အခန်း (၆၁) ဘုံဆိုင်ရန်သူ ဖြစ်လာခြင်း

297 21 0
                                    

ရဲ့ချန်တစ်ယောက် ဆမ်တူ​၏အဖြစ်အပျက်များကို တစိမ့်စိမ့်ထိုင်ကြည့်ရင်း ကျေနပ်နေတော့သည်။

မမှန်စင်စစ် ရဲ့ချန်ဟာ အမြင်မှားစေသော အဆောင်​၏ အကျိုးသက်ရောက်မှုမှ နိုးထလာသောအခါ ဖြစ်ပျက်သွားမည့် ဆမ်တူ​၏မျက်နှာ မြင်လိုလှသည်။ ကံမကောင်းစွာပင် ဆရာတွေက ဆမ်တူအား အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့ကြောင့် ရဲ့ချန်ဟာ ဆမ်တူ​၏ဖြစ်ပျက်သွားမည့်မျက်နှာအား မမြင်နိုင်တော့ပေ။

ချောင်ယမ်ယမ်လည်း ဆမ်တူအား ထိုသို့ ဖြန်စေရန် လုပ်လိုက်သောသူကို ခန့်မှန်းမိပါသည်။

ချောင်ယမ်ယမ် " ရဲ့ချန်... နင်က တော်တော်ဆိုးတာပဲ "

ရဲ့ချန် " တော်စမ်းပါ... အရင်ဆုံး ဘယ်သူက ငါ့ကို ပြဿနာလာရှာတာလဲဆိုတာရော သိရဲ့လား။ ဒီနေ့ အဲ့ကောင်က ငါ့ကိုသတ်ဖို့ လူတစ်ရာလောက်လွှတ်လိုက်တာဟ "

ဆမ်တူက ရဲ့ချန်အား သတ်ဖြတ်ရန် ကြံစည်လိမ့်မည်ဟု ချောင်ယမ်ယမ်လည်း မျှော်လင့်မထားပေ။ " ဆမ်တူက လူဆိုးတွေနဲ့ပူးပေါင်းပြီးတော့ နင့်ကို ဒုက္ခပေးဖို့ ကြံစည်ထားပုံရတယ်။ အခုတော့ သူနဲ့ တန်ရာ တန်ရာပဲ ပြန်ရသွားတာပဲ " ချောင်ယမ်ယမ်​က ရဲ့ချန်အား ထောက်ခံသည်။

" အခု အဲ့ကောင် လူတွေရှေ့မှာ သေချာပေါက် မျက်နှာပြရဲတော့မှာ မဟုတ်ဘူး " ရဲ့ချန်ဟာ ဆမ်တူဖြစ်ပျက်ခဲ့သော ကံဆိုးမှုကို မျက်မြင်ဒိဌ တွေ့မြင်ခဲ့ပြီဖြစ်သည်။

ဤလောကကြီးဟာ ရက်စက်သော နေရာတစ်ခုပင် ဖြစ်သည်။ ရဲ့ချန်မှာသာ အင်အားမရှိဘူးဆိုလျှင် ယခုအချိန်တွင် သူဟာ ဆေးရုံပေါ်တွင် လဲလျောင်းနေသော လူနာတစ်ယောက် ဖြစ်နေပေလိမ့်မည်။ ရဲ့ချန်ကသာ လုံလောက်အောင် ရက်စက် မပြလျှင် ဆမ်တူဆိုသောလူဟာ ဧကန်မုချ သူ့အား ဒုက္ခ ဆက်ပေးနေပါလိမ့်မည်။ ရဲ့ချန်တွင် ကြင်နာတတ်သည့် နှလုံးသားရှိသော်လည်း ဆမ်တူ့ကိုတော့ မည်သို့မျှ သည်းညည်းမခံနိုင်တော့ပေ။

နောက်ဆုံးမှာတော့ ရဲ့ချန်နှင့် ချောင်ယမ်ယမ်တို့မှာထားသော စားစရာများ ရောက်ရှိသောကြောင့် သူတို့နှစ်ယောက်စလုံး စားစရာများကို ချက်ချင်း စားလိုက်တော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1जहाँ कहानियाँ रहती हैं। अभी खोजें