အခန်း (၁၇၉) ထာဝရ နတ်ဘုရားမပန်း

328 10 0
                                    

“ အဖေ့ သားကို မရိုက်ပါနဲ့ဗျ “ အပြင်ဘက်တွင် ရှားဝူလျမ်း၏ ထိတ်လန့်ဖွယ်ရာ အော်ဟစ်သံကြီးက ထွက်ပေါ်လာ၏။
ရဲ့ချန် နှင့် ရှားချင်ယုတို့က အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ သူတို့နှစ်ယောက်စလုံးသည် အပြင်ဘက်တွင် ရှားဝူလျမ်းအား မည်သို့ အပြစ်ပေးနေမှန်း သိလိုကြသည်။
ရဲ့ချန် နှင့် ရှားချင်ယုတို့ အပြင်ဘက်သို့ ရောက်လာသောအခါ အဘိုးရှားတျန်က ရှားဝူလျမ်းကို နှင်တံဖြင့် ဆော်ပလော်တီးနေကြောင်း မြင်လိုက်ရ၏။
ရှားဝူလျမ်းက မြေပေါ်တွင် ထွန့်ထွန့်လူးနေပြီး အဘိုးရှားတျန်အား ခွင့်လွှတ်ပေးရန် တောင်းပန်လျှက် ရှိသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရဲ့ချန် အနည်းငယ် ကျေနပ်သွားခဲ့သည်။
“ ဝူလျမ်း၊ မင်းကို ငါ အပြစ်တစ်ခု ပေးမှဖြစ်မယ်၊ အခုချိန်က စပြီး မင်းကို ပေးထားတဲ့ ဟာတွေအကုန်လုံးကို ငါပြန်သိမ်းတယ် “ ရှားတျန်သည် ရှားဝူလျမ်း၏ လုပ်ပိုင်ခွင့် အားလုံးကို ပြန်သိမ်းရန် ဆုံးဖြတ်လိုက်သည်။ ဤနည်းလမ်းသည် ရှားဝူလျမ်း ပြောင်းလဲကောင်း ပြောင်းလဲတန်ရာ၏။
အဘိုးရှားတျန်က ပြန်လည် ကျန်းမာလာသောကြောင့် မိသားစုပိုင် စီးပွားရေးကို တာ၀န်ယူ လုပ်ကိုင်နိုင်သွားပြီ ဖြစ်သည်။
“ အဖေ သားကို ဒီလို မလုပ်ပါနဲ့ဗျာ၊ သား ဆင်းရဲတဲ့ဘ၀မှာ အသက် မရှင်နိုင်ဘူး အဖေ “ ရှားဝူလျမ်းက ဖခင်ဖြစ်သူကို သူ၏ပိုင်ဆိုင်မှုများအား ပြန်မသိမ်းရန် တောင်းပန်လိုက်တော့သည်။
“ ဒါက မင်းအတွက် အပြစ်တစ်ခုပဲ၊ ပိုက်ဆံအပေါ် မမှီခိုဘဲ မင်း ပြောင်းလဲနိုင်မယ်လို့ ငါမျှော်လင့်ပါတယ် “ ထို့နောက် ရှားတျန်က အိမ်ထဲ ပြန်လှည့်၀င် သွားတော့သည်။
ရှားဝူလျမ်းက ရဲ့ချန်ကို ဒေါသထွက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ယခု သူ၏ပိုင်ဆိုင်မှုများကို ဖခင်ဖြစ်သူက သိမ်းဆည်းသွားပြီ ဖြစ်သည်။ ဤအရာအားလုံးသည် သူတို့မိသားစုတွင် ပေါ်လာခဲ့သည့် ရဲ့ချန်၏အမှားများသာ ဖြစ်ပေသည်။
ရီအန်းသည် ယောက်ျားဖြစ်သူကို ယခင်ကအတိုင်း လူကောင်းတစ်ယောက် ပြန်ဖြစ်လာရန် ဖြောင့်ဖျပေးဖို့ ကြိုးစားနေခဲ့သည်။
ရဲ့ချန်သည် ရှားဝူလျမ်းနှင့် ပတ်သက်ပြီး ဂရုစိုက်ခြင်း အလျင်းမရှိဘဲ အဘိုးရှားတျန်နောက်ကနေ အိမ်ထဲသို့ လိုက်၀င်လာခဲ့သည်။
ရှားချင်ယုသည် သူမတွင် အလုပ်အနည်းငယ် ကျန်နေသေးသောကြောင့် ပထမဆုံး ပြန်ထွက်သွားသည်။
ရဲ့ချန်က အဘိုးရှားတျန်နှင့် နေ့လယ်မှစ ညတိုင်အောင် စကားပြောနေခဲ့သည်။ အချိန်ကလည်း အတော်လင့်နေပြီ ဖြစ်သည့်အတွက် ရဲ့ချန် အိမ်ပြန်ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူက အဘိုးရှားတျန်ကို နှုတ်ဆက်စကား ဆိုလိုက်သည်။ အဘိုးရှားတျန်ပ နားလည်မှု ရှိပါသည်။ သူက ရဲ့ချန်ကို မပြန်ရန် တားဆီးမနေတော့ပေ။
ရဲ့ချန်က အဘိုးရှားတျန်၏နေအိမ်မှ ထွက်လာပြီး သူ၏စံအိမ်ကြီးဆီသို့ လျင်မြန်စွာ ပျံသန်းလာတော့သည်။
နောက်ဆုံးတော့ အိမ်ပြန်ချိန်သို့ ရောက်လာပြီ ဖြစ်သည်။ ရဲ့ချန်သည် သူ၏မိန်းမများနှင့်အတူ ညတစ်ည ကုန်ဆုံးရန် မစောင့်နိုင်တော့လောက်အောင် ဖြစ်နေ၏။
ရဲ့ချန်က အိမ်ထဲသို့ ၀င်လာပြီး သူ၏မိန်းမများ ရှိမည့် နေရာသို့ ထွက်လာခဲ့သည်။ ယခု ချောင်ယမ်ယမ်၊ လျှို့ယွဲ့၊ ဖူလန်လင်း နှင့် စုမန်ချီက နားနေခန်းထဲတွင် အချင်းချင်း စကားတွတ်ထိုးနေကြလေသည်။
လောလောဆယ် မိန်းမလေးယောက်က အလွန်တရာ စက်စီကျပြီး ဖောက်ထွင်းမြင်နိုင်သည့် ညဝတ်အင်္ကျီများကို ၀တ်ဆင်ထားပေသည်။ ချောင်ယမ်ယမ်က အဖြူရောင် ဝတ်စုံကို ၀တ်ထားပြီး လျှို့ယွဲ့က အပြာရောင်ကို ၀တ်ထားလေသည်။ တစ်ချိန်တည်းမှာပင် ဖူလန်လင်းက အနီရောင်ကို ၀တ်ထားပြီး စုမန်ချီက အလွန်တရာ ဆွဲဆောင်မှုရှိသည့် အနက်ရောင်ကို ၀တ်ဆင်ထားပေသည်။
မိန်းမလေးယောက်ထဲတွင် စုမန်ချီက ဆွဲဆောင်မှု အရှိဆုံး ဖြစ်သည်။ သူမသည် စွဲမက်ဖွယ်ကောင်းပြီး အချိုးအစားကျကျ လှပသည့် မြို့တော်၏ဆွဲဆောင်မှု အရှိဆုံး မိန်းကလေးတစ်ယောက် ဖြစ်သည်။
ချောင်ယမ်ယမ်သည် လောက၏အညစ်အကြေးများ မစွန်းထင်းသေးသည့် အပြစ်ကင်းစင်သော နတ်ဖုရားမလေးတစ်ဦးသဖွယ် လှပနေ၏။
လျှို့ယွဲ့သည် ငေးကြည့်သောအခါ မည်သည့်အခါမျှ ငြီးငွေ့ဖွယ် မရှိသည့် ညကောင်းကင်ယံက လမင်းတစ်စင်းနှယ် လှပနေ၏။
ဖူလန်လင်းအတွက်မူ သူမသည် လူတိုင်း၏ဝိညာဉ်ကို ချည်နှောင်နိုင်သည့် အင်မတန် လှပလွန်းသော မိန်းကလေးတစ်ယောက် ဖြစ်ပေသည်။ သူမ၏ညှို့ဓာတ်ကို လွှမ်းမိုးနိုင်ရန်က အလွန် ခက်ခဲလှချေသည်။
ထိုမိန်းမလေးယောက်၏ ပုံစံသည် မည်သူ့ကိုမဆို စိတ်လှုပ်ရှားစေနိုင်စွမ်း ရှိပေသည်။
မိန်းမလေးယောက်၏ ပုံကိုကြည့်ရင်း ရဲကချန်သည်လည်း သည်းမခံနိုင်တော့ပေ။
“ မိန်းမတို့၊ ငါပြန်လာပြီ “ ရဲ့ချန်က မိန်းမအားလုံးကို နှုတ်ဆက်လိုက်၏။
“ ယောက်ျား၊ ပြန်လာပြီလား “ မိန်းမလေးယောက်က တစ်ပြိုင်တည်း ကြိုဆိုလိုက်သည်။
ရဲ့ချန်က မိန်းမလှလေးများ၏ တစ်ဖက်သို့ ချက်ချင်း ပျံသန်းလာခဲ့သည်။
“ ယောက်ျား၊ နင် ဘယ်တွေကို လျှောက်သွားနေတာလဲ “ ချောင်ယမ်ယမ်က ရဲ့ချန်ကို မေးလိုက်၏။
“ ငါ့အဘိုးရဲ့ သူငယ်ချင်းဆီကို အလည်သွားနေတာ “ ရဲ့ချန်က မိန်းမအားလုံးကို ရှင်းပြလိုက်သည်။
“ မန်ချီ၊ နင်နဲ့သင့်တော်တဲ့ ကျင့်ကြံခြင်း ကျင့်စဉ်တစ်ခုခု ရှာတွေ့ပြီလား “ ရဲ့ချန်သည်လည်း စုမန်ချီက သင့်တော်သည့် ကျင့်စဉ်တစ်ခုခု ရွေးထား မရွေးထား သိလိုနေသည်။
စုမန်ချီက ခေါင်းညိတ်လိုက်သည်။ “ အင်း … ငါ ထာ၀ရ နတ်ဖုရားမ ပန်းဆိုတဲ့ ကျင့်ကြံခြင်း ကျင့်စဉ်တစ်ခုကို ယူထားပြီးပြီ “ စုမန်ချီက သူမ လေ့ကျင့်ရမည့် ကျင်စဉ်တစ်ခု ရွေးထားပြီးပြီ ဖြစ်ကြောင်း ပြေလိုက်၏။
“ ထာ၀ရ နတ်ဖုရားမပန်း … “ ရဲ့ချန်က ရေရွတ်လိုက်၏။ ကျင့်စဉ်၏နာမည်အရ ၎င်းက ပန်းနှင့် ဆက်နွယ်နေနိုင်၏။
“ မန်ချီ၊ ဘာဖြစ်လို့ ငါကို လေ့ကျင့်မပြတာလဲ “ စုမန်ချီ လေ့ကျင့်ခဲ့သည့် ကျင့်စဉ်ကို ရဲ့ချန်လည်း သိလိုသည်။
“ ကောင်းပြီ၊ ယောက်ျားက စိတ်၀င်စားတယ် ဆိုမှတော့ ငါကလည်း အဲဒါကို ပြဖို့ စိတ်ရှိနေမှာ မဟုတ်ဘူး “ စုမန်ချီက ဆိုဖာပေါ်မှ ထရပ်ပြီး ထိုကျင့်စဉ်ကို စတင် ပြသတော့သည်။
စုမန်ချီ၏ ခန္ဓာကိုယ် ၀န်းကျင်တွင် ပန်းပွင့်၏ပွင့်ချပ်များ ပေါ်လာတော့သည်။
ထိုအနီရောင် ပွင့်ဖတ်များက ရန်သူကို တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။ ပန်းပွင့်အလွှာ တစ်လွှာချင်းစီတိုင်၏ အစွမ်းက ဓားတစ်ချောင်းနှင့် ညီမျှပေသည်။
စုမန်ချီက ထိုပန်းပွင့်အလွှာများကို ကောင်းကောင်း ထိန်းချုပ်နိုင်ပေသည်။ စုမန်ချီက လူများကို မနာကျင် စေလိုလျှင် ထိုပန်းပွင့်အလွှာများက သာမန်ပန်းပွင့်များသာ ဖြစ်နေမည် ဖြစ်၏။ သူတို့ကို ထိကိုင်လျှင် သင်က နာကျင်မည် မဟုတ်ပေ။ သို့သော် သူမကသာ နာကျင်စေမည်ဆိုလျှင် ထိုပန်းပွင့်အလွှာများက အလွန်တရာ ထက်မြိပြီး အန္တရာယ်ရှိသော အရာတစ်ခုအဖြစ် ပြောင်းလဲသွားမည် ဖြစ်၏။
“ ဒီကျင့်စဉ်က နင့်ရဲ့ စွဲဖက်ဖွယ် ကောင်းပုံ၊ စိတ်နေစိတ်ထားတို့နဲ့တော့ အံကိုက်ပါပဲ “ ရဲ့ချန်က ချီးကျူးလိုက်၏။
ရဲ့ချန်ဆီက ချီးကျူးမှုကို ရရှိလိုက်သောအခါ စုမန်ချီတစ်ယောက် အနည်းငယ် ရှက်ရွံ့သွားလေသည်။ သူမက ထိုကျင့်စဉ်ကို ရပ်တန့်လိုက်သောအခါ သူမ၏ခန္ဓာကိုယ် ၀န်းကျင်က ပန်းပွင့်များသည်လည်း ပျောက်ကွယ်ကုန်၏။
“ ယွဲ့၊ ဂျမ်ကုမ္ပဏီကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ၊ နင့်ရဲ့အစီအစဉ်အတိုင်း နင်လုပ်မှာလား ဒါမှမဟုတ် ငါကူညီပေးရမှာလား “ ရဲ့ချန်က မေးလိုက်၏။
“ ဘာမှ စိုးရိမ်စရာ မရှိပါဘူး ယောက်ျားရာ၊ အဲဒီကုမ္ပဏီကို အရင်ဆုံး ဒေဝါလီ ခံသွားအောင် လုပ်မယ်၊ ပြီးတော့မှ ငါ့ကို ဒုက္ခပေးဖို့ ကြိုးစားတဲ့ အဲဒီကုမ္ပဏီက လူနှစ်ယောက်ကို လမ်းမပေါ်ကို ကန်ထုတ်ပစ်မယ် “ လျှို့ယွဲ့က သူမ၏အစီအစဉ်အတိုင်း ဂျမ်ကုမ္ပဏီကို လက်စားချေမည်ဖြစ်ကြောင်း ပြောလိုက်သည်။
“ အရမ်းကောင်းတယ်၊ အကယ်၍ နင်အကူညီ တစ်ခုခုလိုအပ်ရင် ပြောပါ၊ ငါ အဆင်သင့် ရှိနေမယ် “ ရဲ့ချန်က ပြောလိုက်၏။
လျှို့ယွဲ့က ရဲ့ချန်ကို ခေါင်းညိတ်ပြလိုက်၏။
“ ဟား … မိန်းမယွဲ့ရေ၊ နင် နေ့လယ်က ငါ့ကိုပေးထားတဲ့ ကတိကရော ဘယ်လိုလဲ “ ရဲ့ချန်က လျှို့ယွဲ့ ပေးခဲ့သည့် ကတိစကားကို မေးလိုက်၏။
ထိုစကားကို ကြားပြီးနောက် လျှို့ယွဲ့၏မျက်နှာက ရဲရဲနီသွားလေသည်။ “ ဘာကတိလဲ၊ ငါမမှတ်မိတော့ဘူး “ စင်စစ် လျှို့ယွဲ့က နေ့လယ်က ပြောခဲ့သည့် စကားများကို မှတ်မိပါသေးသည်။ ပြဿနာသည် လျှို့ယွဲ့က တခြားညီမများ ရှေ့တွင် ထိုကိစ္စကို ၀န်ခံရန် ရှက်ရွံ့နေသည် မဟုတ်ပါလား။
ရဲ့ချန်က လျှို့ယွဲ့၏ခန္ဓာကိုယ်လေးကို ပွေ့ဖက်လိုက်သည်။ “ ကြည့်ရတာတော့ ငါ့မိန်းမလေးက မေ့နေပြီ ထင်တယ်၊ ကောင်းပြီလေ၊ ဒီတော့ ငါကပဲ သတိရအောင် လုပ်ပေးရမှာပေါ့ “ ရဲ့ချန်၏လက်က လျှို့ယွဲ့၏ ခန္ဓာကိုယ် နှင့် တောင်ဘို့ကြီးတို့ကို စတင် ကစားတော့သည်။
“ အား … “ လျှို့ယွဲ့တစ်ယောက် ရဲ့ချန်၏ အပွတ်အသပ်ကြောင့် ညည်းညူလိုက်ရလေသည်။
ရဲ့ချန်က လျှို့ယွဲ့၏ အထိမခံသည့် နေရာလေးကို နှိပ်နယ်ပေးလိုက်သည်။ လျှို့ယွဲ့၏ခန္ဓာကိုယ်က စတင် ပူလောင်ပြီး ပျော့ခွေသွားတော့သည်။ သူမက ရဲ့ချန်ပေးစွမ်းသည့် သာယာမှုကို ခံစားလိုက်ရသည် မဟုတ်ပါလား။
ထို့နောက် ရဲ့ချန်က လျှို့ယွဲ့၏ ချယ်ရီရောင် နှုတ်ခမ်းလေးကို မက်မောစွာ နမ်းရှိုက်လိုက်တော့သည်။ ရဲ့ချန် နှင့် လျှို့ယွဲ့တို့ နှစ်ယောက်စလုံးသည် အနမ်း၏ အထိအတွေ့ကြားတွင် နစ်မြုပ်သွားလေသည်။
ယခု သူတို့နှစ်ယောက်သည် တစ်ဖက်တွင် မိန်းကလေးသုံးယောက်က ကြည့်နေကြောင်း မေ့လျော့သွားပြီ ဖြစ်သည်။
ချောင်ယမ်ယမ်၊ ဖူလန်လင်း နှင့် စုမန်ချီတို့သည် ရဲ့ချန် နှင့် လျှို့ယွဲ့တို့ နမ်းနေသည်ကို မြင်ပြီး မျက်နှာများ ရဲပလောင်း ခတ်သွားလေသည်။
အမြဲတမ်း ခပ်တည်တည်နေတတ်သည့် ဖူလန်လင်းပင် ထိုအရာကို ကြည့်ပြီး မျက်လုံးပြူး မျက်စံပြူး ဖြစ်နေပြီ ဖြစ်သည်။
တစ်ဖက်လူနှစ်ယောက် ကစားနေသည်ကို ကြည့်ရင်းကြည့်ရင်း သူမတို့သည်လည်း တဖြည်းဖြည်း နေမထိ ထိုင်မသာ ဖြစ်လာပြီ ဖြစ်သည်။
ချောင်ယမ်ယမ်က အရင်ဆုံး ထရပ်ပြီး ရဲကချန်၏ဘေးသို့ လျှောက်သွားလေသည်။ သူမကလည်း ရဲ့ချန်နှင့် အတူတူ ကစားလိုသည် မဟုတ်ပါလား။
ချောင်ယမ်ယမ်က ရဲ့ချန်ကို နောက်မှ သိုင်းဖက်လိုက်သောကြောင့် အသစ်စက်စက် ဖွံ့ဖြိုးလာသည့် တောင်ဘို့ကြီး နှစ်လုံးက ရဲ့ချန်၏ကျောကို ထောက်မိသွားလေသည်။
စုမန်ချီကလည်း အရှုံးမပေးလိုပေ။ သူမက ဆိုဖာပေါ်မှ ထရပ်ပြီး ရဲ့ချန်၏ဘေးသို့ လျှောက်လာကာ အလွန်တရာ ကြီးမားသည့် ဖွားဖက်တော်ကြီးကို ပွတ်သပ်လိုက်လေသည်။
ဖူလန်လင်းသည် တစ်ယောက်တည်း အထီးကျန်သလို ခံစားလိုက်ရ၏။ သူမသည် ညီအစ်မများထဲတွင် အကြီးဆုံး ဖြစ်သည်နှင့်အညီ သူမ၏ညီမသုံးယောက်ကို အဘယ်ကြောင့် အရှုံးပေးနိုင်မည်နည်း။
ထိုကြောင့် သူမက စုမန်ချီ၏ဘေးတွင် နေရာ၀င်လုပြီး ရဲ့ချန်၏ဖွားဖက်တော်ကြီးကို ပွတ်သပ်လိုက်တော့သည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now