အခန်း (၄၇) လေလံပွဲ

301 29 0
                                    

ရဲ့ချန်နှင့် လျှို့ယွဲ့တိုဟာ အခန်းထဲမှ ထွက်လာကြပြီး ကားပါကင်ဆီသို့ လျှောက်လာကြသည်။ လေလံပွဲပြုလုပ်သော အဆောက်အဦးဟာ ဤနေရာနှင့် အနည်းငယ် ကွာဝေးပေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်ဟာ ပိုမိုမြန်ဆန်စေရန် ကားကိုအသုံးပြုခြင်း ဖြစ်သည်။

ကားပါကင်သို့ ရောက်လာသောအခါ လျှို့ယွဲ့က သူမကားရှိရာသို့ ရဲ့ချန်ကို ခေါ်လာသည်။ လျှို့ယွဲ့​၏ကားကြီးက လမ်ဘော်ဂနီ ဗွီနီနို ကားကြီးတစ်စီးပင် ဖြစ်သည်။ ယင်းကားကြီးဟာ ယနေ့ခေတ် ကမ္ဘာ့စျေးအကြီးဆုံးကားများအနက် တစ်စီးပင် ဖြစ်သည်။

" ရဲ့ချန်... အထဲဝင်ဟ။ ဒီလိုမှ မဟုတ်ရင် နောက်ကျသွားလိမ့်မယ် " လျှို့ယွဲ့က ရဲ့ချန်အား အထဲမြန်မြန်ဝင်ဖို့ လောဆော်လိုက်သည်။

ရဲ့ချန်လည်း ကားထဲသို့ ဝင်လာသောအခါ အတွင်းပိုင်း အပြင်အဆင်များဟာ အလွန်ပဲ ခမ်းနားလှ၍ သန့်ရှင်းသပ်ရပ်ကာ အေးမြနေကြောင်း တွေ့လိုက်ရ​၏ ။ ရဲ့ချန်လည်း ယခင်က ဤကဲ့သို့ ဇိမ်ခံကားကြီးအား တစ်ခါမှ မစီးဖူးပေ။ အတိတ်ကရဲ့ချန်ဟာ အင်မတန်ဆင်းရဲလှသောကြောင့် ဤကားမျိုးကို စီးဖူးဖို့နေနေသာသာ ထိတောင် မထိဖူးချေ။

ထို့နောက် လျှို့ယွဲ့ဟာ ကားကို စတင်မောင်းနှင်လိုက်ပြီး လေလံပွဲတည်ရှိရာ အဆောက်အဦးဆီသို့ ဦးတည်လိုက်တော့သည်။

ကံကောင်းစွာပင် လေလံကျင်းပရာနေရာကား လျှို့ကော်ပိုရေးရှင်း​၏ ဌာနချုပ်နှင့် သိပ်ပြီး အလှမ်းအဝေးချေ။

မီးနစ်အနည်းငယ်အတွင်း ရဲ့ချန်တို့မောင်းလာသော ကားဟာ လေလံပွဲတည်နေရာ​၏ ကားပါကင်များဆီသို့ ရောက်လာသည်။ ထိုနေရာတွင်ထိုးထားသော ကားများအားလုံးနီးနီးဟာ ဇိမ်ခံကားများဖြစ်ကြောင်း ရဲ့ချန် မြင်လိုက်ရသည်။ တန်ဖိုးအနည်းဆုံးကားတောင်မှ ဒေါ်လာရာပေါင်းများစွာ တန်ဖိုးရှိပေသည်။

ယင်းတို့က လေလံပွဲကို တက်ရောက်သောသူတို့​၏ကားများ ဖြစ်ပုံရသည်။ ထိုလူတွေကျတော့လည်း တကယ့်ကို ချမ်းသာလွန်းပေ​၏ ။

" အထဲ သွားရအောင် " လျှို့ယွဲ့က ကားအား ပါကင်ထိုးပြီးနောက် ရဲ့ချန်နှင့်အတူ အဆောက်အဦးထဲသို့ ဝင်သွားတော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now