အခန်း (၁၃၆) ဂျမ်မော့ရှီ

234 15 0
                                    

" ကျုပ်တို့ ဘယ်ကိုသွားမှာလဲ " ရဲ့ချန်သည် ရှားချင်ယု သွားလိုသော နေရာကို မေးလိုက်​၏။

" ကြယ်နီအဆောက်အဦးဆီ မောင်း " ရှားချင်ယုက သူမသွားလိုသော နေရာကို ပြောလိုက်သည်။

ကြယ်နီအဆောက်အဦးသည် နောက်ဆုံးပေါ် ပစ္စည်း အကောင်းစားများ နှင့် ဂီတဆိုင်ရာ ဝန်ဆောင်မှုများကို စီစဉ်ပေးသော အဆောက်အဦး ဖြစ်​၏။

ထို့နောက် ရဲ့ချန်သည် ကြယ်နီအဆောက်အဦးဆီသို့ ဦးတည် မောင်းနှင်လာသည်။ အစကနေ အဆုံးထိ မည်သူမျှ စကားမပြောကြသောကြောင့် လေထုက ပရမ်းပတာ ဆန်နေ​၏။ ရှားချင်ယုက သူမ လက်ထဲက စာရွက်စာတန်းများကိုသာ ဖတ်ရှုနေသည် မဟုတ်ပါလား။

ရှားချင်ယုသည် အလုပ်ကိုသာ တစိုက်မတ်မတ် ဖိလုပ်နေ​၏။ သူမ​၏ပုံစံသည် တစ်စုံတစ်ယောက်က အနှောက်အယှက် ပေးမည်ကို လုံးဝ နှစ်သက်ပုံ မရချေ။

မိနစ်အနည်းငယ်အတွင်း ရဲ့ချန်တို့သည် ကြယ်နီအဆောက်အဦးဆီသို့ ရောက်ရှိလာကြ​၏။ ဤနေရာတွင် လူပေါင်းများစွာက အဆောက်အဦးထဲသို့ ဝင်ချည်ထွက်ချည်းဖြင့် ပျားပန်းခပ် လှုပ်ရှား သွားလာနေကြသည်။

ထိုဝင်ထွက်သွားလာနေသော လူအများစုသည် ကုမ္ပဏီက အလုပ်သမားများပင် ဖြစ်ကြ​၏။ သူတို့က ဤနေရာသို့ မိတ်ဆွေများဖြင့် အတူ စိတ်ညစ်မှုများကို ဖြေလျော့ရန် အရက်သောက်ခြင်း၊ အစားစားခြင်း၊ ကာရာအိုကေ သီချင်းများ သီကြခြင်း စသည်တို့ကို လာရောက် လုပ်ဆောင်ကြသည်။

ထို့နောက် ရဲ့ချန် နှင့် ရှားချင်ယုတို့သည် အဆောက်အဦး​၏ အပေါ်ဆုံးအထပ်သို့ တက်လာကြ​၏။

အပေါ်ဆုံး အလွှာတွင် VVIP အခန်းများ ရှိပေသည်။ ထိုအခန်းများ​၏ဈေးနှုန်းသည် ဤနေရာတွင် ဈေးအကြီးဆုံး ဖြစ်​၏။

ရှားချင်ယု နှင့် ရဲ့ချန်တို့သည် နံပါတ်ငါးအခန်းထဲသို့ ဝင်ရောက်လာကြသည်။ သူတို့နှစ်ယောက်စလုံး အခန်းထဲသို့ ဝင်လာသောအခါ ထိုနေရာတွင် အသက် ၂၃ နှစ် ဝန်းကျင်ခန့် ရှိသော လူငယ်တစ်ဦးက ရှားချင်ယု ရောက်လာမည့် အချိန်ကို စောင့်စားနေကြောင်း မြင်လိုက်ရ​၏။ ထိုလူငယ်​၏နောက်တွင် နေကာမျက်မှန်များ နှင့် အနက်ရောင် ကုတ်အင်္ကျီများ ဝတ်ဆင်ထားသော သက်တော်စောင့် ငါးယောက်က မတ်တပ်ရပ်နေသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now