အခန်း (၁၂၉) ချစ်စဖွယ် အိမ်ဖော် အသစ်

300 15 0
                                    

" မနက်စောစောစီးစီး ဘယ်သူများ ရောက်လာတာပါလိမ့် " ရဲ့ချန်သည် ထိုလူက ကောင်းမွန်သော အရာလေးများ လုပ်ရခါနီးမှ အနှောက်အယှက်လာပေးသောကြောင့် အတော်လေး မကျေမနပ် ဖြစ်သွား​၏။

" ယောက်ျား ဘယ်သူလဲ မြန်မြန် သွားကြည့်စမ်း၊ နင့်အတွက် အရေးကြီးတဲ့ လူတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မှာပေါ့ " လျှို့ယွဲ့က ရဲ့ချန်ကို တံခါးသွားဖွင့်ပေးရန် ပြောလိုက်သည်။

ရဲ့ချန်က ချောင်ယမ်ယမ် နှင့် လျှို့ယွဲ့ကို လွတ်ပေးပြီး တံခါးရှေ့သို့ ချက်ချင်း လျှောက်လာသည်။

" တင်း ... တောင် ... " အပြင်က လူသည် တံခါးဘဲလ်ကို ထပ်ခါ ထပ်ခါ နှိပ်နေတော့သည်။

" ခဏစောင့်ဦး၊ လာပြီ " ရဲ့ချန်က အပြင်က လူကို ခေတ္တ စောင့်ဆိုင်းရန် အော်ပြောလိုက်သည်။

ရဲ့ချန်က အခန်းတံခါးကို ဖွင့်လိုက်သောအခါ တံခါးရှေ့တွင် ရဲယူနီဖောင်း ဝတ်ထားသော လော့ဘင်ကို မြင်လိုက်ရ​၏။

" ရဲမေလော့ ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ " ရဲ့ချန်သည် လော့ဘင်က မနက်အစောကြီး ပေါက်ချလာသောကြောင့် စိတ်ပျက်စွာ မေးလိုက်​၏။

" နင် ငါ့ကို မောက်မောက်မာမာ မဆက်ဆံနဲ့ " ရဲမေလော့ဘင်သည် ရဲ့ချန်​၏ ဤသို့သော အမူအရာနှင့် ပတ်သတ်ပြီး မကျေမနပ် ဖြစ်သွား​၏။

" ငါ ဒီကို လာချင်လို့ လာတာမဟုတ်ဘူး၊ မိန်းကလေးတစ်ယောက်ကို လာပို့တာ၊ ရှေ့ထွက်လာခဲ့၊ ရှက်မနေနဲ့ " လော့ဘင်က သူမ​၏ခန္ဓာကိုယ်ကို အနည်းငယ် ရွေ့ပေးလိုက်​၏။ လော့ဘင်​၏နောက်က အရုပ်လေးတစ်ရုပ်ကဲ့သို့ လှပပြီး ချစ်ဖွယ်ကောင်းသော တခြားမိန်းကလေးတစ်ဦးက ရှေ့ထွက်လာသည်။

ထိုမိန်းကလေးသည် ရှောင်လုလု ဖြစ်​၏။ ယခု သူမသည် သန်ု့ရှင်းပြီး လှပသော အစေခံယူနီဖောင်းကို ဝတ်ဆင်ထားသည်။ သူမ​၏ဆံပင်များကိုလည်း သေသပ်စွာ ဖြီးထားပြီး နောက်ကျောတွင် ဖြန့်ချထား​၏။

ရှောင်လုလုသည် ရဲ့ချန် ရှေ့သို့ ရောက်လာသောအခါ အနည်းငယ် ရှက်သွားသည်။

" အိုး ... ဒါက လုလုပဲ " ရဲ့ချန် ထိုမိန်းကလေးကို ချက်ချင်း မှတ်မိသွားသည်။ သူမကို သူ​၏အိမ်တွင် လိုက်နေရန် သူ ကတိပေးထားခဲ့သည် မဟုတ်ပါလား။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Donde viven las historias. Descúbrelo ahora