အခန်း (၄၄) အနံ့အရသာနှင့် ပြည့်စုံသော မက်မွန်သီးများ

383 32 0
                                    

နောက်တစ်နေ့ ရောက်သောအခါ ရဲ့ချန်ဟာ ကျောင်းသို့ သွားနေသည်။ ယမန်နေ့ညက ချောင်ယမ်ယမ်ဆီက ပြန်လာပြီး ဟိုတယ်အခန်းထဲသို့ လာရောက် အနားယူနေခြင်း ဖြစ်သည်။

ယနေ့ရာသီဥတုကတော့ နေသာပြီး သာယာလှပလျှက် ရှိနေသည်။ လူပေါင်းများစွာတို့သည်လည်း သူတို့​၏ဘဝလိုအပ်ချက်များအတွက် ငွေကြေးရှာဖွေဖို့ရန် လှုပ်ရှားသွားလာနေကြပေပြီ။

ရဲ့ချန် ကျောင်းနားသို့ ရောက်ခါနီးသောအခါ လူစိမ်းများက လမ်းပိတ်ရပ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုလူတွေဟာ သတ္ထုပိုက်များနှင့် သစ်သားချောင်းများအား ကိုင်ဆောင်ထားသည်။

" မင်းက ရဲ့ချန်လား "

ရဲ့ချန်ကို မေးလိုက်သောသူက မမ်မီအလောင်းကောင်ကြီး လမ်းလျှောက်နေသကဲ့သို့ ဦးခေါင်းတစ်ခုလုံးအား ပတ်တီးများ စီးထားလေသည်။ ရဲ့ချန် ထိုလူ့အားကြည့်ပြီး လွှတ်ခနဲ့ ရယ်မိမတက်ပင် ဖြစ်သွားရသည်။

" ငါ မင်းတို့နဲ့ ဘာအလုပ်မှ မရှိဘူး။ မင်းတို့အကုန်လုံး ငါ့နားက မြန်မြန်ထွက်သွား "

ရဲ့ချန် ထိုလူတွေအားလုံးအား ထွက်သွားဖို့ သတိပေးလိုက်သည်။

" ငါမင်းကို ထပ်မေးမယ်။ မင်းက ရဲ့ချန်ဟုတ်လား၊ မဟုတ်ဘူးလား။ ဒါမှမဟုတ်ရင်တော့ မင်းကို ရိုက်ရလိမ့်မယ် "

မမ်မီနှင့်တူသော ပတ်တီးနှင့်လူဟာ ရဲ့ချန်ကို အော်ပြောလိုက်သည်။

" ဟုတ်တယ်... ငါက ရဲ့ချန်ပဲ။ ဆိုတော့ မင်းတို့က ဘာဖြစ်ချင်တာလဲ "

ရဲ့ချန် သူ​၏စိတ်ကောင်းလေးများက ကုန်သွားပြီး လူမိုက်တစ်ဦးပုံစံသို့ ရုတ်တရက် ပြောင်းလဲသွားသည်။

" ကောင်းတယ်... မင်းတို့နှစ်ယောက် ဒီကောင့်ရဲ့ ခြေထောက်နှစ်ချောင်းကို ရိုက်ချိုးပြစ်လိုက် "

မမ်မီနှင့်တူသောလူက အမိန့်ပေးလိုက်သည်နှင့် လူမိုက်နှစ်ဦးဟာ သူတို့​၏လက်နက်များအားကိုင်ဆောင်ပြီး ရဲ့ချန်အား ရိုက်ချလိုက်တော့သည်။

" ဘန်း "

ခေါင်း၌ပတ်တီးအဖွေးသားနှင့်လူဟာ ရယ်မော၍ မပြီးဆုံးသေးခင်မှာပင် ရဲ့ချန်က ထိုလူ့အား မီတာအနည်းငယ်လောက်အထိ လွင့်ထွက်သွားအောင် ရိုက်လွှတ်လိုက်သည်။ ထိုလူဟာ လမ်းမကြီးပေါ်သို့ အလင်းတန်းတစ်ခုအလား ဗုန်းခနဲ့နေအောင် ပစ်ကျသွားသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now