အခန်း (၁၇၃) ရှားချင်ယု၏ ဒုက္ခ

213 15 0
                                    

နတ်ဘုရားတို့ လျှောက်သောလမ်း
အခန်း (၁၇၃) ရှားချင်ယု၏ဒုက္ခ
“ ငါ့ရဲ့အလုပ်ကို ၀င်ရှုပ်ရဲတဲ့အကောင်က ဘယ်ကောင်လဲကွ “ ဂျမ်မော့ရှီသည် ထိုသတင်းကို ကြားပြီးနောက် အတော်လေး ဒေါသူပုန်ထသွားလေသည်။
ထိုအော်ဟစ်သံကို ကြားပြီးနောက် ဂျမ်မော့ရှီ၏ပေါင်ပေါ်တွင် ထိုင်နေသော မိန်းကလေးသည် ချက်ချင်း အထိတ်တလန့် ဖြစ်သွားလေသည်။ ထို့ကြောင့် သူမက ဂျမ်မော့ရှီပေါ်တွင် ထပ်မံ မလှုပ်ရှားဝံ့တော့ဘဲ ငြိမ်ကျသွားလေသည်။
ရှားဝူလျမ်းသည် ဂျမ်မော့ရှီ၏ စိတ်တိုနေသည့်အသံကို ကြားပြီး ကြိတ်ရယ်လိုက်သည်။ ဤအတိုင်းဆို ဂျမ်မော့ရှီက ရဲ့ချန်ဟူသော အမည်ရှိသည့် လူကို တာ၀န်ယူတော့မည့် သဘောရှိသည်။
“ အဲဒီလူ နာမည်က ရဲ့ချန်တဲ့၊ ဒီကောင်က နည်းနည်းတော့ ဖင်ခေါင်းကျယ်တယ်ကွ၊ မင်း အဲဒီကောင်ကို အခုချက်ချင်း မြို့ကနေ့ နှင်ထုတ်ပစ်လိုက်စမ်းပါ “ ရှားဝူလျမ်းသည် သူတို့အလုပ်ကို ၀င်ရှုပ်နေသည့်လူ၏ နာမည်ကို ပြောပြလိုက်သည်။
“ ရဲ့ချန် … အဲလူနာမည်က ရဲ့ချန်ဆိုတာ သေချာလား “ ဂျမ်မော့ရှီသည် ရဲ့ချန်ဟူသော အမည်ကို ကြားလိုက်ရသောအခါ တုန်လှုပ်သွားလေသည်။
“ ဂျမ်မော့ရှီ၊ မင်းလည်း ရဲ့ချန်ဆိုတဲ့ လူကို သိနေတာလား “ ဂျမ်မော့ရှီ၏ အံ့အားသင့်နေသည့် အသံကို ကြားပြီး ရှားဝူလျမ်းသည် ရဲ့ချန်နှင့် သူက အသိများ ဖြစ်နေမည်ဟု သံသယ၀င်သွားလေသည်။
“ ဟုတ်တယ်၊ ကျုပ် ရဲ့ချန်ဆိုတဲ့လူကို သိတယ်၊ ကျုပ်က သူ့ကို ချင်းယုရဲ့ သက်တော်စောင့်လို့ ထင်နေတာ၊ သူတို့ရဲ့ဆက်ဆံရေးက ပိုပြီးထူခြားနေမယ်လို့ ကျုပ် ထင်မထားခဲ့ဘူး “ သူက ရှားချင်ယုအနားသို့ ချဉ်းကပ်စဉ်က ရဲ့ချန်က သူ့ကို ဒေါသထွက်မည်ဆိုက ထွက်လောက်ပေ၏။ သိရသရွေ့ သူတို့နှစ်ယောက်တွင် ကန်လန်ကာ နောက်ကွယ်က ဇာတ်လမ်းတစ်ခု ရှိနေပုံ ရ၏။
“ ဒီတော့ မင်းက ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ “ ရှားဝူလျမ်းသည် ချီတုံချတုံ ဖြစ်နေသည့် ဂျမ်မော့ရှီကို ကြည့်ရင်း အနည်းငယ် စိုးရိမ်စိတ် ၀င်သွားလေသည်။
“ ယောက္ခမကြီး ဒီကိစ္စကို ဘာမှ စိုးရိမ် မနေပါနဲ့၊ ကျုပ် အဲဒီလူကို နှင်ထုတ်ဖို့ နည်းလမ်းတစ်ခု ရှာထားပါ့မယ် “ ဂျမ်မော့ရှီသည် ရဲ့ချန်ကို နှင်ထုတ်ရန်အတွက် နည်းလမ်းတစ်ခုအား စတင် စဉ်းစားနေတော့သည်။
“ ကောင်းပြီ၊ ငါ မင်းဆီက သတင်းကောင်းကို စောင့်နေမယ် “ ထိုသို့ ပြောပြီးနောက် ရှားဝူလျမ်းက ဖုန်းချသွားလေသည်။
ဖုန်းချပြီးနောက် ဂျမ်မော့ရှီက သူ၏ဖုန်းကို လွင့်ပစ်လိုက်လေသည်။ “ တောက် … အဲကောင်က ငါ့အလုပ်ကို ထပ်ပြီး နှောက်ယှက်ပြန်ပြီကွာ၊ သူ့ကိုယ်သူ အိုင့်လန်လေးနဲ့ သိတာကိုများ စောက်ကြီး စောက်ကျယ် နိုင်နေသေးတယ်၊ အေး စောင့်ကြည့်နေပါ၊ မင်းတစ်ဘ၀လုံး တသသဖြစ်နေအောင်ကို ငါလုပ်ပြမယ် “ ဂျမ်းမော့ရှီသည် အံ့ကို တင်းနေအောင် ကြိတ်ထားလိုက်တော့သည်။
“ ဟန်နီ၊ ဘာတွေ ဒေါသထွက်နေတာလဲ၊ လာပါ ပျော်စရာ ကောင်းတဲ့အရာလေးတွေ ဆက်လုပ်လိုက်ရအောင် “ ဂျမ်မော့ရှီ၏ခန္ဓာကိုယ်ပေါ်က မိန်းမက အရှက်မဲ့စွာ စတင် လှုပ်ရှားတော့သည်။
“ ဟဟဟ … မင်းက တကယ့်ကို အကောင်းဆုံး အပျော်မယ်လေး တစ်ယောက်ပါပဲ၊ လုပ်လုပ် မင်းရဲ့စကတ်လေးကို မြန်မြန် ချွတ်လိုက်တော့ “ ဂျမ်မော့ရှီက ထိုမိန်းမနှင့်အတူ ပျော်စရာများ ရှာဖွေရန် စတင်လိုက်တော့သည်။
ရှားချင်ယု၏ အခန်းထဲတွင် …
“ နင် ငါ့ကို ဘယ်အချိန်ထိ ဖက်ထားဦးမှာလဲ၊ အခုချက်ချင်း လွှတ် “ ရှားချင်ယုက ရဲ့ချန်ကို ဆူပူလိုက်သည်။
“ အို ဆောရီး၊ ဒီလိုလေး ဖက်ထားတာက သက်သောင့်သက်သာ ရှိလွန်းလို့ပါ “ ရဲ့ချန်က နွေးထွေးစွာ ပြုံးပြလိုက်သည်။
ရှားချင်ယုသာ မလွှတ်ခိုင်းလျှင် ရဲ့ချန်က လွှတ်ပေးမည် မဟုတ်ပေ။ သူမကို ထိရုံသာ ထိထားခဲ့သော်လည်း သူမဆီက ရရှိသော ယင်ချီများက အလွန်တရာ သန့်စင်လှသည် မဟုတ်ပါလား။ ထို့ကြောင့် ရဲ့ချန်က ရှားချင်ယုဆီက ယင်ချီများကို အတော်များများ စုပ်ယူလိုက်နိုင်သည်။
“ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကို မေ့ပစ်လိုက်ပါ၊ ရှင်အခု ထွက်သွားလို့ ရပြီ “ ရှားချင်ယုက အရာရာတိုင်းအတွက် ကျေးဇူးမတင်ပေ။ ထိုအစား သူမက မပြောမဆိုနှင့် ရဲ့ချန်ကို အခန်းအပြင်ဘက်သို့ နှင်ထုတ်နေလေသည်။
“ ဒီမိန်းမ … “ ရဲ့ချန်သည် အလွန်တရာ အေးစက်ပြီး မာနကြီးလှသည့် ရှားချင်ယုကို ကြည့်ရင်း မခံမရပ်နိုင် ဖြစ်နေလေသည်။ သူက သူမကို အကူအညီ ပေးခဲ့သည့်တိုင် ဤသို့သော တုန့်ပြန်မှုကိုသာ ရရှိခဲ့သည် မဟုတ်ပါလား။
ရဲ့ချန်သာ သူမ၏သူဌေးဖြစ်ကြောင်း သက်သေမပြလျှင် ဤမိန်းမက သူရှေ့တွင် ထိုကဲ့သို့ ဟန်ကြီးပန်ကြီး နိုင်နေဦးမည် ဖြစ်သည်။
“ နင်က ဘာကို စောင့်နေတာလဲ၊ ငါ့အခန်းထဲကနေ မြန်မြန် ထွက်သွားတော့ “ ရှားချင်ယုက ရဲ့ချန်ကို အခန်းအပြင်ဘက်သို့ နှင်ထုတ်လိုက်လေသည်။
ရဲ့ချန်က မည်သည့်အရာကိုမျှ ပြန်မပြောဘဲ ရှားချင်ယုဆီသို့ လျှောက်လာခဲ့သည်။
ရဲ့ချန်က သူမအနားသို့ ရန်ပြုမည့် မျက်နှာနှင့် ချဉ်းကပ်လာသည်ကို ကြည့်ရင်း ရှားချင်ယုက နောက်သို့ အနည်းငယ် ဆုတ်လိုက်လေသည်။
“ ရဲ့ချန် နင်ဘာလုပ်နေတာလဲ၊ ငါ့အခန်းထဲက မြန်မြန် ထွက်သွားစမ်း “ ရှားချင်ယုက ရဲ့ချန်ကို အသံခပ်တင်းတင်းဖြင့် အမိန့်ပေးလိုက်တော့သည်။
ရဲ့ချန်က ရှားချင်ယု ပြောသမျှကို လုံး၀ နားမထောင်ပေ။ သူက သူမဆီသို့သာ ဆက်လက် လျှောက်လာခဲ့သည်။
ရှားချင်ယုက နောက်သို့ ဆုတ်ရင်းဆုတ်ရင်းဖြင့် နောက်ကနံရံကြီးနှင့် ထိမိသွားလေသည်။ ယခုတော့ သူမက ထွက်ပြေးရန် လမ်းမရှိတော့ပေ။
ရဲ့ချန်က ရှားချင်ယု၏ရှေ့တွင် ရပ်လိုက်သည်။ “ ဘမ်း … “ ရဲ့ချန်က လက်တစ်ဖက်ဖြင့် ရှားချင်ယု၏နောက်က နံရံကြီးကို ပိတ်ရိုက်လိုက်သည်။
ရှားချင်းယုသည် ထိတ်လန့်ပြီး သူမ၏မျက်လုံးအစုံကို တင်းနေအောင် မှိတ်လိုက်လေသည်။
ရဲ့ချန်၏မျက်နှာကလည်း ရှားချင်ယု၏မျက်နှာနှင့် အလွန်တရာ နီးကပ်နေလေသည်။ အကွာအဝေးက ငါးစင်တီမိတာခန့်သာ ရှိတော့သည်။
“ နီးလွန်းနေတယ် “ ရှားချင်ယုသည် ထိုအကွာအဝေး နီးနီးလေးကနေ ရဲ့ချန်၏ထွက်သက်လေးများကို ခံစားနေရ၏။ ထိုထွက်သက်လေးများက ရှားချင်ယုကို မရိုးမရွ ဖြစ်သွားစေရန်တော့ လုံလောက်နေခဲ့၏။
ရှားချင်ယု၏မျက်နှာက အနည်းငယ် ရှုံ့မဲ့သွားလေသည်။ ရုပ်ရှင်ထဲတွင် ဇာတ်လိုက်က မင်းသမီးကို ဤသို့ ထောင့်ကပ်ထားသည့် အဖြစ်မျိုး သူမလည်း ဖြစ်လိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးချေ။
“ ဒီတော့ မင်းက ဘယ်သူလဲ၊ ငါ့ကို စကားကောင်းကောင်း ပြောလို့မရဘူးလား “ ရဲ့ချန်က အဓိကအချက် ဆီသို့သာ တည့်တည့် သွားလိုက်သည်။ ရှားချင်ယု၏ ဤကဲ့သို့ အမူအရာကို ရဲ့ချန် အမှန်တကယ် မနှစ်သက်လှပေ။
“ ငါက နင့်ရဲ့သူဌေးပဲ၊ နင် ငါ့ကို ဒီလိုတွေ ပြောနေမယ်ဆိုရင် နင့်ကို ချက်ချင်း အလုပ်ထုတ်ပစ်ရလိမ့်မယ် “ ရှားချင်ယုက ရဲ့ချန်ကို အရဲစွန့်ပြီး ပြန်ပြောလိုက်သည်။
“ မင်းကြိုက်သလို လုပ်၊ ငါက ဂရုစိုက်မယ်လို့များ ထင်နေတာလား “ ဤကုမ္ပဏီ၏ပိုင်ရှင်က ရဲ့ချန် ဖြစ်သည်။ ရှားချင်ယုက အရာအားလုံးကို သူမသဘောအတိုင်း လုပ်ဆောင်၍ မရချေ။
ရဲ့ချန်က လက်တစ်ဖက်ဖြင့် ရှားချင်ယု၏ မေးစေ့လေးကို မော့ကိုင်လိုက်သည်။
“ မင်းက အနီးကပ်ကြည့်လိုက်တော့လည်း အတော့် အတော်ကို လှတာပဲ၊ ဒါပေမဲ့ မင်းရဲ့ အေးစက်ပြီး ကြောက်စရာကောင်းတဲ့ အမူအရာကြီးကတော့ ဆိုးတယ်၊ မင်းသာ နည်းနည်းလောက် ပြုံးလိုက်မယ်ဆိုရင် ဒီ့ထက်တောင် အများကြီး ပိုလှသွားလိမ့်မယ် “ ရဲ့ချန်သည် ရှားချင်ယု၏ အေးစက်နေသည့် မျက်နှာပေါ်က ဒေါသထွက်နေပုံတို့ကို မြင်လိုက်ရ၏။
အကယ်၍ ထိုအကြည့်ကသာ သေစေနိုင်လျှင် ရဲ့ချန်က အကြိမ်တစ်ရာလောက်ပင် သေနေပြီ ဖြစ်၏။
“ လူဆိုးကောင်၊ ငါ့ကို မြန်မြန် လွှတ်ပေးစမ်း၊ နင် ငါ့ကို လွှတ်မပေးဘူးဆိုရင် ငါအော်လိုက်မှာနော်၊ ဒီလိုဆိုရင် နင့်ကို လူတိုင်းက နှာဘူးကောင်လို့ ထင်သွားကြမှာ “ ရှားချင်ယုသည် သူမကို ချက်ချင်း လွှတ်မပေးလျှင် အော်မည်ဖြစ်ကြောင်း ရဲ့ချန်ကို ခြိမ်းခြောက်လိုက်သည်။
“ မင်း ဆန္ဒရှိရင် အော်လိုက်လေ၊ ဒီကုမ္ပဏီက ၀န်ထမ်းတွေ မြင်သွားရင် သူတို့က ဘယ်လိုထင်သွားမလဲ “ ရဲ့ချန်၏အပြုံးက တဖြည်းဖြည်း ညစ်ကျယ်ကျယ် နိုင်လာလေသည်။
ရှားချင်ယုသည် ထိုခဏအတွင်း မည်သည့်အရာကို လုပ်ရမှန်းပင် မသိတော့ဘဲ အတော်လေး စိတ်ရှုပ်သွားလေသည်။ ရှားချင်ယုက ရဲ့ချန်ကို အလုပ်ထုတ်၍ မရသည်က ရှင်းလင်းနေပေသည်။ ထိုသို့လုပ်ရန်အတွက် ကုမ္ပဏီမှ ဒါရိုက်တာ အကြီးအကဲများဆီက ခွင့်ပြုချက် ရရှိရန် လိုအပ်နေသေူသည် မဟုတ်ပါလား။
“ ကြည့်ထား၊ နင့်ကို ငါ အလုပ်ပြုတ်အောင် သေချာပေါက် လုပ်ပြမယ် “ နောက်ဆုံးတော့ သူမက နည်းလမ်းတစ်ခု ရရှိသွားပြီ ဖြစ်သည်။ ထို့နောက် သူမက ဖုန်းကို ထုတ်ယူပြီး လျှို့ယွဲ့ကို ဖုန်းလှမ်းခေါ်လိုက်တော့သည်။
“ တူ … တူ … တူ … တူ … “ ရှားချင်ယု၏ ဖုန်းကောကို လျှို့ယွဲ့က ပြန်ဖြေလိုက်သည်။
ရဲ့ချန်သည် ရှားချင်ယုက လျှို့ယွဲ့ကို ဖုန်းခေါ်ပြီး မည်သည့်အရာကို လုပ်မည်နည်းဟု သိချင်စိတ် ဖြစ်သွား၏။
“ ရှားချင်ယု ကျွန်မဆီက ဘာအကူအညီ လိုအပ်လို့လဲ “ လျှို့ယွဲ့က ရှားချင်ယုကို ချက်ချင်း မေးမြန်းလိုက်၏။
“ ဒါက … “ ရှားချင်ယုက စကားကို ချက်ချင်း မပြောသေးပေ။ သူမက ရဲ့ချန်ကို သတိပေးသလို တစ်ချက် စိုက်ကြည့်လိုက်သည်။ အကယ်၍ ရဲ့ချန်ကသာ သူမကို အခုချက်ချင်း မလွှတ်ပေးလျှင် သူမကလည်း ဒါရိုက်တာ လျှို့ယွဲ့ကို တိုင်တန်းမည် ဆိုသည့် သဘောပင် ဖြစ်၏။
ရဲ့ချန်က စိတ်ထဲကနေ ကြိတ်ပြီး ရယ်မောလိုက်သည်။ လျှို့ယွဲ့က သူ့မိန်းမ ဖြစ်သည်။ သူမက ရှားချင်ယုကို ကူညီရန် လုံး၀ မဖြစ်နိုင်ပေ။
ရဲ့ချန်က သူမကို လွှတ်ပေးမည့်ပုံ မရှိသည်ကို မြင်ပြီး ရှားချင်ယုက လျှို့ယွဲ့ကို ချက်ချင်း ပြောလိုက်သည်။ “ ဥက္ကဌ လျှို့၊ ကျွန်မ လူတစ်ယောက်ကို အလုပ်ထုတ်ချင်လို့ “
“ အဲလူက ဘယ်သူလဲ၊ ဘာပြဿနာ ရှိလို့လဲ “ လျှို့ယွဲ့သည် ရှားချင်ယု အလုပ်ထုတ်လိုနေသည့် လူက မည်သည့် ပြဿနာ ရှာထားမှန်း သိချင်စိတ် ဖြစ်လာ၏။
“ သူ့နာမည်က ရဲ့ချန်တဲ့၊ သူ့ရဲ့အမှားက သူ့ရဲ့သူဌေးကို ဆန့်ကျင်နေတာပဲ “ ရှားချင်ယုက ရဲ့ချန်၏အမှားကို ပြောပြလိုက်သည်။
ဤသို့ဆိုလျှင် ရဲ့ချန်ကို သေချာပေါက် အလုပ်ထုတ်နိုင်မည် ဖြစ်သည်။ ရှားချင်ယုသည် အလုပ်ထုတ်ခံရပြီးလျှင် ဖြစ်ပျက်သွားမည့် ရဲ့ချန်၏မျက်နှာကို ကြည့်ရှုရန် မစောင့်နိုင်တော့လောက်အောင် ဖြစ်နေတော့သည်။
“ ဟာ အဲဒီလူကို အလုပ်ထုတ်လို့ မရဘူး၊ ဆောရီး ငါ အလုပ်ရှုပ်နေလို့၊ နောက်မှ တွေ့မယ်နော် “ လျှို့ယွဲ့က ဖုန်းကောကို ချက်ချင်း ချပစ်လိုက်လေသည်။
ဒါရိုက်တာ လျှို့ယွဲ့ ပြောလိုက်သည့် စကားကို ကြားပြီးနောက် ရှားချင်ယုတစ်ယောက် အလွန်အမင်း အံ့အားသင့်သွားလေသည်။ သူမက ရဲ့ချန်ကို အလုပ်ထုတ်ရန် အဘယ်ကြောင့် ခွင့်မပြုရသနည်း။ အမှန်စင်စစ် ဤနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။
“ ဟီဟီဟီ … အခု မင်းဘာဆက်လုပ်ဦး မလဲ၊ မင်းကို ကူညီမယ့်သူ ဘယ်သူမှ မရှိတော့ဘူး “ ရဲ့ချန်သည် ရှားချင်ယုက သူ့ကို ခြိမ်းခြောက်သည့် နည်းလမ်းကို လုံး၀ မကြိုက်ပေ။
“ ငါ … “ ရှားချင်ယုက သူမ၏မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။ သူမ သည်အချိန်တွင် ဘာလုပ်လို့ ဘာကိုင်ရမှန်းပင် မသိတော့ပေ။
ရဲ့ချန်က ရှားချင်ယု၏မေ့စေ့လေးကို နောက်တစ်ကြိမ် ဆွဲမော့လိုက်ပြီး သူ့ကို ကြည့်ခိုင်းလိုက်သည်။
“ မင်း သိလား၊ ငါက ငါ့ကို ခြိမ်းခြောက်ရင် လုံး၀ မကြိုက်ဘူးဆိုတာ “ ရဲ့ချန်သည် ရှားချင်ယုကို ဤနေရာတွင် မည်သူက ဆရာကြီး ဖြစ်ကြောင်း ပြောဖို့ ပြင်လိုက်တော့သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now