အခန်း (၁၆၄) လျှို့ယွဲ့ ကုမ္ပဏီက ပြဿနာများ

229 17 0
                                    

ရဲ့ချန်က ကားကို သူ၏စံအိမ်ဆီသို့ မောင်းလာခဲ့သည်။ ချောင်ယမ်ယမ် နှင့် စုမန်ချီတို့က သူမတို့ နှစ်သက်သော အကြောင်းအရာများကို ပြောဆိုနေကြပေသည်။ သူမတို့နှစ်ဦးက အမျိုးသမီးများ နှစ်သက်တတ်သော စကားခေါင်းကိုသာ သေချာပေါက် ပြောဆိုနေမည် ဖြစ်သည်။
ရဲ့ချန်ကတော့ ဘေးက မိန်းကလေးများ၏ စကားဝိုင်းကို နားထောင်ရုံသာ နားထောင်နေခဲ့သည်။
မိနစ် ၂၀ ခန့် မောင်းနှင် လာပြီးသော် ရဲ့ချန်တို့က ရွှေလင်းယုန် ရပ်ကွက်ထဲသို့ ရောက်ရှိလာတော့သည်။ ထို့နောက် ရဲ့ချန်က သူ၏စံအိမ် တည်ရှိရာနေသို့ ချက်ချင်း ဦးတည်လိုက်တော့သည်။
ရဲ့ချန်သည် အိမ်ခြံ၀င်းထဲသို့ ကားမောင်း၀င်လာသောအခါ ရှောင်လုလုက ပန်းခြံထဲမှ ပန်းလှလှလေးများကို ရေလောင်းနေကြောင်း မြင်လိုက်ရ၏။ ရှောင်လုလု၏ဘေးတွေင် ဖူလန်လင်းက ထိုပန်းလှလှလေးများကို နှစ်သက်ခံစားနေပေသည်။
ရဲ့ချန်သည် ယခင်က စံအိမ်ကြီး၏ခြံ၀င်းထဲတွင် ထိုပန်းပွင့်များ မရှိကြောင်း မှတ်မိပါသည်။ ထိုပန်ပွင့်များက ရှောင်လုလု နှင့် ဖူလန်လင်းတို့ စိုက်ထားပုံ ပေါ်သည်။
ရဲ့ချန်၏ကားက ခြံထဲမောင်း၀င်လာသည်ကို မြင်ပြီး ဖူလန်လင်းက အနားသို့ ချက်ချင်း ပြေးလာပြီး ရဲ့ချန်ကို ကြိုဆိုလိုက်သည်။
တစ်ဖက်တွင် ရှောင်လုလုကလည်း ပန်းပင်များ ရေလောင်းခြင်းကို အပြီးသက်လိုက်၏။ သူမ၏ပုံစံသည် ဤအိမ်တွင် အလုပ်လုပ်နေရသည်ကို အတော်လေး ပျော်နေသည့်ပုံ ပေါ်နေ၏။
ဤအလုပ်လုပ်ရာ နေရာက အတော်လေး စိတ်ချမ်းသာဖွယ် ကောင်းသည်သာမက သည်အိမ်က လူများကလည်း သူမကို နွေးနွေးထွေထွေး ဆက်ဆံပေသည်။ ထို့ကြောင်း ဤကဲ့သို့သော နေရာလေးတွင် အလုပ်လုပ်ရသည်က ကံကောင်းလှသည်ဟု ရှောင်လုလု ခံစားနေရ၏။
ကားကို ပါကင်ထိုးနောက် ရဲ့ချန်၊ ချောင်ယမ်ယမ် နှင့် စုမန်ချီတို့က ကားထဲမှ ချက်ချင်း ထွက်လာကြသည်။
“ ယောက်ျား … အကိုကြီး ရဲ့ချန်၊ ပြန်လာပြီလား “ ဖူလန်လင်း နှင့် ရှောင်လုလုတို့က ရဲ့ချန်ကို တစ်ပြိုင်တည်း နှုတ်ဆက်လိုက်ကြ၏။
“ အင်း ပြန်လာပြီ “ ရဲ့ချန်က ဖြေလိုက်၏။
ဖူလန်လင်းသည် ရဲ့ချန်၏နောက်တွင် လိုက်ပါလာသော လှပပြီး စွဲမက်ဖွယ်ကောင်းသည့် မိန်းကလေးတစ်ယောက် ထပ်တိုးနေမှန်း သတိထားမိလိုက်၏။ သူမက ထိုစွဲမက်ဖွယ်ကောင်းသော မိန်းကလေးကကို မည်သူမှန်း မသိပေ။
“ ယောက်ျား သူက ဘယ်သူလဲ “ ဖူလန်လင်းက ထိုမိန်းကလေးက မည်သူနည်းဟု မေးလိုက်၏။
“ ေဩာ် … ငါ နင်တို့ကို မိတ်ဆက်ပေးရဦးမယ်၊ ဒါက နင်တို့ရဲ့ ညီမအသစ် ….. “ ရဲ့ချန်က စကားပြီးအောင် မပြောခင် စုမန်ချီက ရုတ်တရက် ရှေ့ထွက်လာခဲ့သည်။
“ ဟဲလို … ကျွန်မက စုမန်ချီပါ၊ အမချောလေး တွေ့ရတာ ၀မ်းသာပါတယ် “ စုမန်ချီက သူမကိုယ်သူမ ချက်ချင်း မိတ်ဆက်ပေးလိုက်၏။ သူမက ရဲ့ချန်၏တခြားမိန်းမများ ရှေ့တွင် ကောင်းမွန်သော အမြင် ရှိလိုသည် မဟုတ်ပါလား။
မိန်းမအားလုံးက ရဲ့ချန်၏နောက်သို့ လိုက်ရန် သဘောတူပြီးပြီ ဖြစ်သောကြောင့် သူမတို့က သူဦးကိုတစ်ဦး အပြန်အလှန် နားလည်မှုရှိရန် ဆုံးဖြတ်ထားပြီးပြီ ဖြစ်သည်။
“ အမက ဖူလန်လင်းပါ၊ တွေ့ရတာ ၀မ်းသာပါတယ် “ ဖူလန်လင်းက အပြုံးကလေးဖြင့် စုမန်ချီကို ကြိုဆိုလိုက်သည်။
လောလောဆယ် ဖူလန်လင်းက သူမ၏မူလရုပ်သွင်ကို ဖော်ပြမထားပေ။ သူမ၏ရုပ်သွင်ကို နွိဝါးလက်စွပ်ဖြင့် ဖုံးကွယ်ထားကည် မဟုတ်ပါလား။ ရဲ့ချန်မှအပ ချောင်ယမ်ယမ်၊ လျှို့ယွဲ့ နှင့် ချူးယွဲ့ချန်တိ်ု့သည် မည်သူမျှ သူမ၏နဂိုရုပ်ကို မမြင်ဖူးကြပေ။
စုမန်ချီသည် ရဲ့ချန်၏တခြားမိန်းမတစ်ယောက်က သူမအပေါ် နွေးထွေးစွာ ဆက်ဆံသောကြောင့် အတော်လေး ပျော်ရွှင်သွားလေသည်။
စုမန်ချီက အခြားတစ်ဖက်ကို ကြည့်လိုက်သည်။ ထိုနေရာတွင်လည်း ဖူလန်လင်း၏နောက်တွင် ရပ်နေသည့် လှပပြီး ချစ်ဖွယ်ကောင်းသော မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရ၏။ သူမသည်လည်း ရဲ့ချန်၏ နောက်ထပ်မိန်းမတစ်ယောက် ဖြစ်ပေလိမ့်မည်။ “ နင်ကရော ရဲ့ချန်ရဲ့မိန်းမပဲလား၊ နာမည် ဘယ်လိုခေါ်လဲ “ သူမက ထိုအရုပ်ကလေးနှင့်တူပြီး ချစ်စရာကောင်းသည့် မိန်းကလေးနှင့် ရင်းနှီးကျွမ်း၀င် လိုသည်။
ထိုစကားကို ကြားပြီး ရှောင်လုလု၏မျက်နှာက တစ်မုဟုတ်ချင်း အနီရောင်သို့ ပြောင်းသွားလေသည်။ “ မဟုတ်ဘူး၊ ကျွန်မက အကိုကြီး ရဲ့ချန်ရဲ့ မိန်းမ မဟုတ်ပါဘူး၊ ကျွန်မက ဒီအိမ်ရဲ့ အစေခံပါ “ ရှောင်လုလုက စုမန်ချီကို ကမန်းကတန်း ရှင်းပြလိုက်တော့သည်။
“ အိုး တောင်းပန်ပါတယ်၊ ငါက နင့်ကိုလည်း ရဲ့ချန်ရဲ့မိန်းမပဲ ထင်နေတာ “ စုမန်ချီက သူမ၏အမှားအတွက် ရှောင်လုလုကို တောင်းပန်စကား ဆိုလိုက်သည်။
“ သူမက အခု ရဲ့ချန်ရဲ့ မိန်းမ မဟုတ်သေးပေမဲ့ တစ်ချိန်ချိန်ကျ ရဲ့ချန်ရဲ့ မိန်းမ ဖြစ်လာနိုင်တယ် “ ချောင်ယမ်ယမ်က ရယ်မောပြီး ကျီစယ်လိုက်လေသည်။
ရှောင်လုလု၏မျက်နှာက ပူပင် ပူလာတော့သည်။သူမ ဘာမျှ ထပ်မပြောရဲတော့ဘဲ ဦးခေါင်းကိုသာ အောက်သို့ ငုံ့ထားတော့သည်။ သူမ ဤနေရာက လူများ၏မျက်နှာကို မော်မကြည့်ဝံ့တော့ပေ။
“ ယမ်ယမ် ရှောင်လုလုကို ထပ်မစပါနဲ့တော့၊ သူက နင်ကို ကြောက်နေပြီ “ ရဲ့ချန်က ချောင်ယမ်ယမ့်ကို ရှောင်လုလုအား ထပ်မစရန် ၀င်ပြောလိုက်ရတော့သည်။
“ ဟီဟီဟီ … ငါနားလည်ပါတယ် “ ချောင်ယမ်ယမ်က အနည်းငယ် ရယ်မောပြီး ထပ်မစတော့ပေ။
“ ေဩာ် ဟုတ်သားပဲ၊ ယွဲ့ရော အခု ဘယ်မှာလဲ “ ရဲ့ချန်က လျှို့ယွဲ့ကို မတွေ့ရသောကြောင့် မေးလိုက်၏။
“ ငါတင်တာ မမှားဘူးဆိုရင် ညီမလေး လျှို့ယွဲ့က သူ့ကုမ္ပဏီက ခေါ်လို့ဆိုလားပဲ၊ အဲ့ဒါ အဲဒီကို ပြန်သွားတယ်၊ သူပြောတာကတော့ အဲမှာ အရေးကြီးတဲ့ ကိစ္စရှိတယ် တဲ့ “ ဖူလန်လင်းက ရှင်းပြလိုက်သည်။
ဖူလန်လင်းသည် ခေတ်သစ်လူနေမှုဘ၀ကို သင်ယူနေဆဲသာ ရှိသေး၏။ ထို့ကြောင့် သူမက ခေတ်သစ်ကမ္ဘာ၏ ဝေါဟာရများကို ရေရေရာရာ မသိရှိသေးပေ။
ရဲ့ချန်က လျှို့ယွဲ့ကို ဖုန်းလှမ်းခေါ်ကြည့်လိုက်သည်။ ကံမကောင်းစွာ ဖုန်းက တခြားတစ်ယောက်နှင့် စကားပြောနေသောကြောင့် မအားသေးပေ။
“ လင်းအာ လျှို့ယွဲ့က အဲဒီကိစ္စက အရေးကြီးတယ်လို့ ပြောခဲ့သေးလား “ ရဲ့ချန်သည် ထိုပြဿနာက အရေးကြီးမကြီး မေးမြန်းလိုက်၏။
“ ငါမသိဘူးလေ၊ ညီမလေးယွဲ့က သူ့ကုမ္ပဏီမှာ ပြဿနာ တက်နေတယ်လို့ပဲ ပြောခဲ့တာ၊ ငါ သူ့ကို အဖော်လိုက်ခဲ့ပေးရမလားလို့ မေးပါသေးတယ်၊ ဒါပေမဲ့ သူက ငြင်းလိုက်တယ်လေ “ ဖူလန်လင်းက ပြောလိုက်၏။
“ ဒါဆို ငါသွား ကြည့်မှ ဖြစ်မယ်၊ ယွဲ့က ငါ့အကူအညီ လိုနေတာလည်း ဖြစ်ကောင်းဖြစ်မယ် “ ရဲ့ချန်သည် လျှို့ယွဲ့၏အခြေအနေနှင့် ပတ်သက်ပြီး အတော်လေး စိုးရိမ်သွား၏။ လောလောဆယ် သူမက အန္တရာယ်နှင့် တွေ့ကြုံနေရလျှင် မည်သို့ လုပ်မည်နည်း။
“ ငါ နင်နဲ့လိုက်ခဲ့ဖို့ရော လိုသေးလား “ ဖူလန်လင်းက မေးလိုက်၏။
“ နင်က ဒီမှာပဲ နေခဲ့၊ ယမ်ယမ်၊ မန်ချီ နဲ့ လုလုတို့ကို စောင့်ရှောက်ရဦးမယ်လေ “ ရဲ့ချန်က တစ်ယောက်ထဲသာ သွားလိုသည်။ အကယ်၍ ရဲ့ချန်တွင် ပြဿနာ တစ်စုံတရာ ရှိလာပါက သူ့ကို ကူညီပေးမည့် မြေခွေးပေါက်စလေး ရဲ့လျှို ရှိနေသည် မဟုတ်ပါလား။
“ ကောင်းပြီ၊ ငါသဘောပေါက်ပြီ “ ဖူလန်လင်းက ခေါင်းညိတ်ပြသည်။
“ ယမ်ယမ် နင်က မန်ချီကို နတ်သမီး တံခါး၀ထဲ ခေါ်သွားလိုက်ဦး၊ သူနဲ့သင်တော့မယ့် ကျင့်ကြံခြင်းကျင့်စဉ် တစ်ခုလောက် ရွေးပါစေ “ ရဲ့ချန်က ချောင်ယမ်ယမ့်ကို စုမန်ချီအား ကျင့်ကြံသူ တစ်စိတ်တစ်ပိုင်း ဖြစ်လာရန် စတင်ဖို့ နတ်သမီးတံခါး၀ထဲသို့ ခေါ်သွားခိုင်းလိုက်သည်။
“ ဒါက လွယ်ပါတယ်၊ ငါ သူ့ကို ကျင့်ကြံသူတစ်ယောက် ဖြစ်လာအောင် ကူညီပေးလိုက်မယ် “ ချောင်ယမ်ယမ်က ရဲ့ချန် ခိုင်းသည့်အတိုင်း လုပ်မည်ဖြစ်ကြောင်း ပြောလိုက်သည်။
အားလုံးကို စီမံပြီးနောက် ရဲ့ချန်က ကားထဲသို့ ချက်ချင်း ပြန်၀င်ပြီး လျှို့ကုမ္ပဏီသို့ မောင်းနှင်သွားတော့သည်။
ဆယ်မိနစ်ခန့် ကြာပြီးသော် ရဲ့ချန်က လျှို့ကုမ္ပဏီ၏ရှေ့သို့ ရောက်လာခဲ့သည်။ ကုမ္ပဏီ၏ရှေ့တွင် ဆေးရုံကား အမြောက်အမြား နှင့် ဆေးပစ္စည်းကိရိယာများ ကိုင်ဆောင်ထားသော ဆေး၀န်ထမ်းများက ဖျားနာနေသည့် လူနာများကို ဆေးရုံကားထဲသို့ သွင်းနေကြသည်။
ရဲ့ချန်သည် ထိုလူများ၏နှုတ်ခမ်းက အနည်းငယ် ဖြူဖက်ပြီး အနက်ရောင်သမ်းနေကြောင်း မြင်လိုက်ရ၏။ ထိုလူများကို တစ်ယောက်ယောက်က အဆိပ်ခပ်လိုက်ကြောင်း သေချာနေပြီ ဖြစ်သည်။
ရဲ့ချန်သည် ကားထဲက ချက်ချင်း ဆင်းပြီး လျှို့ယွဲ့အား ဝိညာဉ်အသိဖြင့် ရှာဖွေလိုက်၏။ လောလောဆယ် လျှို့ယွဲ့က ဆယ်လွှာတွင် လူစိမ်းဒါဇင်ခန့်နှင့်အတူ ရှိနေသည်။
လျှို့ယွဲ့ရှိနေသော နေရာအား သိရှိပြီးနောက် ရဲ့ချန်က သူမနှင့် တွေ့ဆုံရန် ဆယ်လွှာသို့ ချက်ချင်း တက်လာခဲ့သည်။
ရဲ့ချန်တစ်ယောက် အပေါ်သို့ တက်လာရင်း လမ်းတစ်၀က်ခန့် ရောက်လာသောအခါ နေရာတိုင်းတွင် အဆိပ်မှုန့်၏ရနံ့များ ရှိနေကြောင်း သတိထားမိလိုက်၏။ ထိုအဆိပ်သည် ဤဧရိယာ ပရဝုဏ်အတွင်း အပြည့်အ၀ လွှမ်းခြုံနေသောကြောင့် သတိထားမိရန် အင်မတန် ခက်ခဲလှချေသည်။ ထိုအဆိပ်က လူတစ်ယောက်ကို အသက်ရှူခက်ခဲခြင်း၊ မူးဝေးအော့အန်ခြင်း နှင့် ရက်အနည်းငယ်ခန့် ခန္ဓာကိုယ် ထုံထိုင်းခြင်းတို့သာ ဖြစ်စေသည်။
ထိုအဆိပ်က လူအပေါ် သက်ရောက်သွားမည်ဆိုလျှင် ကုသရန် အင်မတန် ခက်ခဲလှချေသည်။ ယင်းက အတော်လေး အန္တရာယ်ရှိပြီး လူ့အသက်ကိုပင် ရန်ရှာနိုင်သည်။
ထိ်ု့ကြောင့် ဤအဆိပ်က သာမန်လူတစ်ယောက် ပြုလုပ်ခြင်း လုံ၀ မဖြစ်နိုင်ပေ။ ဤကဲ့သို့ အဆိပ်ကို ဖော်ဆပ်ရန် အဆိပ်ကျွမ်းကျင်သူများသာ တက်နိုင်ပေလိမ့်မည်။ ထိုအဆိပ်မှုန့်ကို ဖြန့်ခဲ့သော သူသည် လျှို့ယွဲ့အပေါ် မကောင်းသော ရည်ရွယ်ချက်သာ ရှိရပေမည်။
ရဲ့ချန်က သူ၏လမ်းအတိုင်း ဆယ်လွှာသို့သာ ဆက်တက်လာခဲ့သည်။ ဆယ်လွှာသို့ ရောက်လာသောအခါ ထိုနေရာတွင် လူအမြောက်အမြားက ကြမ်းပြင်ပေါ်တွင် ထိုင်နေကြောင်း ရဲ့ချန် မြင်လိုက်ရ၏။ သူတို့ထဲက လူအချို့သည် အသက်ရှူရ ခက်ခဲနေကြသည်။
ရဲ့ချန်သည် ထိုလူများက ကုမ္ပဏီ၏ ထောင့်ချိုးတိုင်းတွင် ဖြန့်ထားသော အဆိပ်များ မိပြီးပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
လျှို့ယွဲ့ကတော့ သူမ၏ရှေ့က လူများကို ၀မ်းနည်းစွာ စောင့်ကြည့်နေလေသည်။
ယနေ့ သူမ၏၀န်ထမ်းများ မည်သည့်အရာများ ဖြစ်ပျက်သွားမှန်းပင် လျှို့ယွဲ့ နားမလည်တော့ပေ။ နာရီအနည်းငယ်အတွင်း လူအမြောက်အမြားက ရုတ်တရက်ကြီး နေမကောင်း ဖြစ်သွားကြသည် မဟုတ်ပါလား။
ယင်းသည် ပင်မဌာနချုပ်တွင် ဖြစ်သွားခဲ့သည်သာမက ရုံးခွဲများတွင်ပါ ရုတ်တရတ် နေမကောင်း ဖြစ်သွားသော ၀န်းထမ်းများ ရှိသည်ဟု အကြောင်းကြားစာ ရောက်ရှိလာခဲ့သည်။
လျှို့ယွဲ့သည် လောလောဆယ် ထိုပြဿနာ၏ ဇစ်မြစ်ကို ရှာဖွေနေရသည်။ ဤကုမ္ပဏီမှ ၀န်ထမ်းများက အဘယ်ကြောင့် ရုတ်တရက် ဖျားနာကုန်ရသနည်း။
လျှို့ယွဲ့သည် ဤကုမ္ပဏီမှ အကောင်းဆုံး သိပ္ပံပညာရှင်များကို စေလွှတ်၍ ထိုကံဆိုးမိုးမှောင်ကျခြင်း၏ အကြောင်းပြချက်ကို လေ့လာဆန်းစစ်ခိုင်းခဲ့သည်။ အစားအစာများနှင့် ရေနမူနာများကို စမ်းသပ် စစ်ဆေးပြီးနောက် သိပ္ပံပညာရှင်များသည် ထူးဆန်းသော အရာတစ်ခုခု ရှာမတွေ့ခဲ့ပေ။
လျှို့ယွဲ့တစ်ယောက် ပို၍ပို၍ အကူညီမဲ့လာလေသည်။ ဤသို့သာ ဆက်ဖြစ်နေမည်ဆိုလျှင် သည်ကုမ္ပဏီက ပုံမှန်အတိုင်း လည်ပတ်နိုင်တော့မည် မဟုတ်ချေ။ အရှုံးပေါ်မှု ရလဒ်ကလည်း အလွန့်အလွန် များသွားလိမ့်မည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Waar verhalen tot leven komen. Ontdek het nu