အခန်း (၃၉) ပဟေဠိဆန်သော ရဲမေ

437 35 0
                                    

တခြားနေရာတစ်ခု၌ ...

ထိုအချိန်တွင် ရဲ့ချန် တိုက်ခိုက်ခဲ့သော နေရာ၌ ရဲများက လုံခြုံရေးများတင်းကြပ်စွာ ချထားလေသည်။

အစက ကားသမားတစ်ဦးက မြို့​၏နယ်နိမိတ်အနီးအနားက ကားလမ်းမပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်ဟု တိုင်ကြားလိုက်ခြင်းကြောင့် ရဲ့တွေက ဤအခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်း ရောက်လာကြခြင်းပင် ဖြစ်သည်။

ရဲများ အခင်းဖြစ်ပွားရာနေရာသို့ ရောက်လာသောအခါ အလွန်အံ့အားသင့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတစ်ခုလုံးရှိ လမ်းမကြီးက ကွဲကြေနေပြီး ပတ်ဝန်းကျင်တစ်ခွင်လုံးမှာလည်း ကျဉ်ဆံများက ပြန့်ကြဲနေကြသည်။ သို့သော် ထိုကျဉ်ဆံတွေက အကောင်းပကတိအတိုင်း မရှိတော့ပေ။ ကြီးမားသောတူကြီးတစ်တူဖြင့် စိစိညက်ညက်ကျေအောင် ထုထားဘိသကဲ့သို့ ပြားကပ်နေပြီ ဖြစ်သည်။

ရဲသားများဟာ အခင်းဖြစ်ပွားရာနေရာ​၏ အနီးဝန်းကျင်တစ်လျှောက်လုံးသို့ တာဝန်များအသီးသီးခွဲဝေ၍ သဲလွန်စများ ရှာစေသည်။ ထို့နောက် ပထမဆုံးအနေနှင့် ထိုအခင်းဖြစ်ပွားမှုကို သတင်းပေးသောလူအား စတင် စစ်ဆေးမေးမြန်းသည်။

သို့သော် ထိုလူ​၏အဖြေကလည်း သိပ်ပြီး ရေရေရာရာ မရှိလှပေ။ သူက လမ်းမကြီးပေါ်မှာ ကားမောင်းနေစဉ် လမ်းအလယ်တည့်တည့်မှာ အနက်ရောင်ကားတစ်စီးက ပိတ်ရပ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုကား​၏အရှေ့ဆယ်မီတာလောက်မှာ မြေပြင်တစ်ခုလုံးက ကွဲကြေနေသည်။ ထို့ကြောင့် သတင်းပေးသူက သူ့ကားကို လမ်းဘေးသို့ချရပ်လိုက်ပြီး ထိုကားကို ဆင်း၍ စစ်ဆေးလိုက်သည်။

သတင်းပေးသူက ပျက်စီးနေသော ကားကို သွားရောက်ကြည့်ရှုလိုက်သောအခါ အနီးအနား၌ နှမ်းကြဲထားသလို ပြန့်ကြဲနေသော ကျည်ဆံအပြားများကို မြင်လိုက်ရသည်။ သို့သော် သတင်းပေးသူက ထိုကျည်ဆံတွေဟာ ဒင်္ဂါးပြားတစ်ပြားကဲ့သို့ ပြားချပ်နေသည့်အတွက် ကျည်ဆံဟုတောင် မသိတော့ချေ။

သတင်းပေးသူက ထိုကားကို တစ်စုံတစ်ယောက်က လမ်းပေါ်၌ ခဏရပ်ထားသည်ဟု ထင်လိုက်သည်။ ထို့ကြောင့် အနီးကပ်သွားပြီး စစ်ဆေးလိုက်သည်။ သို့သော် ကားထဲ၌ မည်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။ ထိုလူဟာ အတော်လေး စိတ်ရှုပ်ထွေးသွားသည်။ ဤကဲ့သို့သော ကားအကောင်းစားကြီးကို မည်သူကများ ဒီလိုနေရာမှာ လာထား,ထားပါမည်နည်း။ ထို့အပြင် ကားသော့ကလည်း အခုချိန်ထိ တပ်ရပ်သား ရှိနေသေးသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now