အခန်း (၁၃) ဇာတိရွာလေးဆီသို့ အပြန်

463 46 0
                                    

ရဲ့ချန် နားနားနေနေပဲ ပျံသန်းလာသည်။ ရွာကလေးဆီ ရောက်ဖို့ တစ်နာရီကျော်ကျော်လောက်တော့ လိုသေးသည်။ နောက်ဆုံးမှာတော့ သစ်သားအိမ်အဟောင်းလေး တစ်လုံးကို မြင်လိုက်ရသည်။ အိမ်ကလေးမှာရှိတဲ့ သစ်သားတိုင်းဟာ ဆွေးမြေ့နေပါပြီ။ အချိန်မရွေး ပြိုကျနိူင်ပြီး လူတစ်ယောက်နေဖို့ ဘယ်လိုမှ မသင့်တော်ပါချေ။

ဒါလေးကတော့ ရဲ့ချန်နဲ့ အရင်ကသူ့အဘိုးတို့ရဲ့ အိမ်ကလေးပါ။ သူ့အဘိုးအတွက်တော့ ဒီအိမ်လေးက ပြီးပြည့်စုံသော နေရာလေးပါ။ ရဲ့ချန် အိမ်ကလေးထဲ လျှောက်ဝင်သွားလိုက်သည်။ အိမ်ထဲရောက်တော့ ပစ္စည်းတွေနဲ့ ပရိဘောဂတွေကို တစ်ချက် စစ်ဆေးလိုက်သည်။ ဒါတွေက ရဲ့ချန်ထွက်မသွားခင် အချိန်တုန်းကအတိုင်း တူညီစွာပဲ ရှိနေပါသည်။ ပရိဘောဂတွေ ပစ္စည်းတွေက အများကြီးရှိသော်လည်း အချိန်အတော်ကြာအောင် သန့်ရှင်းရေးမပြုလုပ်ခဲ့တာကြောင့် ပင့်ကူအိမ်အမြောက်အများနှင့် ဖုန်မှုန့်များက ၎င်းတို့ကို ကပ်တွယ်နေကြသည်။

ရဲ့ချန် သူ့ရဲ့အခန်းထဲသွားလိုက်ပြီး အံဆွဲကို ဖွင့်လိုက်သည်။ အံဆွဲထဲမှာတော့ သူနဲ့ သူ့အဘိုးရဲ့ ဓာတ်ပုံတစ်ပုံရှိသည်။ ဒါက သူတို့နှစ်ဦးစလုံး​၏ တစ်ခုတည်းသော ဓာတ်ပုံလေးပါ။ သူ့အဘိုးနာမည်က ရဲ့ဟန်ပါ။ ရဲ့ဟန်က သူ့ရဲ့အဘိုးအရင်းမဟုတ်တာတောင်မှ ရဲ့ချန် ကလေးဘဝကစ အရွယ်ရောက်လာသည်အထိ ကောင်းမွန်စွာ ဂရုစိုက်ခဲ့သည်။

ရဲ့ချန်က သူ့အဘိုးကို ပျော်ရွှင်အောင် လုပ်ပေးချင်တဲ့ စိတ်ပဲရှိပါတယ်။ ထို့ကြောင့် ပညာကို ခက်ခက်ခဲခဲ သင်ယူခဲ့ပါတယ်။ ဒါကြောင့်လည်း အလုပ်အချို့ကို ရရှိပြီး သူအဘိုးကို ပျော်ရွှင်မှုတွေ ပေးစွမ်းနိူင်လိုက်ပါတယ်။ သို့သော် ကံတရားက သူတို့ကို မျက်နှာသာ မပေးပေ။ ရဲ့ချန် ၁၅ နှစ်အရွယ်မှာပဲ သူအဘိုးဟာ အသူတစ်ရာနက်သော ချောက်ထဲသို့ ပြုတ်ကျသွားပြီး ရဲ့ချန်ကို တစ်ယောက်ထဲထားခဲ့သည်။ ရဲ့ချန် တောင်ပေါ်မှာ တွေ့နိူင်သော အသီးတွေ အရွက်တွေကို ရောင်းချခြင်းဖြင့် သူ့ဘဝကိုယ်သူ ဝမ်းကျောင်းလာရသည်။

ရဲ့ချန်ရဲ့အိမ်နောက်ဖေးမှာ အလေ့ကျသီးပင် စားပင်များ ပေါက်သော တောအုပ်တစ်ခုရှိသည်။ ထိုကြောင့် ရဲ့ချန် ထိုနေရာမှ စားစရာများကို အခမဲ့ရရှိခဲ့သည်။ တစ်နှစ်လောက်ကြာသောအခါ ရဲ့ချန် ပညာသင်ဆုရရှိခဲ့ကာ ကျောင်းပြီးဆုံးခဲ့ပြီး မြို့ကျောင်းတစ်ခုမှာ ကျောင်းတက်နိူင်ခဲ့လေသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Donde viven las historias. Descúbrelo ahora