အခန်း (၉၀) ဖန်းရွယ် အတု

259 15 0
                                    

" ဟေ့လူ... ခဏ ခဏ " မိန်းကလေးက ရဲ့ချန်ကို လှမ်းခေါ်လိုက်သည်။

ရဲ့ချန်က နောက်ကို လှည့်ပြီး မေးလိုက်သည်။ " ဘာကိစ္စရှိလို့လဲ... "

" ကျွန်မကို တစ်နေရာရာ ခေါ်သွားပေးနိုင်မလား၊ ကျွန်မ လမ်းပျောက်နေပြီး ဘယ်သွားရမှန်း မသိတော့လို့ " မိန်းကလေးက လမ်းပျောက်နေသောကြောင့် ရဲ့ချန်ဆီက ထပ်မံ အကူညီတောင်းလိုက်သည်။

" စိတ်မကောင်းပါဘူး... ကျုပ်လည်း အရေးကြီးကိစ္စရှိနေလို့ဗျ၊ တစ်ယောက်လောက်ရှာပြီး အကူညီတောင်းလိုက်ပါ " ရဲ့ချန်တွင် သူမအတွက် အချိန်ပို မရှိပေ။ ချောင်ယမ်ယမ်ဆီသွားဖို့က အရေးကြီးနေသည် မဟုတ်ပါလား။

" ခဏ... ခဏလေး " မိန်းကလေးက ရဲ့ချန်ကို ထပ်မံ တားလိုက်ပြန်သည်။

" ဘာလဲဗျာ... " ရဲ့ချန်က မိန်းကလေးကို အကူညီကင်းမဲ့စွာဖြင့် ပြောလိုက်တော့သည်။

မိန်းကလေးက အနည်းငယ် ချီတုံချတုံ ဖြစ်သွားလေသည်။ ထို့နောက် သူမက နေကာမျက်မှန်နှင့် ကမ်းခြေဆောင်း ဦးထုပ်ကြီးကို ချွတ်လိုက်တော့သည်။

ယခုတော့ ရဲ့ချန်က မိန်းကလေး​၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်သွားတော့သည်။ ထိုမိန်းကလေး​၏ မျက်နှာဝိုင်းဝိုင်းလေးက ပြီးပြည့်စုံလှပြီး အညိုရောင် ဆံနွယ်ရှည်ကြီးများနှင့် အပြာရောင် မျက်ဝန်တစ်စုံတို့က သူမကို လှပသော မင်းသမီးလေးတစ်ပါးနှယ် ကူညီပံ့ပိုးပေးနေတော့သည်။

" လှလိုက်တာ... " ရဲ့ချန်တစ်ယောက် သူ​၏ရှေ့က မိန်းကလေးက အလွန်တရာ လှပကြောင်း ဝန်ခံလိုက်ရတော့သည်။

" အခု ကျွန်မ သွားချင်တဲ့နေရာကို သွားဖို့ ရှင် အကူညီ ပေးနိုင်ပြီလား " မိန်းကလေးက ပြောလိုက်သည်။

" ကျုပ် ခင်ဗျားကို ပြောပြီးပြီပဲ၊ ကျုပ်မှာ ခင်ဗျားအတွက် အချိန်မရှိဘူး၊ တစ်ယောက်ယောက်ကို ရှာပြီး အကူညီတောင်းလိုက်ပါ၊ နုတ်ဆက်ပါတယ်... " ထိုသို့ပြောပြီး ရဲ့ချန်က လှည့်ထွက်သွားတော့သည်။

ရဲ့ချန်​၏အပြုအမူကို ကြည့်ပြီး မိန်းကလေးက မှင်တက်မိနေသည်။ သူမနှင့် ရင်းနှီးလိုသော၊ အကူညီပေးရန် လိုလားသော လူများစွာရှိခဲ့သော်လည်း သူမက အမြဲတမ်း ငြင်းဆန်ခဲ့သည်သာ ဖြစ်သည်။ ယခုတော့ သူမရှေ့က လူက သူမကို တုံဆိုင်းခြင်းမရှိ ငြင်းဆန်နေသည်။ " သူက ငါ့ကို မသိဘူးလား၊ ဒီနိုင်ငံမှာ ငါ့ကို မသိတဲ့လူ ရှိသေးတာလား... " မိန်းကလေးက ရဲ့ချန်ကို ကျော်တက်ပြီး ရှေ့ကနေ ပိတ်ရပ်ထားလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now