အခန်း (၁၁၉) ဖန်းရွယ်၏ ဂီတပွဲတော် ည

252 11 0
                                    

လော့ဘင်သည် ရဲ့ချန်က တံခါးကို ပိတ်လိုက်သောကြောင့် အလွန်တရာ အံ့အားသင့်သွားသည်။ သူမက ရဲ့ချန်ကို စိတ်ဆိုးစေရန် စကား တစ်လုံးမျှပင် မပြောရသေးဘူး မဟုတ်လား။

" ဒုန်း ... ဒုန်း ... ဒုန်း ... " လော့ဘင်က တံခါးကို အသားကုန် ကန်တော့သည်။

" ရဲ့ချန် ထွက်လာစမ်း၊ ငါတို့ စကားပြောလို့ မပြီးသေးဘူးနော် " လော့ဘင်က စိတ်ဆိုးမာန်ဆိုးဖြင့် ကျယ်လောင်စွာ အော်ဟစ်တော့သည်။

ရဲ့ချန်​၏ အိမ်တံခါးသည် လော့ဘင်းက ဤသို့ ဆက်ကန်နေမည်ဆိုလျှင် မကြာမီ ပွင့်ထွက်သွားမည် ဖြစ်​၏။

" မစ် ရဲမေ ကျုပ် အိမ်တံခါးသာ ကျိုးသွားရင် ခင်ဗျားကို တရားစွဲမှာနော် " ရဲ့ချန်က တံခါးကို ပြန်ဖွင့်ပြီး သူ​၏အိမ်တံခါးကို ဆက်မကန်ရန် လော့ဘင်အား သတိပေးလိုက်သည်။

" ရှင် ... " လော့ဘင်​၏ဒေါသက အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်သည်။ ယခု သူမက ရဲ့ချန်​၏မျက်နှာကို အမှန်တကယ် ရိုက်ချင်နေပြီ ဖြစ်​၏။

လော့ဘင်တစ်ယောက် ဒေါသများ တဖြည်းဖြည်း ထွက်လာသည်ကို ကြည့်ရင်း ရဲ့ချန်သည်လည်း တဖြည်းဖြည်း အူမြူးလာသည်။

လော့ဘင်က စိတ်ကို လျော့ချလိုက်သည်။ " ရဲ့ချန် နင် ငါမေးတာကို ကောင်းကောင်း ဖြေပါ၊ မနေ့ညက နင်ဘယ်မှာ ရှိနေလဲ " ရဲ့ချန် ပြောသော စကားများကို မှတ်တမ်းတင်ရန် လော့ဘင်က ဘောပင်တစ်ချောင်းကို ထုတ်ယူလိုက်သည်။

" ရဲမေလော့ ခင်ဗျားက ကျုပ်ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လိုက်စပ်စုနေတဲ့ သတင်းမုဆိုးတစ်ယောက်လား " ရဲ့ချန်က ကစားပွဲကို ဆက်လက် ကစားလိုက်သည်။

" ခရက် ... " လော့ဘင်​၏လက်ထဲက ဘောပင်က နှစ်ပိုင်း ကျိုးသွားသည်။ ဤလူဆိုးကောင်က သူမကို မခံချင်အောင် စနောက်နေသည့်အတွက် လော့ဘင် အလွန်တရာ ဒေါသထွက်နေပြီ ဖြစ်သည်။

" ရဲမေလော့ ခင်ဗျား မျက်နှာက ဘာဖြစ်လို့ နီရဲနေတာလဲ၊ နေမကောင်းဘူးလား " ရဲ့ချန်က သွားများပေါ်အောင် လော့ဘင်ကို ရယ်ပြလိုက်သည်။

" ရဲ့ချန် ... " လော့ဘင်က ဆက်လက် သည်းညည်းခံနိုင်စွမ်း မရှိတော့ဘဲ ရဲ့ချန်ကို ခုန်အုပ်လိုက်တော့သည်။ ထို့နောက် သူမက ရဲ့ချန်ကို ကြမ်းပြင်ပေါ်တွင် ဖိကပ်ထားလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now