အခန်း (၁၀၂) ညို့ဓာတ် နတ်ဘုရားမ

382 19 0
                                    

နောက်ဆုံးမှာတော့ ရဲ့ချန်တစ်ယောက် နိုးထလာပြီ ဖြစ်သည်။ သူက အချိန်မည်မျှကြာအောင် အိပ်စက်သွားသည်ကိုပင် မသိတော့ပေ။ သူ နောက်ဆုံးအနေဖြင့် အမှတ်ရသည်က ဖူလန်လင်းနှင့် အပြင်းအထန် တိုက်ပွဲဆင်နွှဲနေသည်ဟုသာ မှတ်မိတော့သည်။

ထိုအချိန်တွင် လှပသော နတ်ဖုရားမလေး ဖူလန်လင်းက ရဲ့ချန်​၏ရင်ခွင်ထဲတွင် သက်သောင့်သက်သာ အိပ်စက်နေပေသည်။

ရဲ့ချန်သည် မနေ့က အဖြစ်အပျက်များကို အမှတ်ရရန် ကြိုးစားကြည့်လိုက်သည်။ သို့သော် ထိုအဖြစ်အပျက်များကို သူ ဘာတစ်ခုမှ စဉ်းစားမရတော့ပေ။ မနေ့က သူက ဖူလန်လင်းကို သင်ခန်းစာ အနည်းငယ်ပေးလိုစိတ် ဖြစ်လာသည်။ ရလဒ်အနေဖြင့် ဖူလန်လင်း​၏အလှအောက်တွင် ကျရှုံးပြီး သူမကို သင်ခန်းစာပေးရမည့်အစား သူမနှင့် အချစ်ပွဲနွှဲ မိသွားတော့​၏။

ရဲ့ချန်သည် အချိန်တိုင်း ဖူလန်လင်း​၏အလှကို ငေးမောရင်း ထိုလှပသော နတ်ဖုရားမလေးက သူ​၏စိတ်ဝိညာဉ်အထိတိုင် ခိုးဝင်လာသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ဤနတ်ဖုရားမလေးကို ချစ်မိရန် သူ​၏ဆန္ဒများအား ခုခံတားဆီးရန် မဖြစ်နိုင်တော့ချေ။

" ဆရာ... နောက်ဆုံးတော့ နင်လည်း နိုးလာပြီပဲ၊ အချိန်တွေကို မေ့သွားလောက်အောင်အထိ ဒီနတ်ဖုရားမလေးနဲ့ အချစ်ပွဲတွေနွှဲနေတာ တော်တော် သာယာနေတယ်နဲ့တူတယ် ဟုတ်လား... ဟီဟီ " ချူးယွဲ့ချန်က ရယ်မောပြီး ရဲ့ချန်ကို စနောက်နေတော့​၏။

" ယွဲ့ချန်... ငါတို့လုပ်နေတာ အချိန်ဘယ်လောက် ကြာသွားလဲ " ရဲ့ချန်က မေးလိုက်သည်။ သူက ချူးယွဲ့ချန်​၏ စနောက်မှုနှင့် အကျွမ်းဝင်နေပြီ ဖြစ်တာကြောင့် စိတ်ဆိုးရမှန်းပင် မသိတော့ချေ။

" အမလေး... နင်တို့နှစ်ယောက် လုပ်နေတာ တစ်နေကုန် နီးပါးပဲ၊ ဟွန့်... ပြောကို မပြောလိုက်ချင်ဘူး " ချူးယွဲ့ချန်က အကူညီကင်းမဲ့စွာ ပြောလိုက်တော့သည်။

ရဲ့ချန်တစ်ယောက် သူနှင့် ဖူလန်လင်းတို့ ယင်ယန်ကျင့်ကြံခဲ့သည့်အချိန်က တစ်နေ့လုံးပင် ကြာသွားမည်ဟု လုံးဝ မျှော်လင့်မထားပေ။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now