အခန်း (၅၄) ရဲ့ချန် အဖမ်းခံရခြင်း

316 24 0
                                    

ရဲ့ချန်တစ်ယောက် စွေ့ချီနှင့် လင်းရို့ချီအား သူတို့တည်းသောဟိုတယ်ဆီသို့ လိုက်ပို့ပေးနေသည်။ စွေ့ချီက ရဲ့ချန်အပေါ်ထားသော သဘောထားများဟာ ပြောင်းလဲလာပြီဖြစ်၍ လမ်းမအပေါ်သို့ ရောက်ရှိလာသောအခါ ရဲ့ချန်အကြောင်းကို စတင်မေးမြန်းတော့သည်။

ရှစ်မီးနစ်ခန့် ကြာပြီးသော် ရဲ့ချန်​၏ကားလေးဟာ ဟိုတယ်ရှေ့သို့ ရောက်ရှိလာသည်။ ထို့နောက် စွေ့ချီတို့သားအမိဟာ ကားပေါ်က ဆင်းသည်။

စွေ့ချီ " ရဲ့ချန်... အန်တီတို့ကို လိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ် " သူမက ကျေးဇူးတင်စကား ပြောရှာသည်။

ရဲ့ချန် " ကိစ္စမရှိပါဘူး အန်တီ။ အန်တီတို့ လုံခြုံရေးအတွက် လိုက်ပြီး စောင့်ရှောက်ပေးရမှာက ကျွန်တော့် တာဝန်ပါ "

ကျေးဇူးတင်စကားပြောပြီးနောက် စွေ့ချီဟာ ဟိုတယ်ထဲသို့ အရင်ဆုံး လှည့်ဝင်သွားတော့သည်။ လင်းရို့ချီကတော့ ရဲ့ချန်အနားသို့ အသာအယာ ချည်းကပ်ကာ  လေသံတီးတိုးဖြင့် နား,နားကပ်၍ ပြောလိုက်သည်။

လင်းရို့ချီ " ရဲ့ချန်... ငါ့ရဲ့ပြဿနာတွေကို ကူပြီး ဖြေရှင်းပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ နင့်ရဲ့အကူအညီအတွက် ငါအကြွေးတင်သွားပြီ " ထိုသို့ပြောပြီး သူမက ရုတ်တရက် ရဲ့ချန်​၏ပါးကို အနမ်းတစ်ချက် ပေးလိုက်တော့သည်။ ထို့နောက်  ဘာမှမပြောတော့ဘဲ သူမအမေဝင်သွားသော ဟိုတယ်ထဲသို့ ခြေလှမ်းကြဲကြီးဖြင့် လိုက်သွားတော့သည်။

ရဲ့ချန်လည်း လင်းရို့ချီက ထိုသို့ ရုတ်တရက် အနမ်းပေးလိမ့်မည်ဟု မျှော်လင့်မထားပေ။ ယင်းက သူ့အတွက် လက်ဆောင်ပင် ဖြစ်ချိမ့်မည်။ သူလည်း လင်းရို့ချီထွက်သွားရာဆီသို့ ငေးကြည့်နေမိတော့သည်။ ၎င်းက ရည်းစားအဖြစ် ဟန်ဆောင်နေသည်ဖြစ်တောင်မှ ထိုဘဝလေးကို ရဲ့ချန် နှစ်သက်မိပါသည်။

ထို့နောက် ရဲ့ချန်ဟာ ပြိုင်ကားလေးကို မီးခိုးများထွက်အောင် မောင်း၍ စံအိမ်ကြီးဆီသို့ ပြန်သွားတော့သည်။

လင်းရို့ချီကတော့ သူမအမေနောက်သို့ လိုက်လာရင်း မျက်နှာမှာ ရဲရဲနီနေတော့သည်။ အကြောင်းပြချက် တချို့ကြောင့် သူမက ရဲ့ချန်အား အနမ်းပေးမိလိုက်သည်။ ယင်းက ရဲ့ချန်​၏ပါးကိုသာ နမ်းခြင်းဖြစ်သော်လည်း သူမမှာ အတော်လေး ရှက်ရွံ့မိသည်။ သူမအတွက်တော့ ထိုကိစ္စမျိုးက လုံးဝ အတွေ့အကြုံမရှိပေ။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now