" ယွင်ဟောက်... နင် ဘာလို့ ဒီမှာရှိနေသေးတာလဲ၊ နင့်ကို ထွက်သွားလို့ ငါ ပြောပြီးပြီလေ " ယွင်ဟောက်က သူမ၏ကိစ္စများကို အမြဲတမ်း ဝင်ရောက် စွက်ဖက်နေသောကြောင့် ဖန်းရွှယ်က သူ့ကို အလွန်တရာ မုန်းတီးနေတော့သည်။
" အချစ်ကလေး ရွှယ်... ကိုယ် မင်းကို ဒီမိန်းမရဲ့ သီချင်းသံကနေ ကယ်တင်နေတာလေ၊ သူမ ဗျက်စောင်းတီးတာကို ငါ ကြားဖူးတယ်၊ အဲ့ဒါကြောင့် ငါ့ခေါင်းတွေတောင် အရည်ပျော်မတက်ပဲ " ယွင်ဟောက်တစ်ယောက် ဤမနက်က သူ၏အတွေ့အကြုံကိုတောင် ပြန်လည် အမှတ်ရသွားလေသည်။
" နင် ငါ့ကို ဒီလိုပဲ ဆက်ခေါ်နေဦးမယ်ဆိုရင် ငါ နင့်ကို ဥပေက္ခာပြုထားရလိမ့်မယ်၊ ဒီလိုမှ မရဘူးဆိုရင်တော့ ငါ နင်နဲ့ ဆက်ပြီး ပတ်သက်စရာ အကြောင်း မရှိတော့ဘူး " ယွင်ဟောက်ခေါ်သော နာမည်ကြောင့် ဖန်းရွှယ်က မကျေမနပ် ဖြစ်နေတော့သည်။
" ကောင်းပြီ... ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါ့စကားကို နားထောင်ပေးပါ၊ ဒီမိန်းမနဲ့ သီချင်း အတူတူ မတီးပါနဲ့၊ ဒီလိုမှ မဟုတ်ရင် နင် နောင်တရလိမ့်မယ် " ယွင်ဟောက်က ဖန်းရွှယ်ကို အလေးအနက် သတိပေးလိုက်သည်။
ဖန်းရွှယ်က ယွင်ဟောက်၏စကားများကို ဂရုမစိုက်ဘဲ စင်ပေါ်သို့ တက်သွားသည်။ ဖန်းရွှယ်က ချောင်ယမ်ယမ်တစ်ယောက် မည်မျှအထိ တူရိယတီးခတ်မှု ကျွမ်းကျင်သနည်းဟု သိလိုသည်။ အဘယ်ကြောင့်ဆိုသော် ရဲ့ချန်က သူကိုယ်တိုင် ဤမိန်းကလေးကို လေ့ကျင့်ပေးထားသည်ဟု ပြောနေသည် မဟုတ်ပါလား။
ချောင်ယမ်ယမ်က ဖန်းရွှယ်နှင့်အတူ စင်ပေါ်တွင် အတူတူ သီချင်းတီးရမည်ဟု သိရသောကြောင့် အလွန်တရာ တက်ကြွနေပြီး ပျော်ရွှင်နေတော့သည်။
" ကျွန်မ ရှင့်နာမည်ကို သိလို့ရမလား " ဖန်းရွှယ်တစ်ယောက် ဤမိန်းကလေးက သူမထက် အနည်းငယ် ပိုလှကြောင်း သတိထားမိသွားသည်။ ထို့အပြင် အလွန်တရာ စိတ်ပျက်စရာကောင်းသော ရဲ့ချန်က ဤမျှ လှပသော မိန်းကလေးကို မည်သို့ ရရှိထားသနည်းဟု ဖန်းရွှယ်တစ်ယောက် သိချင်စိတ်ပေါက်သွားလေသည်။
" ကျွန်မ နာမည်က ချောင်ယမ်ယမ်ပါ " ချောင်ယမ်ယမ်က သူမကိုယ်သူမ မိတ်ဆက်ပေးလိုက်သည်။
YOU ARE READING
နတ်ဘုရားတို့ လျှောက်သောလမ်း Part-1
Fantasyသူက ရွာငယ်လေး တစ်ရွာမှာ အဘိုးဖြစ်သူနဲ့အတူ နေထိုင်တယ်။ သူ့ဘဝက သာမန် လူငယ်လေး တစ်ယောက်နဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့အဘိုး ကွယ်လွန်သွားတော့ သူ့ဘဝက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ့ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့တာကြောင့် ဘဝကို အမှီအခိုကင်းကင်းနဲ့ နေထိုင...