အခန်း (၆၈) မျက်နှာဖုံး၏ နောက်ကွယ်က အလှတရား

295 22 0
                                    

ရဲ့ချန်က သုခွန်ကို တိုက်ခိုက်လိုက်သောလူကို ထွက်လာရန် အော်ပြောလိုက်သည်။ သို့သော် ထိုလူက ထွက်လာမည့်အရိပ်အယောင် မပေါ်ပေ။

" ဟေ့လူ... ခင်ဗျား ဂိုထောင်နောက်မှာ ပုန်းနေတယ်ဆိုတာ ကျုပ် သိတယ်နော်။ ဘာဖြစ်လို့ ထွက်မလာသေးတာလဲ " ထိုအခါမှ ပုန်းကွယ်နေသောသူလည်း ထွက်လာတော့သည်။

ပုန်းကွယ်နေသောသူ ထွက်လာသောအခါ ရဲ့ချန် အနည်းငယ် အံ့အားသင့်သွားသည်။ ရဲ့ချန်က မိန်းကလေးတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည် မဟုတ်ပါလား။ ထို့အပြင် သူမ​၏အဆင့်ကလည်း ရဲ့ချန်ထက် မြင့်ကောင်းမြင့်နိုင်သည်။ သူမ​၏ဖုံးကွယ်ရေးကျင့်စဉ်ဖြင့်ဆိုလျှင် သူမနှင့် အဆင့်တူအချင်းချင်းလူတွေတောင် သူမ​၏မူလအဆင့်ကို မြင်နိုင်ရန် ခက်ခဲလှပေသည်။

နောက်ဆုံးမှာတော့ ထိုမိန်းကလေးက ရဲ့ချန်ရှေ့သို့ ရောက်ရှိလာသည်။

မိန်းကလေးက ကောင်းကင်ပေါ်မှ ဆင်းသက်လာသော အဖြူရောင်ဖီးနစ်ပုံစံ အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသည်။ သူမ​၏အသားအရည်က နှင့်ကဲ့သို့ ဖွေးဖွေးဖြူနေပြီး ခန္ဓာကိုယ် ကောက်ကြောင်းများကလည်း အချိုးအစားကျလှသည်။ ထို့အပြင် ဆံနွယ်ရှည်ကြီးများကို ဖားလျားချထားပြီး မျက်လုံးလေးများမှာလည်း စင်ကြယ်သော သလင်းကျောက်လေးနှယ် အပြာရောင်များ ယှက်သန်းနေသည်။ ကံမကောင်းစွာ မိန်းကလေးက မျက်နှာဖုံးတစ်ခုအား ဝတ်ဆင်လာခဲ့သည်။ ထို့ကြောင့် ရဲ့ချန်က သူမ​၏မျက်နှာကို မမြင်ရတော့ပေ။

ရဲ့ချန်က သူမ​၏မျက်နှာကို မမြင်ရသော်လည်း သူမက အလွန်လှပလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းမိသည်။

" အဟမ်း... ဒါက မိန်းမချောလေးတစ်ယောက် ဖြစ်နေတာကိုး။ ကျုပ်ကို ကူညီတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် " ဤမိန်းကလေးက မည်မျှပင် ကျက်သရေရှိလိုက်ပါသနည်း။ ရဲ့ချန်က သူမကို အလျန်အမြန် ကျေးဇူးတင်စကားပြောပြီး နုတ်ဆက်လိုက်တော့သည်။

" ရှင် ကျွန်မ ပုန်းနေတဲ့နေရာကို ဘယ်လို ရှာတွေ့ခဲ့တာလဲ " မိန်းကလေးအသံက ရေခဲတုံးတမျှ အေးစက်နေသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now