အခန်း (၁၇၄) ရှားချင်ယုကို နမ်းခြင်း

254 13 0
                                    

“ ငါတောင်းပန်ပါတယ်ဟာ၊ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါနော် “ ရှာချင်ယု၏ အေးစက်စက် အမူအရာက ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ယခု သူမ၏အမူအရာတွင် ကြောက်လန့်မှုတို့ အစားထိုးနေပြီ ဖြစ်သည်။
“ မင်းတောင်းပန်တာက နောက်ကျလွန်းနေပြီ “ ရဲ့ချန်က သူမ၏နားရွက်လေးအနားသို့ ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
ထိုအသံကို ကြားပြီးနောက် ရှားချင်ယု၏ခန္ဓာကိုယ်က ပျော့ခွေသွားပြီး နှလုံးခုန်သံများကလည်း တဒိန်းဒိန်း ဖြစ်လာတော့သည်။ သူမသည် ခံစားချက်များက အတော်လေး မသက်မသာ ဖြစ်လာသည်ဟု ခံစားလိုက်ရ၏။
“ ငါ့ကို … ငါ့ကို သူဘာလုပ်မလို့ ပါလိမ့်၊ ငါ့ခန္ဓာကိုယ်ကလည်း ဘာဖြစ်လို့ မသက်မသာ ခံစားနေရတာလဲ “ ရှားချင်ယုသည် ဤကဲ့သို့သော ခံစားမှုမျိုးကို ယခင်က တစ်ခါမျှ မခံစားဖူးခဲ့ပေ။
ရဲ့ချန်က ဘုရင့်နှလုံးသား ကျင့်စဉ်ကို အသုံးပြုပြီး ရှားချင်းယုဆီက ယင်ချီများကို စုပ်ယူလိုက်လေသည်။
ထို့နောက် ရဲ့ချန်သည် ရှားချင်ယု၏ ချိုမြိန်မည့် နှုတ်ခမ်းလေးကို ကြည့်ရင်း ထိန်းမထားနိုင်တော့ပေ။
ရဲ့ချန်က ရှားချင်ယု၏ ချယ်ရီရောင် နှုတ်ခမ်းလေးကို ချက်ချင်း အနမ်းပေးလိုက်တော့သည်။
“ အွန်း … အွန်း … အု … အု … “ ရှားချင်ယု မျက်လုံးများ ပြူးကျယ် သွားလေသည်။ ယခုလို ယောက်ျားတစ်ယောက်က သူမကို အနမ်းနေသည့် အဖြစ်အား လုံး၀ မယုံကြည်နိုင် ဖြစ်နေလေသည်။
ယင်းသည် ပထမဆုံးကြိမ်အဖြစ် ရှားချင်ယုအတွက် ယောက်ျားလေးတစ်ယောက်နှင့် အနမ်းပေးဖူးခြင်း ဖြစ်သည်။ အနမ်းပေးရသည့် ခံစားချက်က အလွန်တရာ ထူးခြားဆန်းကြယ် လှပေသည်။ ရှားချင်ယုသည် အနမ်း၏လှိုင်းဒဏ်အောက်တွင် နည်းနည်းချင်း နည်းနည်းချင်း နစ်မြှပ်သွားလေသည်။
ရှားချင်ယုက အနမ်းတိုက်ပွဲအား မငြင်းဆန်သည်ကို ကြည့်ရင်း ရဲ့ချန်က ပို၍ပင် အတင့်ရဲလာတော့သည်။ သူက သူ၏နွယ်ပင်လေးကို ထုတ်ပြီး ရှားချင်ယု၏ နွယ်ပင်လေးကို ရှာပုံတော် ဖွင့်လိုက်လေသည်။
“ အင် … အင်း … ဟင့်အင်း … “ ရဲ့ချန်၏နွယ်ပင်ဆီက လာရောက် မိတ်ဆက်မှုကို ရှားချင်ယုက သူမ၏ဦးခေါင်းကို ခါယမ်းပြီး ငြင်းဆန်လိုက်၏။
ရဲ့ချန်က အတင်းဖိအားပေးပြီး အထဲသို့ ရအောင် ထည့်လိုက်တော့သည်။ နောက်ဆုံးတော့ ရဲ့ချန်က ရှားချင်ယု၏နွယ်ပင်လေးကို ဖမ်းမိသွားပြီ ဖြစ်၏။
ရှားချင်ယုက ရဲ့ချန်၏လျှာကို ကိုက်ပစ်ရန် တွေးမိသေးသည်။ သို့သော် ယနေ့ ထိုအနမ်းအတွက် သူမ စတင် သာယာသွားမိပြီ ဖြစ်သည်။
ရှားချင်ယုသည် ဤမျှ ပျော်စရာ ကောင်းသည့် အရာမျိုးကို တစ်ခါမျှ မခံစားဖူးခဲ့ချေ။ ထိုအနမ်း၏သာယာမှုက သူမအတွက် ကမ္ဘာသစ်တစ်ခုကို ရှာတွေ့သွားသလို ဖြစ်နေသည် မဟုတ်ပါလား။
ရှားချင်ယုသည် ရဲ့ချန်နှင့်အတူ ပူးပေါင်း လုပ်ဆောင်လာပြီ ဖြစ်သည်။ သူမက သာယာမှုများကို ထို့ထက်ပို၍ လိုချင်နေသည် မဟုတ်ပါလား။
ရဲ့ချန်သည် ရှားချင်ယုက ဤကဲ့သို့ ရမ္မက်ထန်သည့် မိန်းမတစ်ယောက် ဖြစ်နေမည်ဟု ထင်မထားခဲ့ချေ။ နောက်ဆုံးတော့ ရှားချင်ယု တပ်ထားသည့် မျက်နှာဖုံးကလည်း ကွာကျသွားပြီ ဖြစ်၏။
ယခုတော့ ရဲ့ချန်က အလွန်တရာ လှပသည့် ရှားချင်ယု၏ မျက်နှာအစစ်လေးကို မြင်တွေ့ခွင့် ရသွားပြီ ဖြစ်၏။
ရဲ့ချန်သည်လည်း ထိုအရာကို အလွန်အမင်း နှစ်သက်လာတော့သည်။ ထို့နောက် ရဲ့ချန်က သူ၏လက်နှစ်ဖက်ကို ရှားချင်ယု၏ အတော်လေး ဖွံ့ဖြိုးနေသည့် ယုန်နှစ်ကောင်ပေါ်သို့ တင်လိုက်တော့သည်။
“ အ … “ ရှားချင်ယု၏ ညည်းညူသံလေးက ပွင့်ထွက်လာခဲ့သည်။ သူမ၏မျက်နှာလေးကလည်း ပန်းသီးတစ်လုံးကဲ့သို့ ရဲရဲနီနေတော့သည်။ သူမက ရဲ့ချန် ပေးစွမ်းသည့် သာယာမှုအောက်တွင် အမှန်တကယ် နစ်၀င်သွားပြီ ဖြစ်သည်။
ရှားချင်ယုသည် ပြန်လည် ရုန်းကန်ရန်ပင် ခွန်အား မရှိတော့ပေ။ ထို့ကြောင့် သူမက ရဲ့ချန်ဆီက ကျူးကျော်၀င်ရောက်မှုကို လက်ခံလိုက်ရန်သာ တတ်နိုင်တော့သည်။
လောလောဆယ် ရှားချင်ယု၏၀မ်းဗိုက်က ရဲ့ချန်၏ပေါင်နားတဝိုက်တွင် ရှိနေသည်။ ထို့ကြောင့် သူမက သူမ၏၀မ်းဗိုက်ကို လာထောက်နေသည့် တစ်စုံတစ်ခုကို ခံစားနေရသည် မဟုတ်ပါလား။
ရှားချင်ယုက ထိုအရာကြီးက ဘာဖြစ်မှန်း သိမည်မှာ သေချာ၏။ “ အကြီးကြီးပဲ “ သူမ၏စိတ်ထဲတွင် ထိုစကားလုံးတစ်လုံးသာ ရှိတော့သည်။
ရှားချင်ယုသည် ရဲ့ချန်၏ညီတော်မောင်ကြီးက ဤမျှ ကြီးမားလိမ့်မည်ဟု မျှော်လင့်မထားပေ။ ထိုအရာ၀တ္တုကြီးသာ သူမ၏ခန္ဓာကိုယ်ထဲ ထည့်လိုက်လျှင် မည်သို့ ရှိမည်နည်း။
လျှို့ယွဲ့၏ ကျီစယ်ခြင်းကို ခံပြီးကတည်းကနေ ခုချိန်ထိ ရဲ့ချန်၏ရာဂ စိတ်များက ထက်သန်နေဆဲသာ ရှိသေး၏။
ရဲ့ချန်က အဆက်မပြတ် အနမ်းပေးရင်း ရှားချင်ယု၏ တောင်ဘို့ကြီးနှစ်လုံးကိုလည်း ကစားနေပေသည်။ သူမဆီက ရရှိသည့် ယင်ချီများသည် ယင်ယန်လေ့ကျင့်ခြင်းနဲ့ပင် နှိုင်းယှဉ်နိုင်၏။
ရဲ့ချန် သိချင်စိတ် ပြင်းပြသွား၏။ ရှားချင်ယုနဲ့များ ယင်ယန် လေ့ကျင့်လျှင် မည်မျှ များပြားသည့် အကျိုးကျေးဇူးများကို သူ ရရှိမည်နည်း။
ရှားချင်ယုက အသက်ပင် အနိုင်နိုင် လုရှူနေရသည့် အချိန်ကျမှ ရဲ့ချန်က သူမကို လွှတ်ပေးလိုက်၏။
“ ရှားချင်ယု၊ မင်းက အရမ်းလှတာပဲ၊ ငါ မင်းကို အရမ်း ချစ်တယ် “ ရဲ့ချန်က သူ၏ရင်ထဲကနေ ပြောလိုက်ခြင်း ဖြစ်သည်။
ရှားချင်ယုက ရဲ့ချန်၏စကားများကို တုန့်ပြန်မှု မရှိပေ။ သူမက သူမ၏မျက်နှာကို တစ်ဖက်သို့ ရှက်ရွံ့စွာ လွှဲဖယ်ထား၏။
ရှားချင်ယုက သူ၏စကားများကို မသိကျိုးကျွံ ပြုနေသည်ကို မြင်ပြီး ရဲ့ချန် ဘ၀င်မကျ ဖြစ်သွားလေသည်။ ထို့ကြောင့် ရဲ့ချန်က သူမ၏အင်္ကျီကို ချွတ်ပစ်ရန် ဟန်ပြင်လိုက်သည်။
“ ရဲ့ချန်၊ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါနော်၊ ငါမှားမှန်းလည်း ငါသိပါပြီဟာ၊ နင့်ကို နောက်တစ်ခါ အလုပ်ထုတ်မယ်ဆိုတဲ့ အကြောင်း လုံး၀ မပြောတော့ပါဘူးနော် “ ရှားချင်ယုက အနိုင်ကျင့် ခံနေရသည့် ကလေးမလေး တစ်ဦးသဖွယ် ငိုယိုနေတော့သည်။
ငိုယိုနေသည့် ရှားချင်ယုကို ကြည့်ရင်း ရဲ့ချန်သည် သူတို့နှစ်ဦးက ဝေးကွာသွားသည်ဟု ခံစားလိုက်ရ၏။
“ ကောင်းပြီလေ၊ မင်းအစောက ပြောခဲ့တဲ့စကားကို မှတ်ထားပါ၊ နောက်ကျ ငါ့ကို အလုပ်ထုတ်မယ်ဆိုတဲ့အကြောင်း ထပ်ပြောရဲလို့ကတော့ ငါ မင်းကို အိပ်ရာဆီခေါ်သွားပြီး ငါ့မိန်းမ လုပ်ခိုင်းပစ်မယ် ” ရဲ့ချန်က သတိပေးလိုက်၏။
ရဲ့ချန်သာ ဤသို့ အပေါ်စီးက ပြောဆိုဆက်ဆံခြင်း မပြုလျှင် ရှားချင်ယုက ယခင်အတိုင်း သူ့ကို ခြိမ်းခြောက်မြဲ ခြိမ်းခြောက်နေမည်မှာ သေချာသလောက် ရှိ၏။
ရဲ့ချန်က ထိုအေးစက်စက် မိန်းကလေးကို သတိပေးစကား ပြောပြီးနောက် အခန်းအပြင်ဘက်သို့ ထွက်ခွာသွားလေသည်။
ရဲ့ချန်၏ပုံရိပ် ပျော်ကွယ်သွားပြီးနောက် ရှားချင်ယုတစ်ယောက် ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်၏။ သူမ၏နှလုံးခုန်သံကလည်း တအုန်းအုန်း မည်ဟီးနေ၏။ ယခု သူမ၏ခံစားချက်များက ရှုပ်ယှက်ခတ်နေသည်။ တစ်ဖက်တွင် ရဲ့ချန်ဆီက ထူးခြားဆန်းကြယ်သည့် ခံစားချက်တစ်ခုကို သူမ ခံစားခဲ့ရ၏။ အခြားတစ်ဖက်တွင် သူမ၏ရင်ထဲကအထိ ရဲ့ချန်ကို မုန်းတီးမိ၏။
ရှားချင်ယုသည် သူမ၀တ်ထားသည့် အတွင်းခံလေးကို တစ်ချက် စမ်းကြည့်လိုက်သည်။ ကြည့်ရသည်မှာ အတွင်းခံက အတော်လေး စိုရွှဲနေပုံ ရ၏။ ရှားချင်ယုသည် သူမကိုယ်သူမ အလွန်ရာဂ ကြီးသည့် မိန်းမတစ်ယောက်ဟု မြင်ပြီး ရှက်ရွံ့သွားလေသည်။
“ ဒါတွေအကုန်လုံးက ဟိုကောင့်ရဲ့ အမှားပဲ၊ အဲကိစ္စကို သူ တာ၀န်ယူရမယ် “ ရှားချင်ယုသည် ရဲ့ချန် လုပ်ခဲ့သော အရာများကို အပြစ်ထိုင်တင်နေလေသည်။
ရှားချင်ယုသည် သူမ၏အခန်းထဲက ရေချိုးခန်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။ သူမက အရည်များ စိုရွှဲနေသည့် အတွင်းခံကို လဲချင်နေသည် မဟုတ်ပါလား။
ရဲ့ချန်သည် ကုမ္ပဏီ အဆောက်အဦထဲကနေ အလွန်တရာ လန်းဆန်းသည့် ခံစားချက်နှင့်အတူ ထွက်လာခဲ့၏။ သူသည် ရာဂကြီးသည့် ရှားချင်ယု၏ပုံစံကို မြင်ခဲ့ရသောကြောင့် အတော်လေး ကျေကျေနပ်နပ် ဖြစ်နေသည်။
ထိုမိန်းကလေး၏ အေးစက်စက် ပုံစံ၏ အခြားတစ်ဖက်က ပုံစံသည် ရာဂကြီးသည့် ပုံစံ ဖြစ်၏။ မည်သို့ဆိုစေ ရဲ့ချန်ကတော့ သူမဆီက ယင်ချီ အမြောက်အမြားကို စုပ်ယူနိုင်ခဲ့သည် မဟုတ်ပါလား။
ဤနေရာတွင် ရဲ့ချန်အတွက် လုပ်စရာ ဘာမျှ မရှိတော့ပေ။ ထို့ကြောင့် သူက အိမ်သို့ ပြန်ပြီး လေ့ကျင်ခန်းများလုပ်ရန် စိတ်ကူးရမိသည်။
ရဲ့ချန်သာ် အဘိုးဖြစ်သူ၏ သူငယ်ချင်းထံ အလည်မသွားရသေးမှန်း သတိရလာသည်။ စင်စစ် ရဲ့ချန် မသွားလိုပေ။ သို့သော်လည်း ထိုလူက အဘိုးဖြစ်သူ၏ သူငယ်ချင်း ဖြစ်နေသေးသည် မဟုတ်ပါလား။ ထို့ကြောင့် သူက သွားတော့ တွေ့ဖြစ်အောင် တွေ့ရပေမည်။
ရဲ့ချန်သည် အဘိုးဖြစ်သူ၏ သူငယ်ချင်း ပေးထားခဲ့သည့် လိပ်စာအတိုင်း ထွက်လာခဲ့သည်။ အဘိုးဖြစ်သူ၏သူငယ်ချင်း နေထိုင်ရာ အိမ်ကို ရှာဖွေရန် အချိန်တော့ လိုအပ်သေးသည်။
လမ်းတွင် တွေ့သော လူအချို့ကို မေးမြန်းပြီး နောက်ဆုံးတော့ အဘိုးဖြစ်သူ၏သူငယ်ချင်း နေထိုင်ရာ အိမ်ကြီးကို ရဲ့ချန် တွေ့လိုက်ရ၏။
အဘိုးဖြစ်သူ၏ သူငယ်ချင်း နေထိုင်သည့် အိမ်ကြီးက အတော်လေး ကြီးမားလှသည်။ ထိုအိမ်ကြီး၏ အရွယ်အစားက အလျား ၁၅၀၊ အနံ ၂၀၀ မီတာ စကွဲယားခန့် ရှိပြီး အ်ိမ်အပြင်အဆင်များကလည်း အလွန်တရာ ကောင်းမွန်လှချေသည်။
ရဲ့ချန်သည် အဘိုးဖြစ်သူတွင်  အလွန် ချမ်းသာသည့် သူငယ်ချင်းတစ်ယောက် ရှိသည်ဟု တစ်ခါမျှ မကြားဖူးခဲ့ပေ။
သူ့တွင် အလွန်တရာ ချမ်းသာသည့် သူငယ်ချင်းတစ်ယောက် ရှိနေသည်ဆိုလျှင် ဤမြို့တွင် အလုပ်ရှာရန်အတွက် အဘယ်ကြောင့် အကူအညီ မတောင်းရသနည်း။ ဤမျှ ကြီးမားသည့် အိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်သော ပိုင်ရှင်တစ်ယောက် အနေဖြင့် သူ့တွင် စီးပွားရေးလုပ်ငန်း တစ်ခုခုတော့ ရှိနေမည်မှာ သေချာ၏။
ရဲ့ချန်က ထိုအတွေးများကို ချက်ချင်း မောင်းထုတ်ပစ်လိုက်၏။ သူက အဘိုးဖြစ်သူ၏ သူငယ်ချင်းနှင့် တွေ့ရုံသာ တွေ့လိုသည် မဟုတ်ပါလား။
“ တင်းတောင် … “ ရဲ့ချန်က အပေါက်၀တွင် တပ်ထားသည့် ဘဲလ်ကို နှိပ်လိုက်သည်။
မိနစ်အနည်းငယ်ခန့် ကြာပြီးသော် အစောင့်တစ်ယောက်က တံခါးလာဖွင့်ပေးသည်။ “ မိတ်ဆွေ၊ ဒီနေရာကို ဘာအလိုရှိလို့ လာတာလဲ ခင်ဗျာ့ “ ထိုအစောင့်က ရဲ့ချန် ဤနေရာသို့ လာရင်း ရည်ရွယ်ချက်အား ချက်ချင်း မေးမြန်းလိုက်၏။
“ ကျုပ်ဒီကိုလာတာ ဒီအိမ်ပိုင်ရှင်နဲ့ တွေ့ချင်လို့ပါ၊ သူ အထဲမှာလား “ ရဲ့ချန်က ယဉ်ကျေးစွာ ပြောလိုက်၏။
တစ်ဖက်လူက ယဉ်ယဉ်ကျေးကျေး ပြောဆိုနေသောကြောင့် ရဲ့ချန်ကလည်း ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်ခြင်း ဖြစ်သည်။
“ ခင်ဗျားမှာ ပိုင်ရှင်နဲ့တွေ့ဖို့ ရက်ချိန်းယူထားတာ ရှိလား “ အစောင့်က ရဲ့ချန်ကို အိမ်ပိုင်ရှင်နှင့် ရက်ချိန်းယူထားခြင်း ရှိမရှိ မေးမြန်းလိုက်၏။
“ မရှိဘူး၊ ဒါပေမဲ့ ဒီအိမ်ရဲ့လိပ်စာကိုတော့ ကျုပ်ကို ပေးထားတယ်၊ ခင်ဗျားတို့ရဲ့ အိမ်ပိုင်ရှင်ကို ဒါလေး ပြကြည့်လိုက်ပါ “ ရဲ့ချန်က အိမ်လိပ်စာကို အစောင့်အား ပေးလိုက်သည်။ ယင်းက အကူအညီ ဖြစ်ကောင်း ဖြစ်နိုင်သည် မဟုတ်ပါလား။
အစောင့်က ရဲ့ချန်ပေးသည့် လိပ်စာကို လက်ခံလိုက်၏။ “ ခဏလောက် စောင့်ပါ၊ ကျုပ် အိမ်ပိုင်ရှင်ကို သွားမေးကြည့်ပါ့မယ် “ အစောင့်က အိမ်ထဲသို့ ချက်ချင်း ပြေး၀င်လာခဲ့သည်။
ထို့နောက် သူက ရဲ့ချန်၏တည်ရှိမှုကို အတည်ပြုရန် အိမ်ပိုင်ရှင်အား လှမ်းခေါ်လိုက်တော့သည်။
ရဲ့ချန်က မိနစ်အနည်းငယ်ခန့် စောင့်လိုက်ရ၏။ နောက်ဆုံးတော့ အစောင့်က အိမ်ထဲမှ ပြန်ထွက်လာပြီ ဖြစ်သည်။
ထို့နောက် အစောင့်က တံခါးမကြီးကို ဖွင့်ပေးလိုက်သည်။ “ သခင်လေး ခင်ဗျာ့၊ အိမ်ပိုင်ရှင်က အထဲမှာ စောင့်နေပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါ “ အစောင့်၏အမူအရာက ယခင်ကထက် ပိုမို ရိုကျိုးလာသည်။
ရဲ့ချန်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထို့နောက် သူသည်လည်း အစောင့်၏နောက်ကနေ အိမ်ထဲသို့ လိုက်၀င်လာတော့သည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now