အခန်း (၈၇) သီချင်း၏ ကျိန်စာ

259 12 0
                                    

" မင်း ဘာကို စောင့်နေတာလဲ၊ ငါတို့ သခင်လေးကို မြန်မြန် လွှတ်ပေးလိုက်၊ မဟုတ်ရင် ဒီကောင်မလေး သေသွားလိမ့်မယ်နော် " လီဟန်က ခြိမ်းခြောက်လိုက်သည်။

ရဲ့ချန်က ယွင်ဟောက်ကို လွှတ်မပေးချေ။ " ယမ်ယမ်... နင်ရဲ့ လေ့ကျင့်ခဲ့တဲ့ ရလဒ်တွေ ဘာလို့ ထုတ်မပြသေးတာလဲ "

ယခုအချိန်တွင် ချောင်ယမ်ယမ်​၏စွမ်းအားက လီဟန်နှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိပေသည်။

" သေပါပြီဗျ... " လီဟန်က နာကျင်မှုကြောင့် ငိုသံပါကြီးနှင့် အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလေသည်။ သူ​၏မျက်နှာက ပြာနှမ်းသွားပြီး ပေါင်ကြားထဲကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထားလေသည်။

ချောင်ယမ်ယမ်က လီဟန်​၏သေကွင်းသေကွက်ကို ဖနောင့်ဖြင့် နောက်ပြန် ကစ်လိုက်ခြင်းပင် ဖြစ်သည်။ ရဲ့ချန်တောင် ချောင်ယမ်ယမ်​၏လုပ်ရပ်ကိုကြည့်ပြီး အနည်းငယ် တုန်ယင်သွားလေသည်။

ချောင်ယမ်ယမ်က ဤတိုက်ကွက်ကို မည်သည့်နေရာက သင်ယူလာသနည်း။ " ယမ်ယမ်... နင့်ဟာကြီးက မလွန်လွန်းဘူးလား၊ အဲ့ဒါ ဘယ်က သင်လာတာလဲ "

" မမယွဲ့ချန် သင်ပေးတာလေ၊ သူက ပြောတယ်၊ ဒါက ယောက်ျားတွေ အကုန်လုံးရဲ့ အားအနည်းဆုံးနေရာတဲ့ " ချောင်ယမ်ယမ်က အပြစ်ကင်းစင်သော အပြုံးလေးဖြင့် ပြောလိုက်တော့သည်။

ရဲ့ချန်​က ခေါင်းကိုသာ ခါယမ်းလိုက်တော့သည်။ ချူးယွဲ့ချန်က သူမကို အင်မတန့် အင်မတန် ထူးခြားသော အကွက်ကို သင်ပေးလိုက်ပုံ ပေါ်သည်။

" ဟေ့ကောင်... မင်း ငါ့ကို အခုချက်ချင်းလွှတ်၊ အေး... ဒီလိုမှ မဟုတ်ရင် မင်းမိသားစုတစ်စုလုံးကို ဒီကမ္ဘာပေါ်ကနေ ထာဝရ ပျောက်ကွယ်သွားအောင် လုပ်ရလိမ့်မယ် " ယွင်ဟောက်တွင် ရဲ့ချန်ကို ခြိမ်းခြောက်ရဲ့သည့် သတ္တိ ရှိနေသေးသည်။

" ဖောင်း... " ပါးရိုက်သံကြီးတစ်သံက ရိုက်ဟည်း၍ ထွက်ပေါ်လာသည်။

" မင်းက အခုချိန်ထိ မမှတ်သေးဘူး... ဟမ်၊ အသား ထပ်နာချင်နေတာလား... ဟုတ်လား " ရဲ့ချန်က ယွင်ဟောက်​၏ပါးကို အချက်ပေါင်းများစွာ ရိုက်လိုက်တော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now