အခန်း (၁၅) နာမည် ကျော်ကြားလာခြင်း

427 45 0
                                    

ရဲ့ချန် အိမ်ပိုင်ရှင်​၏ ငတ်ပြက်ဆာလောင်နေသော မျက်လုံးတစ်စုံကို မြင်လိုက်ရသည်။ ရဲ့ချန် စတင် စိုးရိမ်လာသည်။ သူက သူ့ရဲ့ပစ္စည်းဟောင်းလေးတွေကို ပြန်လိုချင်ရုံ သပ်သပ်ပါ။

" ဟဲလို...အိမ်ပိုင်ရှင်...ဒီရဲ့ချန်က အခန်းနံပါတ်ရှစ်ရဲ့ အိမ်ငှားတစ်ယောက်ပါ...ကျွန်တော် မလာခင်တုန်းက ကျွန်တော့် ပစ္စည်းလေးတွေကို ပြန်လိုချင်လို့ပါ...အဲ့ဒါလေးတွေကို သိမ်းထားသေးလား မသိဘူး..."

သို့သော် အိမ်ပိုင်ရှင်က ရဲ့ချန်ပြောသမျှကို ဘာမှကြားတဲ့ပုံ မပေါ်ပေ။ ထိုလူချောလေးကို သူမအဖွဲ့နှင့် ချက်ချင်းဆက်သွယ်ပေးချင်တဲ့စိတ်တွေကသာ ကြီးစိုးနေသည်။ “ အိုး..လူချောလေး မင်းဘာပြောလိုက်တာလဲ..."

ရဲ့ချန် ထိုစကားကိုပဲ ပြန်လည်ပြောလိုက်ရသည်။ " ကျွန်တော်က အခန်းနံပါတ်ရှစ်ရဲ့အိမ်ငှား ရဲ့ချန်ပါ...ကျွန်တော် မလာခင်တုန်းက ကျွန်တော့်ပစ္စည်းလေးကို ပြန်လိုချင်လို့ပါ...အဲ့ဒါလေးတွေကို သိမ်းထားသေးလား မသိဘူး..."

" တကယ်တော့ အဲ့ဒါတွေက ရှိပါတယ်...ပထမဆုံး အထဲဝင်ပါအုံး..." အိမ်ပိုင်ရှင်က ရဲ့ချန်ကို အခန်းထဲ ဖိတ်ခေါ်လိုက်သည်။

အိမ်ပိုင်ရှင်ရဲ့နာမည်က ယုယဲ့ပါ။ ယုယဲ့က ရဲ့ချန်ကို သူမနေတဲ့ အခန်းထဲထိ ခေါ်လာပြီး ခုံပေါ်မှာ ထိုင်ခိုင်းလိုက်သည်။ ထို့နောက် ဒုတိယထပ်သို့ တက်သွားပြီး ရဲ့ချန်​၏ ပစ္စည်းတွေကို သွားယူလိုက်သည်။

" ကြာလိုက်တာ..." ရဲ့ချန် အိမ်ပိုင်ရှင်က သူ့ပစ္စည်းလေးတွေကို အပေါ်ထပ်သွားယူတာက ဒီလောက်ကြာမည်ဟု မထင်ချေ။ နောက်ဆုံးမှာတော့ ဒုတိယထပ်မှ ဆင်းလာသော ခြေသံကို ကြားလိုက်ရသည်။

ရဲ့ချန် ယုယဲ့​၏လက်ထဲမှာ သူ့ရဲ့အိတ်ကလေးကို ကိုင်လာသည်ကို မြင်လိုက်ရသည်။ သို့သော် အမျိုးသမီးအိုကြီးက ထူးထူးဆန်းဆန်းတွေ လုပ်လာသည်။ ယုယဲ့က ဖောက်ထွင်း၍မြင်နိူင်သော ညဝတ်အင်္ကျီကြီးနှင့် Sexy ကျသော အတွင်းခံကို ဝတ်ဆင်လာသည်။ သိသိသာသာပင် ထို ကိုယ်ကျင့်သိက္ခာမရှိသော မိန်းမကြီးက ရဲ့ချန်ကို မြူဆွယ်နေသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1حيث تعيش القصص. اكتشف الآن