အခန်း (၁၅၉) တစ်ချက်ဆိုမှ တစ်ချက်တည်း

261 15 0
                                    

ရှောင်လုမန်တစ်ယောက် ကြမ်းပြင်ပေါ်မှ ထရပ်ရန် ကြိုးစားလိုက်သည်။ သူ၏မျက်နှာကလည်း မည်းမှောင်နေ၏။ သူသည်လည်း ဤကဲ့သို့ အဖြစ်မျိုး ဖြစ်မည်ဟု မျှော်လင့်ထားပုံ မရပေ။
သူ ကြမ်ပြင်ပေါ်သို့ လဲကျနေသည်ကို လူပေါင်းများစွာကလည်း လှောင်ရယ်နေကြသည်။
သူက ရဲ့ချန်ကို လူသူရှေ့တွင် အရှက်ခဲ့ရန် ရည်ရွယ်ခဲ့သည့်တိုင် သူသာလျှင် အရှက်ကွဲခဲ့သည် မဟုတ်ပါလား။
“ ကဲ နှစ်ကွက်တော့ ပြီးသွားပြီ၊ မင်းမှာ အခွင့်အရေး သုံးကြိမ် ကျန်သေးတယ် “ ရဲ့ချန်က ရှောင်လုမန်၏သိုင်းကွက်ကို ရေတွက်ပေးလိုက်၏။
ရှောင်လုမန်တစ်ယောက် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ရဲ့ချန်ကို မိုးမမြင် လေမမြင် ၀င်ရောက် တိုက်ခိုက်တော့သည်။
ရဲ့ချန်က ရှောင်လုမန်၏သိုင်းကွက်ကို အလွယ်တကူသာ ရှောင်တိမ်းနေလျှက်။
ရှောင်လုမန်သည် ရဲ့ချန်က သူ၏တိုက်ကွက်များကို အလွယ်တကူ ရျောင်တိမ်းနေသောကြောင့် ဒေါသများ အလိပ်လိုက် အလိပ်လိုက် ထွက်လာတော့သည်။
ရှောင်လုမန်သည် သိုင်းပညာ မိသားစု၀င်တစ်ယောက် ဖြစ်သည်နှင့်အညီ ငယ်စဉ်ကတည်းက အဘိုးဖြစ်သူ နှင့် ဖခင်ဖြစ်သူတို့ လေ့ကျင့်ပေးခဲ့သော သိုင်းပညာများဖြင့် အလွန်တရာ ရင်းနှီးကျွမ်း၀င် ခဲ့လေသည်။ ယခု သူက အဘိုး နှင် အဖေတို့ထံမှ ပညာတစ်၀က်ခန့် အမွေရရှိထားပြီးပြီ ဖြစ်သည်။
ရှောင်လုမန်သည် သူ၏စွမ်းရည်အပေါ် အလွန်တရာ ယုံကြည်မှု ရှိနေသောကြောင့် ယနေ့ ရဲ့ချန်လို့ အလွန်အမင်း အားကောင်းသည့် ရန်သူတစ်ယောက်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်၏။
ရှောင်လုမန်သည် သူတတ်ထားသော သိုင်းပညာများကို အိတ်သွန်ဖာမှောက် အသုံးပြုပြီး ရဲ့ချန်ကို တိုက်ခိုက်တော့သည်။
“ ငါရေနေတာ သိုင်းကွက်လေးကွက် ရောက်သွားပြီးနော် “ ရဲ့ချန်က သတိပေးလိုက်သည်။
ရှောင်လုမန်၏ခန္ဓာကိုယ်တွင် ချွေများ စိုရွှဲနေပြီ ဖြစ်သည်။ ဤကဲ့သို့ ချွေပြန်အော်ထိ သူ တစ်ခါမျှ မတိုက်ဖူးပေ။
“ ဒီမှာ ပူနေလို့လား၊ ခဏလေး၊ ငါ ပြတင်းပေါက် သွားဖွင့်ပေးမယ် “ ရဲ့ချန်က ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ပြတင်းပေါက် သွားဖွင်ရန် နောက်သို့ လှည့်လိုက်သည်။
ထိ်ုအရာကိုကြည့်ရင်း ရှောင်လုမန်သည် အခွင့်ရေးကောင်းကို မည်သည့်နည်းနှင့်မျှ လက်လွတ်မခံနိုင်တော့ပေ။ ထို့ကြောင့် ရဲ့ချန်၏နောက်ကျောကို တိုက်ခိုက်ရန် ပြေး၀င်သွားတော့သည်။
ရှောင်လုမန်က လေထဲသို့ ခုန်တက်လိုက်သည်။ “ အရိပ်ဆယ်ခု ကန်ချက် … “ သူက လေထဲသို့ အကြိမ်ဒါဇင်ခန့် ကန်လွှတ်လိုက်တော့သည်။
ရှောင်လုမန်က သူ့ဆီသို့ တိုး၀င်လာကြောင်း သတိထားမိမိချင်း ရဲ့ချန်က ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီး ရှောင်လုမန်၏နောက်သို့ ရွေ့လျားလိုက်သည်။
“ မင်းရဲ့အခွင့်အရေးက ပြီးသွားပြီ၊ ဒီအချိန်က ဒါကို အဆုံးသတ်ရမယ့် အချိန်ပဲ “ ရဲ့ချန်က မည်သည့်အကွက်မှ မသုံးဘဲ ရှောင်လုမန်ကို ပြတင်းပေါက် အပြင်ဘက်သို့ ကန်လွှတ်လိုက်တော့သည်။
ရှောင်လုမန်သည် ရဲ့ချန်၏ကန်ချက်ကြောင့် သူ၏ကျောက ကော့ထွက်သွားသည်ဟုသာ ခံစားလိုက်ရတော့သည်။
သူသည် ဆယ်မီတာခန့်အထိ လွင့်ပျံသွားပြီး မြေပေါ်သို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားကာ ကွင်းပြင်အနီးတွင် လဲကျနေတော့သည်။
ကွင်းပြင်ထဲတွင် လှုပ်ရှားသွားလာသော လူများသည် ထိုအရာကို ကြည့်ပြီး တအံံတသြ ဖြစ်ကုန်ကြ၏။
လူတစ်ယောက်က ရုတ်တရက် လွင့်ပျံလာပြီး မြေကြီးပေါ်တွင် လူးလှိမ့်နေသည် မဟုတ်ပါလား။
ပရိတ်သက်များသည် ရဲ့ချန်က ရှောင်လုမန်ကို ပြတင်းပေါက် အပြင်ဘက်သို့ အလွယ်တကူ ကန်ထုတ်ပစ်သည်ကို မြင်ပြီး မှင်သက်မိနေကြ၏။
အထူးသဖြင့် ရဲ့ချန်က ယခုချိန်ထိ ဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ရက်သား ရှိသေးသည် မဟုတ်ပါလား။
ရဲ့ချန်က ရှောင်လုမန်ကို ခြေကန်ချက် တစ်ချက်တည်းဖြင့် အမှန်တကယ် အနိုင်ရရှိခဲ့ပေသည်။
မြေပေါ်တွင် လဲကျနေသော ရှောင်လုမန်က မထနိုင်တော့ပေ။ သူ၏ကျောရိုးက ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည် မဟုတ်ပါလား။
“ ခေါင်းဆောင် .. “ သိုင်းပညာအခန်းက ရှောင်လုမန်နောက်ကို လိုက်လာသော အဖွဲ့၀င်များက ပြင်တင်းပေါက် အပြင်ဘက်သို့ ခုန်ထွက်သွားကြလေသည်။ ထို့နောက် သူတို့က မြေပေါ်တွင် လဲကျနေသော ရှောင်လုမန်ကို သွားရောက် ကူညီပေးလိုက်ကြသည်။
ယင်းက လူတိုင်၏အတွေးအမြင်များကို ကျော်လွန်သွားပြီ ဖြစ်သည်။ ရဲ့ချန်က ရှောင်လုမန်ကို သိုင်းကွက်တစ်ကွက်တည်းဖြင့် အပြည့်အ၀ အနိုင်ယူပြလိုက်သည် မဟုတ်ပါလား။
“ ခေါင်းဆောင် ခင်ဗျား အဆင်ပြေရဲ့လား “ သိုင်းပညာ အခန်း၏အဖွဲ့၀င်များက ရှောင်လုမန်ကို မြေပေါ်ကနေ ထူမပေးလိုက်ကြသည်။
လောလောဆယ် ရှောင်လုမန်က စကားမပြောနိုင်သေးပေ။ ယခု သူ၏နောက်ကျောက နာကျင်မှုကို အံကြိတ်ခံနေရသည် မဟုတ်ပါလား။
“ ခေါင်းဆောင်ကို ကျောင်းကျန်းမာရေးဌာနဆီ ခေါ်သွားရအောင် “ သိုင်းပညာအခန်း၏ အဖွဲ့၀င် တစ်ဦးက ရှောင်လုမန်ကို ကျောင်း ကျန်းမာရေးဌာနသို့ ခေါ်သွားရန် အကြံပေးလိုက်သည်။
ထို့နောက် သိုင်းပညာအခန်း၏ အဖွဲ့၀င် အချို့က ရှောင်လုမန်ကို ပွေ့ချီပြီး ကျောင်းကျန်းမာရေး ဌာနသို့ ခေါ်သွားကြလေသည်။
သိုင်းပညာအခန်း၏ အဖွဲ့၀င်များက မထွက်ခွာခင် ရဲ့ချန်အား ခြိမ်းခြောက်သော အကြည့်ဖြင့် ကြည့်သွားရန်လည်း မေ့မနေပေ။
ယခုအချိန်က စပြီး ကျောင်းတော်တွင် အသန်မာဆုံး ပုဂ္ဂိုလ်က ရှောင်လုမန် မဟုတ်တော့ပေ။ ကျောင်းတော် အသန်မာဆုံး ပုဂ္ဂိုလ်အသစ်က ရဲ့ချန် ဖြစ်သွားပြီ ဖြစ်၏။
ဤတိုက်ပွဲ၏အကြောင်းက ပရိတ်သက်များအကြား ချက်ချင်းလိုလို ပျံ့နှံ့သွားသွားလေသည်။ ထိုသတင်းကို ကြားလိုက်ရသော ရှောင်လုမန်၏ပရိတ်သက်အချို့က သူရှုံးနိမ့်သွားသည့်အတွက် စိတ်ပျက်လက်ပျက် ဖြစ်သွားကြလေသည်။
ရဲ့ချန်သည် ရှောင်လုမန်ကို ထိုက်တန်သော သင်ခန်းစာတစ်ခု ပေးလိုက်ရသောကြောင့် အတော်လေး ကျေကျေနပ်နပ် ဖြစ်သွားသည်။
“ ရဲ့ချန် နင်ဘာမှ မဖြစ်ဘူးမို့လား “ လီချင်းကျူက ရဲ့ချန်၏ဘေးသို့ ချက်ချင်း ရောက်လာသည်။ သူမက ရဲ့ချန် အဆင်ပြေမပြေ သိလိုသည် မဟုတ်ပါလား။
“ ငါအဆင်ပြေပါတယ်၊ ဘာမှ စိတ်ပူမနေပါနဲ့ “ ရဲ့ချန်က လီချင်းကျူကို စိုးရိမ်မနေရန် ပြောလိုက်၏။
ရဲ့ချန် အဆင်ပြေကြောင်း ကြားရမှ လီချင်းကျူလည်း စိတ်သက်သာရာ ရသွားလေသည်။ ယင်းက ပထမဆုံးကြိမ်အဖြစ် လီချင်းကျူသည် သူမ၏မိသားစုအပြင် အခြားတစ်ယောက်အတွက် စိတ်ပူမိခြင်း ဖြစ်၏။
“ ဝိုး … ဝိုး … ရဲ့ချန် မင်းက သေအောင်မိုက်တာပဲ “ ကျန်းချောင်က ရဲ့ချန်တို့ မှာထားသော စားစရာများကို သယ်ဆောင်ပြီး ရောက်လာသည်။
လူအုပ်ထဲတွင် ကျန်းချောင်ကလည်း ရဲ့ချန် နှင့် ရှောင်လုမန်တို့၏ တိုက်ပွဲကို ကြည့်နေသည် မဟုတ်ပါလား။
ကျန်းချောင်သည် ရဲ့ချန်က ဤမျှထိ သိုင်းတော်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ရှောင်လုမန်ကိုပင် အရှက်ရအောင် လုပ်လိုက်နိုင်သည်။
“ ဒါက သာမန်ပါပဲကွာ၊ ကဲ ကဲ စားစရာတွေ စားရအောင် “ ရဲ့ချန်က ကျန်ချောင်ဆီက စားစရာ ပန်းကန်များကို လက်ပြောင်းယူလိုက်သည်။
ထောင့်ချိုးတစ်ခုတွင် ရဲ့ချန်ကို တလက်လက် တောက်ပနေသော မျက်၀န်းများဖြင့် စိုက်ကြည့်နေသည့် မိန်းမချောလေးတစ်ယောက် ရှိသည်။ ဤမိန်းမလေးသည် ယခု အိုင်ဒေါအသစ်တစ်ယောက် ရရှိသွားသည့်ပုံ ပေါ်နေသည်။
သည်မိန်းကလေး၏ပုံစံသည် အရပ်က ၁၅၅ စင်တီမီတာခန့်သာ ရှိသည်။ အလွန်တရာ လှပသော မျက်နှာလေးနှင့် ပြီးပြည့်စုံသည့် ခန္ဓာကိုယ် ပိန်သေးသေးလေး ရှိသည်။ ကျစ်ဆံမြီးလေး နှစ်ဖက်ကို ကျောပေါ်တွင် အတိုင်းသား ချထား၏။ ထိုမိန်းမချောလေး၏ အကြီးမားဆုံး အားနည်းချက်သည် လေယာဉ် ပြေးသော လမ်းမကြီးလို ပြားချပ်နေသည့် ရင်ဘက်ပင် ဖြစ်သည်။ ၎င်း၏ဆိုဒ်က A လောက်သာ ရှိကောင်း ရှိနိုင်သည်။
ထိုမိန်းကလေး၏ ပထမဆုံး အိုင်ဒေါက ရှောင်လုမန် ဖြစ်သည်။ သူမသည် ရှောင်လုမန်က သူမကို သိုင်းပညာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာရန် လေ့ကျင့်ပေးစေချင်ခဲ့သည်။
သူမက သိုင်းကွက်များ ကစားပြနေသော ဇာတ်လမ်းတွဲများကို မကြာခဏ ကြည့်ရှုခဲ့သောကြောင် သိုင်းတတ်သော လူများကို အမှန်တကယ် အားကျခဲ့ရ၏။
ရှောင်လုမန်သည် သူမ ငယ်စဉ်က သိုင်းပညာသည် သူမတို့လို မိန်းကလေးများ လေ့လာရန် မသင့်တော်ကြောင်း တစ်ကြိမ် ပြောဖူးခဲ့၏။
ယနေ့တော့ သူမသည် ရှောင်လုမန်ထက် ပိုမို အားကောင်းသော လူတစ်ယောက်ကို မြင်နေရပြီ ဖြစ်၏။
ထိုလူက ကြီးကျယ်သော သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရန် ကိုယ်တိုင် လေ့ကျင့်ခဲ့ခြင်း ဖြစ်နိုင်သည်။
သိုင်းပညာ အခန်း၏အဖွဲ့၀င်များသည် ရှောင်လုမန်ကို ကျောင်းကျန်းမာရေးဌာနသို့ ခေါ်လာခဲ့ကြ၏။
ယခု ရှောင်လုမန်က ကျန်းမာရေးဌာနက ကုတင်တစ်လုံးပေါ်တွင် လဲလျောင်းနေပြီ ဖြစ်၏။
“ တောက် … နာလိုက်တာကွာ “ ရှောင်လုမန်တစ်ယောက် နာကျင်စွာ ညညးညူနေတော့သည်။ သူ၏ကျောရိုးကလည်း ကျိုးတော့မတက်ပင် နာကျင်နေသည် မဟုတ်ပါလား။
“ ခေါင်းဆောင် ကျုပ်တို့ အတူတူလက်တွဲပြီး အဲ့ကောင်ကို ပညာပေးဖို့တော့ လိုပြီ “ သိုင်းပညာအခန်း၏ အဖွဲ့၀င်များက ရဲ့ချန်ကို လက်စားချေလိုနေကြသည်။
“ အဲဒီလို လူတစ်ယောက်ကို မင်းတိုက်ခိုက်နိုင်မယ်လို့များ ထင်နေလား၊ အဲဒီကောင်က ငါ့ကို သိုင်းကွက်တစ်ကွက်လေးနဲ့တင် အနိုင်ယူသွားတာကွ “ ထိုလူအား သူကိုယ်တိုင်ပင် နိုင်အောင် မချနိုင်ပေ။ သူတို့က သူတို့ထက် အဆမတန် သန်မာသော ရဲ့ချန်ကို တိုက်ခိုက်ချင်နေသေးသည်။ မည်မျှပင် ရုးနှမ်းလိုက်သနည်း။
ထိုစကားကို ကြားပြီးနောက် သိုင်းပညာအခန်း၏ အဖွဲ့၀င်များသည် ဦးခေါင်းများ ငုံ့သွားကြသည်။ မှန်ပေသည်။ သူတို့က ရဲ့ချန်၏ ပြိုင်ဘက်များ မဟုတ်ကြပေ။
“ မေ့လိုက်တော့၊ ငါ့ရဲ့ဦးလေးတစ်ယောက်က နှစ်ပေါင်းနှစ်ဆယ်လောက် လေ့ကျင့်ပြီး အိမ်ကို ပြန်လာတော့မယ်ကွ၊ အဲဒီကောင်ကို သင်ခန်းစာပေးဖို့ ငါ့ဦးလေးဆီမှာ အကူညီတောင်းလိုက်မယ် “ ရှောင်လုမန်က ရဲ့ချန်ကို လက်စားချေရန် ဦးလေးဖြစ်သူထံ အကူညီတောင်းရန် ရည်ရွယ်ထားသည် မဟုတ်ပါလား။
ဖခင်ဖြစ်သူ နှင့် အဘိုးဖြစ်သူတို့သည် ဦးလေးဖြစ်သူက နှစ်ပေါင်းနှစ်ဆယ်ကျော် အကြာခန့် နာမည် ဂုဏ်သတင်း ကျော်ကြားသော ဂိုဏ်းတစ်ဂိုဏ်းတွင် ပညာသင်ကြားခဲ့ပြီး မကြာမီ ပြန်လာတော့မည် ပြောထားခဲ့သည်။
နှစ်ပေါင်းနှစ်ဆယ် အကြာက ရှောင်လုမန်၏ဦးလေးကို ဂိုဏ်း၏အကြီးအကဲတစ်ယောက်က သူ၏ကြင်နာမှုကို ပြန်ပေးဆပ်ရန် ကူညီးပေးခဲ့သည်။ ထိုအကြီးအကဲက ရှောင်လုမန်၏ဦးလေးကို ကျင့်ကြံသူတစ်ယောက် ဖြစ်လာရန် လေ့ကျင့်ပေးဖို့ ဂိုဏ်းသို့ ခေါ်သွားခဲ့သည် မဟုတ်ပါလား။
နောက်ဆုံးတော့ နှစ်နှစ်ဆယ်ခန့် ကြာပြီးသော် ဦးလေးက စာတစ်စောင် ပို့လိုက်သည်။ စာထဲတွင် ဦးလေးက ရက်အနည်းငယ်အတွင်း မိသားစုဆီသို့ ပြန်လာတော့မည်ဖြစ်ကြောင်း ရေးထားလေသည်။
အဘိုးဖြစ်သူ နှင့် ဖခင်ဖြစ်သူသည် သူ၏ဦးလေးက သိုင်းပညာတွင် အလွန်တရာ ကောင်းမွန်ကြောင်း တဖွဖွ ပြောနေလေ့ရှိပေသည်။ ဂိုဏ်းထဲတွင် အနှစ်နစ်ဆယ်ခန့် လေ့ကျင့်ပြီးနောက် ဦးလေးဖြစ်သူ၏သိုင်းပညာက အံ့မခမ်း ဖြစ်လာပေလိမ့်မည်။
အမှန်စင်စစ် ရှောင်လုမန်က ဦးလေးဖြစ်သူကို ကိုယ်တိုင် တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူက ဦးလေးဖြစ်သူ၏မျက်နှာကို နားနေခန်းထဲတွင် ချိတ်ထားသော ဓာတ်ပုံထဲတွင်သာ မြင်ဖူးခဲ့သည်။
ရှောင်လုမန်သည် ကျင့်ကြံသူတစ်ဦးဖြစ်သော ဦးလေးဖြစ်သူ နှင့် ဆုံတွေ့ရန် မစောင့်နိုင်တော့လောက်အောင် ဖြစ်နေသည်။ အဘိုး နှင့် အဖေတိ်ု့ တဖွဖွ ပြောဆိုနေသော ကျင့်ကြံသူတစ်ဦး၏ ကြီးမြတ်မှုကို သူလည်း မြင်တွေ့လိုနေပြီ ဖြစ်သည်။
ရဲ့ချန်သည် ရှောင်လုမန်က သူ့ကို ပြဿနာ ထပ်ရှာရန် စီစဉ်နေသည်ကို မသိပေ။
ယခု ရဲ့ချန်က သူ၏ရှေ့ ပန်းကန်ထဲက စားစရာများကိုသာ အငမ်းမရ စားသောက်နေသည်။
စားသောက် ပြီးစီးသွားသောအခါ လီချင်းကျူက ဤနေရာတွင် ကြာကြာမနေလိုတော့ပေ။ သူမတွင် စာကျက်စရာများ ကျန်နေသေးသည် မဟုတ်ပါလား။
ထို့နောက် လီချင်းကျူက ရဲ့ချန်ကို နှုတ်ဆက်လိုက်တော့သည်။
ကျန်းချောင်တစ်ယောက် လီချင်းကျူက သူ့ကို နှုတ်ဆက်မသွားသောကြောင့် အတော်လေး ၀မ်းနည်းပက်လက် ဖြစ်သွားလေသည်။
“ အခန်းကို ပြန်ရအောင် “ ရဲ့ချန်က ကျန်းချောင်ကို အခန်းပြန်ရန် ခေါ်လိုက်သည်။
“ အော့ … “ စာသင်ခန်းသို့ ပြန်ရာ လမ်းပေါ်တွင် မိန်းမငယ်လေးတစ်ဦးက ရဲ့ချန်ကို ရုတ်တရက် ၀င်တိုက်မိပြီး မြေပေါ်သို့ လဲကျသွားလေသည်။
ရဲ့ချန် အောက်သို့ ငုံ့ကြည့်လိုက်သောအခါ မိန်းမချောလေးတစ်ယောက်က မြေကြီးပေါ်တွင် ထိုင်နေကြာင်း မြင်လိုက်ရ၏။ ထိုမိန်းကလေးက လှပသော မျက်နှာလေး နှင့် ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားပြီး ကျောပေါ်တွင် ချထားလေသည်။
မိန်းကလေး၏ရင်ဘက်က ပြားချပ်နေသော်လည်း သူမ၏လှပမှုက ထိုအရာကို ဖုံးကွယ်ထားပေးသည်။
ထိုမိန်းကလေး၏မျက်နှာကို ကြည့်ရင်း ရဲ့ချန်သည် တစ်နေရာရာတွင် ဤမိန်းကလေးနှင့်တူသော မျက်နှာတစ်ခုကို မြင်တွေ့ဖူးသလို ခံစားလိုက်ရ၏။
“ မင်း အဆင်ပြေရဲ့လား “ ရဲ့ချန်က မိန်းကလေးကို မြေကြီးပေါ်မှ ထရပ်ရန် ကူညီပေးလိုက်သည်။
မိန်းကလေးက ရဲ့ချန်၏အကူအညီကို လက်ခံပြီး မြေကြီးပေါ်မှ ထရပ်လိုက်တော့သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now