အခန်း (၇) သစ်တောထဲက အကြမ်းဖက်သမား

584 62 0
                                    

ပို့ဆောင်ဆက်သွယ်ရေးကျောက်တုံးက နတ်ဘုရားနယ်ပယ်မှာ အတော်စျေးကြီးတဲ့ ပစ္စည်းတစ်ခုပါ။ ထိုကျောက်တုံးက လူတစ်ယောက်အား သူသွားချင်တဲ့နေဆီ ချက်ချင်းပို့ဆောင်ပေးပါတယ်။ သို့သော် သူ့ရဲ့ဦးတည်ရာပန်းတိုင်အထဲက အနီးအနား နေရာတွေ၏ ကိုဩဒိနိတ်တွေကိုတော့ ကြုံသလိုပဲ ဖော်ပြပေးပါတယ်။

ရဲ့ချန်ရဲ့မျက်စိရှေ့မှာတော့ သစ်ပင်အမြောက်အများရဲ့မြင်ကွင်းကို တွေ့ရမှာပါ။ " နောက်ဆုံးမှာတော့ ဒီအချိန်တွေ အကုန်လုံးပြီးဆုံးပြီး ဒီနေရာကို ပြန်လာခဲ့ပြီ..." ရဲ့ချန် ကမ္ဘာကြီး​၏အငွေ့အသက်ကို ခံစားလိုက်ပြီး အသက်ကို နင့်နင့်သီးသီး ရှူရှိုက်လိုက်ပါတယ်။

ကမ္ဘာပေါ်မှာ စွမ်းအင်တွေက အလွန်နည်းပါတာတောင်မှ သန့်စင်သောစွမ်းအင်တွေရှိနေတဲ့ နေရာတွေကတော့ ရှိနေဆဲပါ။ ထိုနေရာတွေကို ညစ်ညမ်းနေသောပတ်ဝန်းကျင်က မညစ်ညမ်းစေနိူင်ပါဘူး။ ပြီးတော့ လူတစ်ဦးက အရှင်သခင်အဆင့်ထိရောက်အောင် ထိုနေရာတွေမှာ လေ့ကျင့်နိူင်ပါလိမ့်မယ်။

ရဲ့ချန် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သာမန်အမြန်နှုန်းဖြင့် ပျံသန်းသွားပါတယ်။ သူသိသော တန်ဖိုးကြီးဆေးဖက်ဝင်အပင်များကိုလည်း သစ်တောထဲမှာ မပျက်မစီးဘဲ ရှိနေသေးသည်။

ရဲ့ချန်​၏မျက်စိရှေ့သို့ သူနဲ့ရင်းနှီးသောပုံရိပ်တစ်ခုက ဖြတ်ဝင်လာသည်။ ထိုအရာက ရဲ့ချန် ရွာမှာနေစဉ်အခါက သူအနှစ်သက်ဆုံးအစားအစာဖြစ်တဲ့ တောင်ရိုင်းကြက်တစ်ကောင်ပဲ ဖြစ်ပါတယ်။ ထိုကောင်က ဖမ်းရအတော်ခက်ပါတယ်။ အဘယ့်ကြောင့်ဆို ထိုကြက်တွေရဲ့ အပြေးနှုန်းက အလွန် မြန်ဆန်တဲ့အတွက် ကြောင့်ပါ။ ထောင်ချောက်မပါဘဲ ထိုကြက်တွေကို ဖမ်းဖို့ဆိုတာက အတော်မလွယ်တဲ့ ကိစ္စပါ။

အခုတော့ ရဲ့ချန်က ထောင်ချောက်တွေတစ်ခုမှသုံးဖို့ မလိုအပ်တော့ပါဘူး။ ရဲ့ချန် မူလနေရာမှ ပျောက်ကွယ်သွားပြီး တောင်ရိုင်းကြက်ဖ​၏အနောက်ဘက်၌ ရုတ်တရက် ပေါ်လာကာ ထွက်ပြေးဖို့ ကြိုးစားနေသော တောင်ရိုင်းကြက်ဖ​၏ခြေထောက်ကို ဆုပ်ကိုင်လိုက်ပါတယ်။ တောင်ရိုင်းကြက်ဖမှာ အစာရှာဖို့ အချိန်မရှိတော့ပါဘူး။ ဖမ်းမိပြီးမှတော့ ထွက်ပြေးဖို့ စဉ်းတောင်မစဉ်းလေနှင့်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now