အခန်း (၁၉၀) အေးစိမ့်ရေခဲဂိုဏ်း ရောက်လာခြင်း

187 14 0
                                    

“ နှစ်နှစ်ဆယ်တိုင်းမှာ ချယ်ရီပန်းပန်းပွင့်ဂိုဏ်းက အပျိုစင်စစ်စစ်သာ  ရှိသေးတဲ့ မိန်းမချောလေးရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့ ပြိုင်ပွဲတစ်ခု ကျင်းပပေးလေ့ ရှိတယ်၊ ချယ်ရီပန်းပွင့်ဂိုဏ်းက အဲဒီမိန်းကလေးကို အကောင်းဆုံး ပြင်ဆင်ပေးထားတယ်၊ အဲဒီမိန်းကလေးက အတော်လေး လှပြီး ဆွဲဆောင်မှု ရှိတဲ့ မျက်နှာလေး ရှိတဲ့အပြင် မိန်းကလေးတွေ အကုန်လုံးက ယောက်ျားတွေ စိတ်ကျေနပ်မှုရရှိအောင် အကောင်းဆုံး လေ့ကျင့်ပေးထားကြတယ်၊ ချယ်ရီပန်းပွင့်ဂိုဏ်းက သခင်လေးတွေ ဒါမှမဟုတ် သြဇာအာဏာ ကြီးမားတဲ့ လူတွေကို ဒီပွဲကို တက်ရောက်ဖို့ အမြဲတမ်းလိုလို ဖိတ်ကြားလေ့ရှိတယ်၊ အဲဒီပွဲကို တက်ရောက်တဲ့ လူတိုင်းကလည်း သူတို့မှာ ကြီးမားတဲ့ နောက်ခံတွေ ရှိကြတယ်လေ “ သက်လတ်ပိုင်းအရွယ် လူကြီးက ချယ်ရီပန်းပွင့်ဂိုဏ်း၏ ဓလေ့ထုံးစံများကို ရှင်းပြလိုက်သည်။
“ ဒါဆို ဒီလိုမျိုးဟာတွေကို လုပ်နေတဲ့ ချယ်ရီပန်းပွင့်ဂိုဏ်းရဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ “ ရဲ့ချန်သည် ဤကဲ့သို့ ပွဲမျိုးကို ကျင်းပပေးသည့် ချယ်ရီပန်းပွင့်ဂိုဏ်း၏ ရည်ရွယ်ချက်ကို သိချင်စိတ် ဖြစ်လာ၏။
“ ဟီဟီဟီ … ဒါပေါ့၊ ချယ်ရီပန်းပွင့်ဂိုဏ်းရဲ့ ရည်ရွယ်ချက်ကို ငါရှင်းပြမယ်၊ ဒီလိုကွ ချယ်ရီးပန်းပွင့်ဂိုဏ်းရဲ့ တပည့်မလေးတစ်ယောက်က ချမ်းသာတဲ့လူတစ်ယောက်နဲ့ လက်ထပ်လိုက်မယ်ဆိုရင် သူတို့ဂိုဏ်းက အကျိုးအမြတ်တွေ ရရှိမှာပဲလေ၊ ဂိုဏ်းတစ်ခုမှ လုပ်စရာမလိုဘဲ ဘဏ္ဍာငွေတွေ ရနေမှာပဲ ဥစ္စာ၊ အဲဒါထက် ပိုတာက ဂိုဏ်းတပည့်မလေးက ချမ်းသာတဲ့လူနဲ့ လက်ထပ်လိုက်တော့ သူ့တစ်ဘ၀လုံး အာမခံချက် ရသွားတာပေါ့ “ သက်လတ်ပိုင်းအရွယ် လူကြီးသည် ချယ်ရီပန်းပွင့်ဂိုဏ်းက ဂိုဏ်းကြီးတစ်ဂိုဏ်း မည်သို့ ဖြစ်လာကြောင်း ရှင်းပြလိုက်သည်။
ချယ်ရီပန်းပွင့်ဂိုဏ်း၏နည်းလမ်းသည် အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်သည်။ ဂိုဏ်းတပည့်မလေးများသည် သြဇာကြီးမားသည့် အဖွဲ့အစည်းတစ်ခုကို အသုံးပြုပြီး မော်တယ်လောကက ချမ်းသာသော မိသားစုများထဲသို့ ၀င်ရောက်နိုင်ကြသည် မဟုတ်ပါလား။ ထို့ကြောင့် ချယ်ရီပန်းပွင့်ဂိုဏ်းက ဂိုဏ်းတပည့်မလေးများကို မြို့ကြီးက မိသားစုများတွင် တွေ့မြင်နိုင်သည်ဟု ဆိုနိုင်ပေသည်။
“ ချမ်မုန့်ယမ်ကလည်း အဲဒီဂိုဏ်းက လာတာများလား “ ရဲ့ချန်တစ်ယောက် ချောင်ယမ်ယမ်၏ ငယ်ရန်ဘက် ဖြစ်သည့် ချမ်မုန့်ယမ်ကို ရုတ်တရက် သတိရသွား၏။ သူမကလည်း ယောက်ျားများကို ညှို့ယူနိုင်သည့် ကျင့်စဉ်ကို လေ့ကျင့်ထားသည် မဟုတ်ပါလား။ ကြည့်ရသည်မှာ သူမက ဤကဲ့သို့ ဂိုဏ်းမျိုးက လာပုံ ရ၏။
ရဲ့ချန်က ချယ်ရီပန်းပွင့်ဂိုဏ်း အုပ်စုရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။
ရဲ့ချန်က ချယ်ရီပန်းပွင့်ဂိုဏ်းကို အကဲခတ်လိုက်သောအခါ  မိန်းကလေးတစ်ယောက်က ရဲ့ချန်ကို ပြန်လည် စိုက်ကြည့်လာသည်။ ထိုမိန်းကလေးက ကျင့်ကြံခြင်း အခြေခံလည်း အတော်လေး မြင့်မားပေသည်။ သူမ၏ကျင့်ကြံခြင်းက ကောင်းကင်နယ်ပယ် အဆင့်ကိုး ဖြစ်ပေသည်။ ထိုမိန်းကလေးက သူမ၀တ်ထားသည့် အ၀တ်စကို ရုတ်တရက် အနည်းငယ် ဟလိုက်သည်။
သူမက ဖုံးကွယ်ထားသည့် အ၀တ်စကို ဟလိုက်သောကြောင့် ရဲ့ချန်က ထိုမိန်းကလေး၏အလှကို မြင်လိုက်ရသည်။ သူမတွင် အလွန်တရာ ဆွဲဆောင်မှုရှိသည့် ဘဲဥပုံ မျက်နှာလေး ရှိ၏။ သို့သော် မိန်းကလေး၏ ခရမ်းရောင် မျက်လုံးတစ်စုံကတော့ ရဲ့ချန်၏ဝိညာဉ်ကို စုပ်ယူနေသလို ဖြစ်နေ၏။
ထိုမိန်းကလေးက ရဲ့ချန်၏ဝိညာဉ်ကို ရှုပ်ထွေးစေရန် ညှို့ဓာတ်ကျင့်စဉ်တစ်ခုကို လျှို့ဝှက်စွာ အသုံးပြုနေခြင်းပင် ဖြစ်၏။
ရဲ့ချန်က မိန်းကလေးကို ခနဲ့တဲ့တဲ့ ပြုံးပြလိုက်သည်။ ထိုသို့သော ညှို့ဓာတ်မျိုးက သူ့အပေါ်တွင် အလုပ်မဖြစ်ပေ။
ရဲ့ချန်၏သုံးသပ်ချက်က မှန်ကန်သွားပုံ ပေါ်၏။ ထိုမိန်းကလေး ယခု အသုံးပြုနေသည့် ညှို့ဓာတ်ကျင့်စဉ်က ချမ်မုန့်ယမ် အသုံးပြုသည့် ကျင့်စဉ်နှင့် အတော်လေး တူညီလှသည် မဟုတ်ပါလား။ သို့သော် ထိုမိန်းကလေးက ချမ်မုန့်ယမ်ထက်တော့ ပို၍ သန်မာလှပေသည်။
“ ဆရာ၊ ကြည့်စမ်း ကြည့်စမ်း၊ အဲကောင်မက သူ့ရဲ့မဖြစ်စလောက် ညှို့ဓာတ်ကျင့်စဉ်လေးနဲ့ နင့်ကို သွေးတိုးစမ်းနေတာ၊ နင်က ဘာဖြစ်လို့ ဘုရင့်နှလုံးသား ကျင့်စဉ်ကို အသုံးပြုပြီး သူ့ကို ပြန်ပြီး မမြှူဆွယ်တာလဲ၊ နင်သာ အဲကောင်မကို အိပ်ရာပေါ်ခေါ်ပြီး ဒချိဒချိ လုပ်ပစ်ရင် အဲကောင်မ နင့်ခြေရင်းမှာ ဒူးထောက်နေမှာ အသေအချာပဲ “ ချူးယွဲ့ချန်က ရဲ့ချန်ကို ညှို့ဓာတ်ကျင့်စဉ် အသုံးပြုပြီး မြှူဆွယ်နေသည့် ချယ်ရီပန်းပွင့် ဂိုဏ်းသူအား ပြန်လည် တုန့်ပြန်ရန် ပြောလိုက်သည်။
ချူးယွဲ့ချန်သည် ရဲ့ချန်က ယင်ယန်လေ့ကျင့်ရာတွင် အဆင့်တစ်ခုထိ ရောက်နေပြီဖြစ်ကြောင်း သက်သေပြလိုနေသည်။
သူမသည် ချယ်ရီပန်းပွင့်ဂိုဏ်းက မည်သည့် ကျင့်စဉ်ကို လေ့ကျင်နေမှန်း သိထားပြီးပြီ ဖြစ်၏။
ချယ်ရီပန်းပွင့်ဂိုဏ်း လေ့ကျင့်သည့် ကျင့်စဉ်၏အမည်က ဣတ္ထိယ နှလုံးသား ကျမ်းစာ ဖြစ်ပေသည်။ ထိုကျင့်စဉ်သည် ယင်ယန်ကျင့်ကြံသည့် လူအားလုံးတွင် အတော်လေး လူသုံးများသည့် ကျင့်စဉ်ပင် ဖြစ်၏။
ထိုကဲ့သို့ ကျင့်စဉ်တစ်ခုနှင့် အဆင့်မြင့်သည့် ဘုရင့်နှလုံးသား ကျင့်စဉ်ကို အဘယ်ကြောင့် သွေးတိုးစမ်းဝံ့ရသနည်း။
ညှို့ဓာတ်ကျင့်စဉ်ကို အသုံးပြုသည့် မိန်းကလေးကလည်း ရဲ့ချန်ကို ပြန်ပြုံးပြလိုက်သည်။ “ ဆွဲဆောင်မှု ရှိတဲ့လူပဲ “ သူမက တီးတိုး ရေရွတ်လိုက်သည်။
“ ဂိုဏ်းခေါင်းဆောင်၊ ရှင် တစ်ခုခု ပြောလိုက်တာလား “ တံခါးဘေးက မိန်းကလေးက ရဲ့ချန်ကို ကြည့်နေသည့် မိန်းကလေးကို မေးလိုက်သည်။
ရဲ့ချန်ကို ညှို့ဓာတ်ကျင့်စဉ်ဖြင့် မြှူဆွယ်နေသည့် မိန်းကလေးက ချယ်ရီပန်းပွင့်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ဖြစ်ပုံရ၏။
“ ဟိုလူကို ကြည့်လိုက်ပါဦး၊ အတော်လေး ဆွဲဆောင်မှု ရှိတာပဲနော် “ ထိုမိန်းမလှလေးက ရဲ့ချန်ကို ညွှန်ပြလိုက်သည်။ ယင်းက ပထမဆုံးကြိမ်အဖြစ် သူမ၏ညှို့ဓာတ်ကို အလွယ်တကူ ချေဖြတ်နိုင်သည့် လူတစ်ယောက်ကို တွေ့ဖူးခြင်း ဖြစ်သည်။ တခြားအပိုင်းကို ကြည့်လျှင်လည်း သူက မြေကြီးနယ်ပယ် အထွတ်အထပ်ဆင့်သာ ရှိသေးသည် မဟုတ်ပါလား။
ရဲ့ချန်က သူ၏အင်အားကို မည်သည့်အရာနှင့်မျှ ဖုံးကွယ်မထားသောကြောင့် သူမက ရှင်းရှင်းလင်းလင်း မြင်နေရပေသည်။
ရီဒယမ်လည်ဆွဲ လော့ကတ်သီးကို အသုံးပြုထားသဖြင့် ရဲ့ချန်၏အင်အားက မြေကြီးနယ်ပယ် အဆင့်ရှစ်ကိုသာ ဖော်ပြထားပေသည်။ ယင်းက သံသယ၀င်စရာ မရှိပေ။
“ ယွဲ့ချန်၊ အဲဒီမိန်းကလေးက ငါ့ကို ကစားရုံသာ ကစားချင်တာပါ၊ မေ့လိုက်တော့ “ ရဲ့ချန်သည် ထိုမိန်းကလေးက သူ့ကို ကစားရုံသာ ကစားချင်ခဲ့ကြောင်း သတိထားမိပါသည်။ သူမတွင် တခြားရည်ရွယ်ချက် မရှိပေ။
“ ဆရာ၊ နင်က အဲကောင်မနဲ့ အိပ်ရာပေါ်မှာ ဒချိဒချိ လုပ်ရမှာ ကြောက်နေတာလား၊ ငါမှတ်မိတာ မမှားရင် နင်က ခုချိန်ထိ အတွေ့မကြုံမရှိသေးတဲ့ အပျိုစင် အစစ်လေးတွေနဲ့ ဒချိဒချိ လုပ်ဖူးသေးတယ်၊ အဲဒီလို အိပ်ရာပေါ်မှာ အတွေ့အကြုံ ရင့်ကျက်တဲ့ မိန်းကလးတွေကို နင်မြည်းမကြည့်ချင်ဘူးလား “ ရဲ့ချန်က လှုပ်ရှားရန် ငြင်းဆန်နေသည်ကို ကြည့်ရင်း ချူးယွဲ့ချန်က ပို၍ တိုက်တွန်းလိုက်တော့သည်။
ရဲ့ချန် “ … “ ချူးယွဲ့ချန်၏ ခနဲ့တဲ့တဲ့ စကားများကို ရဲ့ချန် ပြန်မဖြေနိုင်ပေ။ ယင်းက အမှန်တရားပင် ဖြစ်သည်။ ယနေ့အထိ ရဲ့ချန်က အတွေ့အကြုံ မရှိသည့် အပျိုစင်မိန်းကလေးများနှင့်သာ ယင်ယန်ကျင့်ကြံဖူးခဲ့ပေသည်။
ချူးယွဲ့ချန်၏ ညွှန်ပြချက်များကြောင့် ရဲ့ချန်က အပျိုစင် မိန်းကလေးများကိုသာ စိတ်၀င်စားခဲ့ပုံ ပေါ်၏။ ဤလောကတွင် အပျိုစင် မဟုတ်သည့် မိန်းကလေးများကလည်း ဆိုးဝါးသည့် အရာတစ်ခုတော့ ဖြစ်ပုံ မပေါ်ပေ။ ယောက်ျား နှင့် မိန်းမတို့သည် အချစ်ပွဲနွှဲရာတွင် တစ်ဦးကိုတစ်ဦး စိတ်ကျေနပ်အောင် ဖြည့်ဆည်းနေနိုင်ဖို့သာ အရေးကြီးသည် မဟုတ်ပါလား။ ချူးယွဲ့ချန်သည် အလွန်တရာ ရိုးစင်းနေဆဲသာ ရှိသေးသည့် ရဲ့ချန်၏ အတွေးအမြင်များကို ပြောင်လဲလိုနေပြီ ဖြစ်၏။
“ နင်လည်း ယင်ယန်ကျင့်စဉ်ကို လေ့ကျင့်တဲ့ လူတစ်ယောက်ပဲ မဟုတ်လား၊ ဒါဆို နင်က ဒီကိစ္စကို နားလည်ပေးရမှာပေါ့၊ အပျိုစင်ဖြစ်စေ၊ မဖြစ်စေ အဲဒါက အရေးမကြီးပါဘူး၊ မိန်းကလေးတွေရဲ့စိတ်ထဲ ရှိတဲ့အတိုင်း လုပ်ပေးနေနိုင်သရွေ့ သူတို့က နင့်အနားက ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်တာ သေချာတယ် “ ချူးယွဲ့ချန်သည် မိန်းကလေးတိုင်းကို တန်းတူဆက်ဆံရန် အကြံပေးလိုက်သည်။
ရဲ့ချန်က ချူးယွဲ့ချန်၏မေးခွန်းကို ပြန်မဖြေပေ။ သူ၏မိန်းမများကလည်း မိန်းမများသာ ဖြစ်ပေသည်။ ရဲ့ချန်သာ စကားမှားသွားလျှင် ချူးယွဲ့ချန်က ချောင်ယမ်ယမ် နှင့် တခြားမိန်းများကို ပြန်ပြောမည်မှာ ကျိန်းသေ၏။ ထို့ကြောင့် မည်သည့်စကားမျှ ပြန်မပြောဘဲ တိတ်တိတ်နေခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
“ ဟူး … “ ရဲ့ချန်က စကားပြန်မပြောလိုသည်ကို ကြည့်ရင်း ချူးယွဲ့ချန်တစ်ယောက် သက်ပြင်း တစ်ချက် ချလိုက်မိသည်။ ရဲ့ချန်၏အတွေးအမြင်များကို ပြောင်းလဲပစ်ရန် အတော်လေး ခက်ခဲမည့် သဘောတွင် ရှိနေ၏။
“ ကျွီ … “ ရဲ့ချန်က ချူးယွဲ့ချန် ပြောခဲ့သည့် စကားများကို တွေးတောနေစဉ် အခန်းထံခါးက ပွင့်လာသည်။
အခန်းတံခါး ပွင့်လာသောအခါ မျက်လုံးအားလုံးက အပေါက်၀သို့ ရောက်ရှိသွားတော့သည်။ အခန်းထဲ ၀င်လာသူများက အဖြူရောင် ဖီးနစ်၀တ်စုံကို ၀တ်ဆင်ထားသည့် မိန်းကလေး ငါးယောက်ပင် ဖြစ်သည်။ ထိုမိန်းကလေးငါးယောက်က ဇာပဝါ လွှမ်းခြုံထားသည့် ဝါးခမောက်ကို ဆောင်းထားကြပြီး သူမတို့၏မျက်နှာကိုလည်း မျက်နှာဖုံး အဖြူရောင်များ ၀တ်ဆင်ထားကြလေသည်။
ထိုမိန်းကလေး ငါးယောက်က ချယ်ရီပန်းပွင့်ဂိုဏ်း နှင့် မီးတောင်ကြားဂိုဏ်းတို့ အုပ်စုရှိရာသို့ လျှောက်လာကြသည်။
“ ဂိုဏ်းခေါင်းဆောင် ချင်း၊ ဂိုဏ်းခေါင်းဆောင် ဖန့် မတွေ့ရတာတောင် ကြာပြီနော် “ နတ်သမီးလေး ငါးယောက်ထဲက တစ်ယောက်က ရှေ့ထွက်လာပြီး ချယ်ရီပန်းပွင့်ဂိုဏ်းခေါင်းဆောင် နှင့် မီးတောင်ကြားဂိုဏ်းခေါင်းဆောင်တို့ကို နှုတ်ဆက်လိုက်၏။
ထိုမိန်းကလေး၏အသံက အတော်လေး အေးစက်စက် နိုင်လှသည်။ ရဲ့ချန်သည် ထိုအသံနှင့် အတော်လေး ရင်းနှီးလှသည်ဟု ခံစားလိုက်ရ၏။ သူမက သူ့ကို သတ်လိုနေသည့် မူလန်ယင်း မဟုတ်သည်လော။ မူလန်ယင်းသည် သူမ၀တ်ထားသည့် မျက်နှာဖုံးကို ချွတ်ခဲ့သည့်အတွက် သူ့ကို အဘယ်ကြောင့် သတ်လိုနေမှန်း ရဲ့ချန်လည်း ခုချိန်ထိ စဉ်းစားမရသေးပေ။
ရဲ့ချန်သည် မူလန်ယင်းကို ဤကဲ့သို့ နေရာမျိုးတွင် တွေ့ရမည်ဟု မျှော်လင့်မထားပေ။
“ ဂိုဏ်းခေါင်းဆောင် မူ၊ မတွေ့တာ ကြာပြီနော် “ တစ်ဖက်ဂိုဏ်းများမှ ခေါင်းဆောင်များကလည်း မူလန်ယင်းကို တစ်ပြိုင်နက်တည်း နှုတ်ဆက်လိုက်သည်။
ချယ်ရီပန်းပွင့်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် အမည်က ချင်းချမ်ဖြစ်ပြီး ကျင့်ကြံမှုအခြေခံက ကောင်းကင်နယ်ပယ် အဆင့်ကိုး ဖြစ်သည်။
မီးတောင်ကြားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် အမည်က ဖန့်သူဖြစ်ပြီး သူသည်လည်း ကျင့်ကြံမှုအခြေခံက ကောင်းကင်နယ်ပယ် အဆင့်ကိုး ဖြစ်ပေသည်။
“ မောင်ရင် မြင်လား၊ အေးစိမ့်ရေခဲဂိုဏ်းတော့ ရောက်လာပြီ၊ သူတို့ရဲ့ပုံစံက ကောင်းကင်ပေါ်က နှင်းလေးတွေ ဝဲကျလာသလိုပဲ “ အေးစိမ့်ရေခဲဂိုဏ်း ရောက်လာသည်ကို မြင်ပြီးနောက် သက်လတ်ပိုင်းအရွယ် လူကြီးက ထပ်မံ စိတ်လှုပ်ရှားလာတော့သည်။
ရဲ့ချန်သည် မူလန်ယင်းက အေးစိမ့်ရေခဲဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင် ဖြစ်နေမည်ဟု မျှော်လင့်မထားခဲ့ပေ။ သူမ၏ကျင့်ကြံမှု အခြေခံကလည်း အတော်လေး မြင့်မားလှပေသည်။
မိန်းကလေးငါးယောက်သည် ချယ်ရီပန်းပွင့်ဂိုဏ်း နှင့် မီးတောင်ကြားဂိုဏ်းကို နှုတ်ဆက်ပြီးနောက် သူမတို့သည်လည်း ထိုင်ခုံလွတ်များ ရှာဖွေပြီး နေရာ၀င်ယူလိုက်တော့သည်။ ယခုတော့ သူတို့သည် ဓားခုနှစ်ချောင်းဂိုဏ်း ရောက်လာမည့် အချိန်ကိုသာ စောင့်စားရတော့မည် ဖြစ်သည်။
ဓားခုနှစ်ချောင်းဂိုဏ်းသည် အစည်းအဝေးပွဲကို ရောက်ရှိရန် နောက်အကျဆုံး ဂိုဏ်းပင် ဖြစ်သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now