အခန်း (၁၉၄) ရေကန်ထဲက နတ်သမီးများကို ချောင်းကြည့်ခြင်း

257 12 0
                                    

ရဲ့ချန်သည် ချင်းချမ်ဆီမှ ယင်ချီအမြောက်အမြားကို ရရှိခဲ့သည်။
ချင်းချမ်ကတော့ အနားယူနေရသည်။ သူမတွင် အခန်းထဲက ထွက်ခွာရန်ပင် အင်အားမရှိတော့ဘူး မဟုတ်လား။
ချင်းချမ်က မတ်တတ်မရပ်နိုင်ဖြစ်နေသည်ကို ကြည့်ရင်း ရဲ့ချန်က အခန်းထဲမှ ထွက်သွာရန် ဆုံးဖြတ်လိုက်သည်။
ရဲ့ချန်သာ ဤနေရာတွင် ဆက်နေပါက ဆွဲဆောင်မှုရှိသည့် ချင်းချမ်ကိုကြည့်ပြီး သူ့ကိုယ်သူ ထိန်းချုပ်နိုင်မှုများ ပျောက်ကွယ်သွားနိုင်သည် မဟုတ်ပါလား။
ရဲ့ချန်က ဝါးခမောက် နှင့် ၀တ်ရုံနက်ကြီးကို ပြန်လည် ၀တ်ဆင်လိုက်ပြီး သစ်တောဆီသို့ ဦးတည် ပျံသန်းလာခဲ့သည်။ ဤနေရာ၏ပတ်၀န်းကျင်က အတော်လေး သဘာ၀ကျနလှပေသည်။ ကောင်းကင်ထက်ကနေ ရဲ့ချန်သည် အတန်အသင့် ကြီးမားပြီး လှပသည့် ရေကန်တစ်ကန်ကို တွေ့လိုက်ရသည်။
လ၏အလင်းရောင် မှိန်မှိန်လျလျလေးဖြင့် ကန်ရေပြင်ထက်တွင် အလင်းပြန်ပြီး ငွေရောင် လှိုင်းကြက်ခွတ်လေးများ တလက်လက် ထနေပေသည်။
ရဲ့ချန်တစ်ယောက် ရေကန်အနား ချဉ်းကပ်သွားသောအခါ စိတ်၀င်စားစရာကောင်းသည့် အရာတစ်ခုကို တွေ့လိုက်ရသည်။ ရေကန်ထဲတွင် ရေချိုးနေသည့် မိန်းကလေးငါးယောက် ရှိနေသည် မဟုတ်ပါလား။
ညည့်နက်နေသည့် အချိန်တွင် ထိုကဲ့သို့ အေးစက်နေသည့် ကန်ရေထဲ၀ယ် မည်သည့်မိန်းကလေးများက ရေလာချိုးနေရသနည်း။
ရဲ့ချန် အသေချာ အကဲခတ်လိုက်သောအခါ သူနှင့်ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
သူမက အေးစိမ့်ရေခဲဂိုဏ်းက နတ်သမီးလေး မူယန်ယင်းပင် ဖြစ်သည်။ မူလန်ယင်းက လုံး၀ ကိုယ်တီးလုံးတော့ မဟုတ်ပေ။ သူမ၏ခန္ဓာကိုယ်ကို ပတ်ထားသည့် အ၀တ်ဖြူလေးတစ်ထည်တော့ ကျန်နေသေး၏။ သို့သော် ထိုအ၀တ်က ရေစိုနေသောကြောင့် မူလန်ယင်း၏ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်နှင့် နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသည့် အသားအရေက ထင်းနေအောင် ပေါ်လွင်နေသည် မဟုတ်ပါလား။
ရဲ့ချန်က သစ်ပင်များကြားတွင် ဆင်းလိုက်သည်။ ထို့နောက် အကွာအဝေး တစ်ခုကနေ ရဲ့ချန်သည် မိန်းကလေးငါးယောက် ရေချိုးနေသည်ကို အေးအေးလူလူ ထိုင်ကြည့်နေလေသည်။
ယနေ့ ရဲ့ချန်အတွက် အလွန်တရာ ကံကောင်းသည့်နေ့ပင် ဖြစ်သည်။ ပထမတစ်ကြိမ်က ကာမကဝေ ချင်းချမ်က သူ့ကို လာရောက် မြှူဆွယ်နေသည်။ ယခုတော့ တစ်မူထူးခြားသော ပုံစံရှိသည့် နတ်သမီးလေးငါးယောက် ရေချိုးနေသည်ကို ချောင်းကြည့်နေရပြီ ဖြစ်သည်။
ရဲ့ချန်၏အထင်သာ မမှားလျှင် တခြားလေးယောက်ကလည်း အေးစိမ့်ရေခဲဂိုဏ်းက ဖြစ်နိုင်ပေသည်။ သို့သော် သူမတို့က ရေချိုးနေစဉ်မှာပင် သူမတို့၀တ်ထားသည့် မျက်နှာဖုံး အဖြူလေးများကို မချွတ်ထားပေ။
ယင်းက အလွန်တရာ ထူးဆန်းလှပေသည်။ အေးစိမ့်ရေခဲဂိုဏ်းက လူအားလုံးက အဘယ်ကြောင့် သူတို့၀တ်ထားသည့် မျက်နှာဖုံးကို အလေးထားနေရသနည်း။ သူတို့က ရေချိုးစဉ်မှာပင် မျက်နှာချွတ်မထားလိုဘူး မဟုတ်လား။
မူလန်ယင်းက သူမ၏မျက်နှာဖုံးကို ချွတ်ယူစဉ်က မည်သို့ဖြစ်ပျက်သွားကြောင်း ရဲ့ချန် မှတ်မိပါသေးသည်။
သူမက အလွန်အမင်း ဒေါသူပုန်ထပြီး သူ့ကို သတ်ရန် ချက်ချင်း ကြိုးစားခဲ့သည် မဟုတ်ပါလား။
ရဲ့ချန်သည် ရှုထောင့်တစ်ခုကနေ နတ်သမီးငါးယောက် သူမတို့၏တစ်ကိုယ်လုံးကို သန်ရှင်းဖို့သာ ဇောင်းပေးနေသည်ကို ကြည့်ရှုနေသည်။ သူမတို့က သူမတို့၏ခန္ဓာကိုယ်တွင် တစ်လက်မမျှပင် အညစ်အကြေး ရှိနေရန် မလိုလားပေ။
ရဲ့ချန်သည် ထိုမြင်ကွင်းလေးကို ငေးကြည့်ရင်း သဘောအကျကြီး ကျနေလေသည်။ မိန်းကလေးငါးယောက် ရေချိုးနေသည်ကို ချောင်းကြည့်ရသည့် ခံစားချက်က ဆိုးတော့ မဆိုးပေ။ ယောက်ျားသားများသည် အမျိုးသမီးများ ရေချိုးနေသည်ကို ချောင်းကြည့်ရန် ဓားတောင်ကို ကျော်ရကျော်ရဆိုသူများပင် မဟုတ်ပါလား။
ရဲ့ချန် ချောင်းကြည့်နေသည်ကိုသာ မိသွားမည်ဆိုပါက ထိုနတ်သမီးငါးယောက်က သူ့ကို လိုက်ရှာပြီး သတ်ဖြတ်မည်မှာ မြေကြီးလက်ခတ် မလွဲပေ။
“ ခရက် … “ သစ်ကိုင်းခြောက်ကျိုးသံ တစ်သံက ထွက်ပေါ်လာသည်။
“ ဘယ်သူလဲ “ ကြည်ကြည်နူးနူး ရေချိုးနေသည့် နတ်သမီးငါးယောက်သည် တစ်ယောက်ယောက်က သစ်ကိုင်းခြောက် တစ်ကိုင်းကို တက်နင်းလိုက်သည့် အသံကို ကြားလိုက်ရသည်။
မူလန်ယင်း၏ဘေးက မိန်းမလှလေးယောက်က အေးစိမ့်နတ်သမီးလေးဖော်ဟု ဘွဲ့အမည် ရှိပေသည်။
အေးစိမ့်နတ်သမီးလေးဖော်က ထိုအသံထွက်ပေါ်လာရာ အရင်းအမြစ်ဆီသို့ တစ်မုဟုတ်ချင်း ပြေးလာကြသည်။ ထိုလူက မည်သူဖြစ်ကြောင်း သေချာသိရန် လိုအပ်သည်။ ယင်းက ချောင်းကြည့်သည့် လူတစ်ယောက် ဖြစ်နေလျှင် ထိုနှာဘူးကောင်ကို သူမတို့က သေချာပေါက် သတ်ပစ်ရမည် ဖြစ်သည်။
ရဲ့ချန်သည် အေးစိမ့်ရေခဲဂိုဏ်းက နတ်သမီးလေးများ ရေချိုးနေသည်ကို ချောင်းကြည့်နေသောသူက သူတစ်ယောက်တည်းမဟုတ်မှန်း သိသွားသည်။ ထိုလူက ရဲ့ချန်၏ညာဘက်က ချုံပုတ်တစ်ခု၏နောက်ကွယ်တွင် ပုန်အောင်းနေသည့် လူတစ်ယောက် ဖြစ်သည်။
“ သွားပြီ၊ ဒီကောင့်ရဲ့ဘ၀ကတော့ အဆုံးသတ်ကောင်းမှာ မဟုတ်တာ သေချာတယ် “ ရဲ့ချန်သည် အေးစိမ့်နတ်သမီးလေးဖော် ရှာတွေ့သွားသည့်လူအတွက် အနည်းငယ် စိတ်မကောင်းသလို ခံစားလိုက်ရ၏။
နတ်သမီးလေးဖော် လာမရှာခင် ထိုလူက တတ်နိုင်သလောက် ရေကန်၏ဝေးရာသို့ ပြေးထွက်သွားပြီ ဖြစ်၏။ သူက သူ၏တစ်ဘ၀စာတွင် အမြန်ဆုံး အရှိန်ဖြင့် ပြေးထွက်သွားခြင်း ဖြစ်သည်။
ကံမကောင်းစွာ ထိုလူယုတ်မာ သူခိုးကို နတ်သမီးလေးဖော်က ပိတ်ဆို့ထားပြီးပြီ ဖြစ်သည်။ နတ်သမီးလေးဖော်က သူမတို့ ရေချိုးနေသည်ကို ချောင်းကြည့်ဝံ့သည့် ထိုလူ့အား အဘယ်ကြောင့် ခွင့်လွှတ်နိုင်မည်နည်း။
ရဲ့ချန်သည် ရေကန်၏အဝေးတစ်နေရာတွင် ချောင်းကြည့်သည့် သူခိုးကို နတ်သမီးလေးဖော်က ဖမ်းမိသွားပြီ ဖြစ်ကြောင်း မြင်လိုက်ရ၏။
ယခုတော့ ရေကန်၏ဘေးတွင် မူလန်ယင်းတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။ မူလန်ယင်းက သူခိုးကို လိုက်မဖမ်းပေ။ သူမက တစ်ယောက်တည်း အတွေးပေါင်း သောင်းခြောက်ထောင်ဖြင့် တွေဝေ ငေးမောနေသည်။
သူမသည် ရဲ့ချန်နှင့်တွေ့ဆုံပြီး နောက်ပိုင်း ယခင်ကနှင့် မတူတော့ကြောင်း ခံစားလိုက်ရ၏။ သူမ တန်ခိုးကျင့်သည့်အခါတိုင်း သူမကို အရှက်ခွဲခဲ့သည့် ရဲ့ချန်ကိုသာ အမြဲတမ်း သတိရနေခဲ့သည်။
ယင်းသည် သူမ၏ကျင့်ကြံခြင်းကို မတည်မငြိမ် ဖြစ်စေ၏။ ဤသို့သာ ဆက်ဖြစ်နေမည် ဆိုလျှင် မူလန်ယင်းက ကောင်းကင်နယ်ပယ် အဆင့်တစ်ဆယ်သို့ ချိုးဖြတ်တက်ရောက်နိုင်တော့မည် မဟုတ်ပေ။
မူလန်ယင်းသည် ရဲ့ချန်၏ရှေ့တွင် သူမ ကြောင်ရွံ့ထိတ်လန့်ခဲ့ရသည့် အချိန်ကို အမှန်ရနေဆဲသာ ရှိသေး၏။ သူမသည် ယောက်ျားတစ်ယောက်ရှေ့တွင် သူမကိုယ်သူမ အကူညီမဲ့ခဲ့ရသည့် အဖြစ်မျိုး တစ်ခါမျှ မဖြစ်ဖူးခဲ့ပေ။
ထိုအရာများသည် ရဲ့ချန်ဆိုသော လူနှင့် ဆုံခဲ့ရသောကြောင့် ဖြစ်သည်။ ရဲ့ချန်နှင့်သာ မဆုံခဲ့လျှင် သူမက ဤကဲ့သို့ အဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ချင်မှ ကြုံတွေ့လိမ်မည် မဟုတ်ပါလား။
“ ရဲ့ချန်ဆိုတဲ့အကောင်၊ နင်စောင့်ကြည့်နေပါ၊ နင်နဲ့သာ နောက်တစ်ခါ ပြန်ဆုံခဲ့ရင် ငါ နင့်ကို သင်းကို ကွပ်ပစ်ဦးမယ် “ မူလန်ယင်းက ထိုစကားကို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
သစ်ပင်၏နောက်တွင် ရှိနေသေးသည့် ရဲ့ချန်က မူလန်ယင်း ပြောလိုက်သော စကားကို ကြားလိုက်ရသည်။ ရဲ့ချန်သည် ထိုစကားကို ကြားပြီး အနည်းငယ် ဒေါသထွက်သွားလေသည်။
မည်သည့်ယောက်ျားသားကမျှ ထိုစကားကို ကြားပြီး ဒေါသမထွက်ဘဲ နေနိုင်မည် မဟုတ်ပေ။ ယင်းသည် ယောက်ျားများ၏ အသက်အရင်းအမြစ်၊ ယောက်ျားများ၏ အရေးပါဆုံး အစိတ်အပိုင်းပင် ဖြစ်သည်။ ထိုအစိတ်အပိုင်းကိုသာ ဖျက်ပစ်လိုက်လျှင် သူတို့က ယောက်ျားဘသား ဖြစ်နိုင်တော့မည် မဟုတ်ပေ။
“ ဒီမိန်းမတော့ နည်းနည်းလောက် ပညာပေးဖို့တော့ လိုပြီထင်တယ် “ ယခင်က သူ့ကို သတ်ရန် ကြိုးစားသည့် မူလန်ယင်းကို သူခွင့်လွတ်ပေးခဲ့သည်။ ထိုအချိန်တွင် ရဲ့ချန်သည် ယောက်ျားများက မည်မျှထိ ကြီးမြတ်ကြောင်း မူလန်ယင်းကို သိခွင့်ပေးရတော့မည် ဖြစ်သည်။
ရဲ့ချန်က သူဆောင်းထားသည့် ၀တ်ရုံ နှင့် ဝါးခမောက်တို့ကို လွင့်ပစ်လိုက်သည်။ ထို့နောက် သူက သစ်ပင်၏နောက်ကွယ်မှ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
“ နတ်သမီး မူလန်ယင်း၊ ကျုပ်အကြောင်းကို ဘာတွေ ပြောနေတာလဲ “ မူလန်သည် နောက်က ယောက်ျားတစ်ယောက်၏ အသံကို ကြားလိုက်ရသောကြောင့် နောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။
“ ရဲ့ချန်၊ နင် ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ “ မူလန်ယင်းသည် ရဲ့ချန်ကို ရုတ်တရက် တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားလေသည်။
“ ဘာလဲ၊ ကျုပ်က ဒီကို လာလို့ မရဘူးလား … ဟီဟီဟီ “ ရဲ့ချန်က တခွိခွိ ရယ်မောနေ၏။
“ နင်က တိုက်တိုက်ဆိုင်ဆိုင် ဒီကိုရောက်လာတော့လည်း ကောင်းတာပေါ့၊ နင့်ကို လိုက်ရှာနေစရာ မလိုတော့ဘူးပေါ့ “ မူလန်ယင်းက သူမ၏သိုလှောင်လက်စွပ်ထဲမှ ဓားတစ်ချောင်းကို ချက်ချင်း ထုတ်ယူလိုက်သည်။
“ နှေးလိုက်တာ “ ရဲ့ချန်သည် မူလန်ယင်း၏နောက်သို့ ချက်ချင်း ရောက်သွားပြီး ဓားကိုင်ထားသည့် လက်ကို ဖမ်းကိုင်ထားလိုက်သည်။
“ ဟင် … ဘာတွေ ဖြစ်သွားတာလဲ “ မူလန်ယင်းသည် မည်သည့်အရာများ ဖြစ်သွားမှန်းပင် လိုက်မမှီတော့ချေ။
လွန်ခဲ့သည့် စက္ကန့်၀က်ကမှ ရဲ့ချန်က သူမရှေ့တွင် ပျံသန်းနေသေးသည် မဟုတ်ပါလား။ ယခုတော့ ရဲ့ချန်က သူမ၏နောက်သို့ မည်သို့ ရောက်ရှိသွားသနည်း။ မူလင်ယင်းသည် ရဲ့ချန်၏လှုပ်ရှားမှုကိုပင် မမြင်လိုက်ရပေ။
ရဲ့ချန် ငှားယမ်းထားသည့် အခန်းထဲတွင် …
ထိုအချိန်တွင် ချင်းချမ်သည် သူမကိုယ်သူမ အနည်းငယ် သက်သာလာသလို ခံစားလိုက်ရ၏။ သူမကို ဤသို့ ဖြစ်အောင်လုပ်ခဲ့သည့် ရဲ့ချန်ကိုလည်း အတော်လေး စိတ်တိုနေပေသည်။
ရဲ့ချန်၏ အံ့သြဖွယ်ကောင်းသည့် အနှိပ်အနယ် အကွက်များကို ခံလိုက်ရပြီးနောက် သူမသည် တခြားလူများနှင့် ကျေနပ်နိုင်ခြင်း မရှိတော့မည်ကို စိုးရိမ်သွားလေသည်။ “ ဟွန်း … အဲဒီလူရဲ့လက် အကွက်တွေကတော့ အတော်လေး မိုက်တာပဲ၊ သူ့ရဲ့အိပ်ရာပေါ်က စွမ်းရည်က ဘယ်လောက်တောင် ကောင်းလိုက်မလဲဆိုတာ ငါစူးစမ်းချင်မိရဲ့၊ အဲဒါက နှိပ်တာထက်တော့ အများကြီး ပိုကောင်းမှာ သေချာတယ် “ ချင်းချမ်သည် အိမ်ရာပေါ်တွင် ရဲ့ချန်နှင့် အချစ်ပွဲနွဲမည့်အကြောင်း စိတ်ကူးယဉ်နေတော့သည်။
သူ၏လက် အကွက်တစ်ခုတည်းဖြင့်ပင် သူမကို အကြိမ်များစွာ အထွတ်ထိပ်ရောက်အောင် လုပ်ပေးနိုင်ခဲ့သည်။ သိုဆိုလျှင် အိပ်ရာပေါ်တွင်ရော မည်သို့ ရှိမည်နည်း။ ရဲ့ချန်၏စွမ်းရည်က အိပ်ရာပေါ်တွင် သူမကို ချက်ချင်း အသက်ထွက်အောင်တော့ မလုပ်တန်ကောင်းပါရဲ့။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now