အခန်း (၁၁၅) ချောင်ယမ်ယမ်၏ အိပ်ခန်းထဲ ခိုးဝင်ခြင်း

356 17 0
                                    

ရဲ့ချန်၊ ချောင်ယမ်ယမ်နှင့် စွေ့ချီတို့သည် အလှည့်ပေါင်းများစွာ ဖဲကစားနေကြသည်။ ချောင်ယမ်ယမ်နှင့် စွေ့ချီတို့က ဖဲကစားနေသောအချိန်တွင် အလွန်တရာ စိတ်လှုပ်နေပုံ ပေါ်သည်။ သူတို့နှစ်ယောက်စလုံးက ရဲ့ချန်ကို အနိုင်ရရှိရန် အပြင်းအထန် ကြိုးစားနေကြသည်။

" ကျွီ... " အခန်းတံခါးက ပွင့်လာသည်။

ဖဲကစားနေသော လူသုံးဦးက မသိစိတ်အရ ပွင့်လာသော တံခါးဆီသို့ အကြည့်ရောက်သွားကြသည်။

လင်းရို့ချီက ရေချိုး၍ ပြီးစီးသွားပြီး ညဝတ်အင်္ကျီပင် လဲလှယ် ဝတ်ဆင်ထားပြီပြီ ဖြစ်သည်။

ရဲ့ချန်နှင့် လင်းရို့ချီတို့က မထင်မှတ်ဘဲ အကြည့်ချင်း ဆုံမိသွားကြသည်။ လင်းရို့ချီက သူမ​၏အကြည့်ကို အဝေးသို့ ချက်ချင်း လွဲလိုက်သည်။ ထို့နောက် သူမ​၏ဦးခေါင်းကို ရှက်ရွံ့စွာ ကုတ်နေလိုက်တော့သည်။

" ရို့ချီ ဒီကိုလာ " စွေ့ချီက လင်းရို့ချီကို ဖဲချပ် အတူကစားရန် ခေါ်လိုက်သည်။

" အမ ရို့ချီ ညီမလေးတို့နဲ့ ဖဲအတူလာ ကစား၊ ဒါက အရမ်း ပျော်ဖို့ကောင်းတယ် သိလား " ချောင်ယမ်ယမ်ကလည်း လင်းရို့ချီကို ဖဲအတူကစားရန် ခေါ်လိုက်သည်။

လင်းရို့ချီက ရှက်ရှက်နှင့် စွေ့ချီဆီသို့ လျှောလာပြီး ဘေးတွင် ဝင်ထိုင်လိုက်သည်။

ယခု လင်းရို့ချီကလည်း ဖဲ ဝင်ကစားနေပြီ ဖြစ်သည်။ သို့သော် ရဲ့ချန်နှင့် လင်းရို့ချီတို့​၏ အလှည့်ရောက်တိုင်း လေထုက ကို့ယို့ကားယား ဖြစ်ဖြစ် သွားသည်။

ဖဲချပ်များကို ညည့်နက်သည်အထိ အချိန်အတော်ကြာအောင် ကစားနေကြသည်။

စွေ့ချီက နံရံပေါ်က နာရီကို တစ်ချက်ကြည့်လိုက်ရာ နာရီက ည ၁၁ နာရီကို ညွှန်ပြနေသည်ကို မြင်လိုက်ရသည်။ သူမတို့ ကစားပွဲက မနက်ဖြန် မနက်ပင် ရောက်ရှိလာတော့မည် ဖြစ်သည်။ " အားလုံးပဲ တော်ရအောင် "

" ခဏလေး ... ရဲ့ချန်က ဘယ်နေရာမှာ အိပ်မှာလဲ " ချောင်ယမ်ယမ်က ရုတ်တရက် ထမေးလိုက်သည်။ အပြင်ဘက်တွင် မိုးက ရွာနေဆဲပင် ရှိသေးသည် မဟုတ်ပါလား။ ထို့ကြောင့် ရဲ့ချန်က အိမ်ပြန်ရန် အကြောင်းပြစရာ မရှိတော့ပေ။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now