အခန်း (၄၂) နတ်သမီး တံခါးဝ အဆင့်တက်ခြင်း

380 29 0
                                    

ချောင်ယမ်ယမ် " ဟာ ဟုတ်သားပဲ... ယောက်ျား ငါတို့ ဘာဆက်လုပ်သင့်လဲ "

" ရဲ့ချန်... ညီမလေးယမ်ယမ်အတွက် ဘာဖြစ်လို့ ကျင့်ကြံခြင်းကျင့်စဉ်တွေ ရွေးမပေးတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ညီမလေးယမ်ယမ်က ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီပဲလေ။ အခု သူ့မှာ သင့်တော်တဲ့ကျင့်စဉ် မရှိသေးဘူး "

ချူးယွဲ့ချန်က ပြောလိုက်သည်နှင့် ရဲ့ချန်က ချောင်ယမ်ယမ့်အား ခေါ်လာပြီး စေတီမျှော်စင်ဆီသို့ ကျင့်စဉ်ရွေးရန် ထွက်လာလိုက်သည်။ ချောင်ယမ်ယမ်ဟာ ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်လာပြီး စိတ်ဝိညာဉ်တည်ထောင်ခြင့်နယ်အပယ် စဦးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရဲ့ချန် နားလည်သွားသည်။

ချောင်ယမ်ယမ်​၏ဖြစ်စဉ်အား ကြည့်ခြင်းဖြင့် ရဲ့ချန်နှင့် ယင်ယန်ကျင့်စဉ်လေ့ကျင့်ခြင်း​၏ ရလဒ်က အင်မတန်မှ အံ့အားသင့်ဖွယ်ကောင်းသည်။ ထို့အပြင် သူမက သာမန်လူတစ်ဦးအဖြစ်နှင့်သာ စတင်ခဲ့သော်လည်း သိုင်းပညာနယ်ပယ်နှင့် ငွေ့ရည်ဖွဲ့နယ်ပယ်တို့အားကျော်လွန်ပြီး စိတ်ဝိညာဉ်တည်ထောင်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ညတစ်ညသာ ကျော်လွန်သွားပြီးနောက် အဆင့်ကြီးနှစ်ခု တက်ရောက်ခဲ့သည့်အဖြစ်က ကျင့်ကြံခြင်းလောက၌သာဆိုလျှင် ဆယ်စုနှစ်တစ်ခုကြာလောက်မှ ဖြစ်နိုင်ပေမည်။ ချောင်ယမ်ယမ့်​၏သတင်းသာ ကျင့်ကြံခြင်းလောက်ကသို့ ပျံ့နှံ့သွားမည်ဆိုလျှင် ကျင့်ကြံသူအပေါင်းတို့ သွေးပွက်ပွက်ပင် အန်ပေလိမ့်မည်။

နောက်ဆုံးမှာတော့ သူတို့သုံးဦးစလုံး စေတီမျှော်စင်ထဲမှ ကျင့်စဉ်များထားသောအခန်းသို့ ရောက်ရှိလာကြသည်။

လမ်းတစ်လျှောက်တွင် ရဲ့ချန်က ချောင်ယမ်ယမ့်ကိုကျင့်ကြံခြင်းနှင့်ပတ်သက်သော အခြေခံများအား ရှင်းပြခဲ့ဖို့လည်း မေ့မနေချေ။

" မိန်းမရေ... ငါတို့ ကျင့်ကြံခြင်းကျင်စဉ်တွေထားတဲ့ အခန်းထဲတော့ရောက်ပြီ။ ကြည့်လိုက်... ဒီထဲက မင်းကြိုက်တဲ့ ကျင့်စဉ်တစ်ခုခုကို သွားရွေးလိုက် "

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Nơi câu chuyện tồn tại. Hãy khám phá bây giờ