အခန်း (၁၅၁) အဘွားထန်နူ၏ ဒေါသ

258 16 0
                                    

" ဟူး ... အဘွားထန်နူက ဒီအချိန်မှာ ခေါ်လိုက်တာ ကံကောင်းသွားတယ် " ထို့နောက် ချောင်ဂျင်ချမ်း နှင့် စုဝမ်ဆန်တို့က ကစားပွဲကို အဆုံးသတ်ပြီး စားဖိုဆောင်ဆီသို့ လျှောက်သွားကြသည်။

စားဖိုဆောင်ထဲတွင် ချောင်ယမ်ယမ်က အဘွားထန်နူကို ဟင်းပွဲများ ပြင်ဆင်ရာတွင် ကူညီလုပ်ကိုင်ပေးလျှက် ရှိသည်။

" မန်ချီရော ဘယ်မှာလဲ၊ သူ မနိုးသေးဘူးလား " ဤနေရာတွင် စုမန်ချီမရှိကြောင်း သတိထားမိ၍ စုဝမ်ဆန်က ချောင်ယမ်ယမ် နှင့် ထန်နူကို ချက်ချင်း မေးမြန်းလိုက်သည်။

" အဘိုးစု အမမန်ချီက ပြန်အိပ်နေတယ် ထင်တယ်၊ ခဏလေး ကျွန်မ သွားနှိုးလိုက်မယ် " ချောင်ယမ်ယမ်သည် စုမန်ချီက လောလောဆယ် သူမ​၏အခန်းထဲတွင် အိပ်စက်နေကြောင်း ပြောလိုက်​၏။

" ဒီမိန်းမငယ်လေးက အတော် အပျင်းကြီးတာပဲ၊ ရတယ် နေပါစေ၊ အဘိုး သွားနှိုးလိုက်မယ် " စုဝမ်ဆန်က လှေကားပေါ်သို့ တက်ရန် ဟန်ပြင်လိုက်သည်။

" အဘိုး ကျွန်မ နိုးပါပြီ " အပေါ်ထပ်မှ နူးညံ့သော အသံလေးတစ်ခုက ပြန်ဖြေလိုက်​၏။

စုမန်ချီက လှေကားအတိုင်း ဆင်းလာခဲ့သည်။ ဤမနက်ခင်းတွင် စုမန်ချီ​၏ပုံစံက အလွန်တရာ လှပနေဟန် ပေါ်နေ​၏။ ရွှန်းစိုသော အသားအရည်၊ ခန္ဓာကိုယ်တွင် သစ်လွင်သော ဂါဝန်အဖြူတစ်ထည်ဖြင့် စုမန်ချီက လှချင်တိုင်း လှနေသည် မဟုတ်ပါလား။

ထို့အပြင် သူမက တစ်ဘက်တစ်ထည်ကို လည်ပင်းကချ နောက်ကျောက သိုင်းကာ လက်ကောက်ဝတ်တွင် တင်ထားလေသည်။ ထို့ကြောင့် သူမ​၏ပုံစံက ကောင်းကင်က ဆင်းသက်လာသော နတ်ဖုရားမလေး တစ်ဦးသဖွယ် ကျက်သရေရှိနေတော့သည်။

စုမန်ချီသည်လည်း သူမကိုယ်သူမ ငယ်ရွယ်ပြီး ပိုမိုချောမောလာသည်ကို ပြန်မြင်ပြီး အလွန်အမင်း အံ့အားသင့်ခဲ့ရ​၏။ ချောင်ယမ်ယမ်​၏ ရှင်းပြချက်ကို နားထောင်ပြီးမှသာ ဤသို့ ဖြစ်ပျက်သွားရသည့် အကြောင်းရင်းကို သူမ နားလည်သွားခြင်း ဖြစ်သည်။ ယင်းသည် မနေညက ရဲ့ချန်နှင့် ယင်ယန်လေ့ကျင့်ခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများပင် ဖြစ်​၏။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now