အခန်း (၈၆) ယွင်ဟောက်

249 16 0
                                    

" ငါ့နာမည်က ယွင်ဟောက်၊ ဒီမြို့ရဲ့ မင်းသားလေးယောက်ထဲက တစ်ယောက်ပဲ " ယွင်ဟောက်ဆိုသောလူက ဤစကားကို အလွန် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

သူက မြို့ထဲတွင် အလွန်တရာ သန်မာပြီး ကြောက်စရာကောင်းသော သခင်လေး ၄ ယောက်ထဲမှ တစ်ယောက်ဟူသော ဘွဲ့ထူးကို ပိုင်ဆိုင်ထားသည်။ မြို့ထဲတွင် ဘယ်သူကမှ ယွင်ဟောက်​၏ဒေါသကို သွားမဆွရဲပေ။ အဲ့ဒီ့အစား သူတို့က ယွင်ဟောက်ဆီမှ သွားရည်ကျစရာကောင်းသော အကျိုးကျေးဇူးများ ရရှိရန် တက်နိုင်သလောက် သူ့ကို ကျေနပ်အောင် မြှောက်ပင့်ပြောဆို ပေလိမ့်မည်။

ကံမကောင်းစွာပင် ရဲ့ချန်က ထိုအရာအားလုံးကို လုံးဝ ဂရုမစိုက်ပေ။ ထိုသခင်လေးက ပေးချင်သည်ဖြစ်စေ မပေးချင်သည်ဖြစ်စေ မီးနီကိုဖြတ်မောင်းပြီး အမှားလုပ်ထားသည့်အတွက် သူ့ကို အလျော် ပေးကို ပေးရပေမည်။

" ရဲ့ချန်... ဘာဖြစ်တာလဲ " ထို ပရမ်းပတာ ဖြစ်နေသော အခြေအနေကိုကြည့်ရင်း ချောင်ယမ်ယမ်က အပြင်သို့ ထွက်ရန် ဆုံးဖြတ်ပြီး ကားထဲမှ ဆင်းကာ ရဲ့ချန်ဆီသို့ လျှောက်လာခြင်း ဖြစ်သည်။

အလွန်တရာ လှပသော ချောင်ယမ်ယမ်ကိုကြည့်ပြီး ယွင်ဟောက်​၏မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် လက်သွားသည်။ သူက ဤမြို့ထဲတွင် ထိုမျှ လှပသော မိန်းကလေး ရှိမည်ဟု ထင်တောင် မထင်ထားပေ။ ချောင်ယမ်ယမ်ကို မြင်လိုက်ရသောအခါ ယွင်ဟောက်​၏ပါးစပ်မှ သွားရည်များပင် စီးကျမတက် ဖြစ်သွားလေသည်။

" မင်းက ငါ့ကား ပျက်စီးသွားတာတွေအတွက် အလျော်မပေးချင်ဘူးဆိုရင် ဒီစော်လေးကို ငါ့ဆီ တစ်ညလောက် ပေးလိုက် " ယွင်ဟောက်က သူ​၏လက်ကို ရှေ့ထုတ်ပြီး ချောင်ယမ်ယမ်​၏ခန္ဓာကိုယ်ကို ထိကိုင်ရန် လက်လှမ်းလိုက်သည်။

​ယွင်ဟောက်​၏လက်က ချောင်ယမ်ယမ်​၏ခန္ဓာကိုယ်ကို ထိမိရန် စင်တီမီတာအနည်းငယ်ခန့်သာ လိုတော့သည်။ " ဖြန်း... " ချောင်ယမ်ယမ်က ယွင်ဟောက်​၏ပါးကို ယောင်ကိုင်းသွားအောင် ရိုက်ချလိုက်သည်။

ယခုအချိန်တွင် ချောင်ယမ်ယမ်က ကျင့်ကြံသူတစ်ဦးပင် ဖြစ်နေပြီး သူမ​၏အင်အားကလည်း အတန်အသင့် တိုးတက်နေပြီ ဖြစ်သည်။ ထိုပါးရိုက်ချက်က ယွင်ဟောက်အတွက် သေချင်စော်ပင် နံသွားသည်အထိ နာကျင်သွားလေသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now