အခန်း (၆၄) အစီအစဉ်အတိုင်း မဟုတ်တော့ဘူး

279 22 0
                                    

လျှို့ယွဲ့က လူတိုင်းကို ဦးဆောင်ပြီး အစည်းအဝေးခန်းမထဲသို့ ခေါ်ဝေါ်လာသည်။ ရဲ့ချန်ကတော့ အဘွားစစ်ထိုရွဲ့​၏ ဝှီးချဲအား တွန်းလာပေးပြီး လော့ဘင်ကတော့ လောလောဆယ် လျှို့ယွဲ့နောက်က လိုက်လာသည်။

ရဲ့ချန်လည်း အစည်းအဝေးခန်းမထဲသို့ ရောက်လာသောအခါ အခန်းထဲ၌ စုစုပေါင်း လူဦးရေ ၃၂ ဦး ရှိကြောင်း မြင်လိုက်ရသည်။ သူတို့ကြားထဲတွင် ရဲ့ချန်က ပိုင်ချုံးအား လှမ်းမြင်လိုက်ရသည်။ ပိုင်ချုံး​၏နောက်တွင် ပိုင်ဆန်နှင့် သုယောင်တို့ ရှိနေကြပြီး သူတို့နှစ်ယောက်ဟာ ကိုယ်ရံတော်တွေအလား မားမားမတ်မတ် ရပ်နေကြသည်။

ရဲ့ချန်လည်း ပိုင်ချုံးနှင့် သုယောင်တို့က အဘယ်ကြောင့် အစည်းအဝေးခန်းမသို့ လိုက်လာသလဲဆိုတာ စဉ်းစားမရပေ။ လျှို့ယွဲ့​၏ကုမ္မဏီတွင် သူတို့က အထွေအထူး လုပ်စရာမရှိဘူး မဟုတ်လား။

လူတိုင်း လူတိုင်း​၏ အာရုံစူးစိုက်မှုတွေက လျှို့ယွဲ့နှင့် လော့ဘင်တို့အပေါ်တွင်သာ ရောက်ရှိနေကြသည်။ သူတို့နှစ်ယောက်​၏အလှဟာ အမှန်ပင် ပြီးပြည့်စုံသော အချိုးအစားကျမှုလေးတစ်ခုပမာ ဖြစ်နေကြသည်။ ထိုအလှအပကို မြင်လိုက်ရသော ယောက်ျားသားတို့​၏မျက်လုံးများက သူတို့ဆီမှ မခွာနိုင်လောက်အောင် ဖြစ်နေကြသည်။

စစ်ထိုရွဲ့က အခန်းထဲသို့ ဝင်လာသောအခါ လူတိုင်းက ချက်ချင်း ထရပ်လိုက်ကြသည်။ " ဒါရိုက်တာ စစ်ထို... နုတ်ခွန်းဆက်ပါတယ် " လူတိုင်းက စစ်ထိုရွဲ့အား နုတ်ခွန်းဆက်ကြလေသည်။

စစ်ထိုရဲ့က လူတိုင်းအား ထိုင်ရန် အချက်ပြလိုက်သည်။ အမှန်စင်စစ် သူမဟာ ထိုလူတွေက ကုမ္မဏီတွင် လိမ်ညာနေသူများဖြစ်ကြောင့် စုံစမ်းပြီးသည့်နောက်တော့ အတော်လေးကို ရွံရှာသွားတော့သည်။

လူတိုင်းက သူတို့​၏ ဆိုင်ရာ ဆိုင်ရာ ထိုင်ခုံများတွင် ထိုင်လိုက်ကြပြီး ရဲ့ချန်နှင့် လော့ဘင်တို့သာ မတ်တပ်ရပ်လျှက် ကျန်ရှိခဲ့သည်။

ရဲ့ချန်က စစ်ထိုရွဲ့နောက်တွင်ရပ်နေပြီး လော့ဘင်ကတော့ လျှို့ယွဲ့နောက်တွင် ရပ်နေသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now