ယမ်ယမ့်ကို ခြေကုန်လက်ပမ်းကျအောင်ထိ လေ့ကျင့်ခန်းတွေ ပေးနေတာမဟုတ်လား " ရဲ့ချန်လည်း ချူးယွဲ့ချန်က ချောင်ယမ်ယမ့်အား ခက်ခဲသောလေ့ကျင့်ခန်းများဖြင့် ညှင်းဆဲမည်ကို စိုးရိမ်ရပါသည်။

ချူးယွဲ့ခန် " ခန္ဓာကိုယ် လေ့ကျင့်ခန်းနဲ့ စိတ်ဝိညာဉ်လေ့ကျင့်ခန်းတွေတော့ ပေးလိုက်တယ်။ ဒါပေမယ့်  အဲ့ဒါမှပဲ ညီမလေးယမ်ယမ်က မြန်မြန်ဆန်ဆန် အားကောင်းလာမှာလေ။ ညီမလေးယမ်ယမ်မှာ မြင့်မားတဲ့ ကျင့်ကြံခြင်း အခြေခံတွေ ရှိနေတယ် ဆိုရင်တောင်မှ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက အားနည်းနေသေးတယ်။ ဒါကြောင့် သူမက ကြပ်ကြပ်မတ်မတ် လေ့ကျင့်ဖို့ လိုတယ် "

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now